Up to 20% OFF

Seoul Garden မှာ ဟော့ပေါ့ ဘူဖေးဒိတ်ရင်း 10% Discount အပြင် ရွှေသားကံစမ်းကြမယ်

August 8, 2023

အရသာရှိတဲ့ ကိုရီးယားစတိုင် ဟော့ပေါ့နဲ့ BBQ အကင် နှစ်မျိုးလုံးကို တစ်နေရာတည်းမှာ အဝစားလို့ရတဲ့ Seoul Garden ရဲ့ Happy Hour ပရိုမိုရှင်းလေးကို မျှဝေပေးချင်ပါတယ်။  Seoul Garden ဆိုင်က စင်ကာပူအခြေစိုက်ဖြစ်ပြီး Halal ကိုရီးယားအစားအသောက်တွေကို မြည်းစမ်းနိုင်ပါတယ်။ 

ဟော့ပေါ့ဘူဖေးမှာဆိုရင် သန့်ရှင်းလတ်ဆတ်ပြီး နူးညံ့တဲ့ Import အသား၊ ငါး၊ ပင်လယ်စာ၊ အသားလုံးတွေနဲ့ အသီးအရွက်မျိုးစုံ ရှိတာကြောင့် အရသာပြီးပြည့်စုံတဲ့ Soup အရည်ထဲ ထည့်ပြီး မိုးအေးအေးလေးမှာ စားလိုက်ရရင် ထိမိဂွိနေမှာပါ။  

ဒါ့အပြင် Side Dishes များ၊ အချိုပွဲများကိုလည်း အကန့်အသတ်မရှိ စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်။ Seoul Garden မှာ နှပ်ထားတဲ့ အသားလွှာတွေက ဘာကြောင့်တခြားအရသာတွေနဲ့ မတူတာလဲဆိုတော့ Singapore နိုင်ငံကလာတဲ့ Marinated Sauce တွေကို နာမည်ကြီး Chef တွေက အရသာထိထိမိမိနဲ့ အသားထဲ စိမ့်ဝင်နေအောင် နှပ်ပေးထားတာကြောင့် တစ်ခါစားဖူးရုံနဲ့ ထပ်ခါထပ်ခါ စားချင်လောက်အောင် စွဲဆောင်နိုင်ပါတယ်။ အသားလွှာတွေကို ရှယ်ကင်ပြီး ဆလပ်ရွက်လေးနဲ့ ပူပူ‌နွေးနွေး ထုပ်စားတဲ့အခါ မိုးရာသီနဲ့ လိုက်ဖက်ပြည့်စုံတဲ့ ခံစားမှုကို ရရှိစေမှာပါ။

Advertisement

Click Here > Super Shine Trading (Food)

Hotpot စားမယ်ဆိုရင် Soup အရသာကောင်းဖို့ကလည်း အဓိကအရေးအပါဆုံးဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် ရွေးချယ်စရာ Soup (၅) မျိုးတောင်ရှိပြီး အချိုကြိုက်သူများအတွက် Ginseng Abalone Soup နဲ့ Milky Fish Soup၊ အစပ်ကြိုက်သူများအတွက် Kimchi Doenjang Soup၊ Kimchi Jjigae Soup နဲ့ Tom Yum Soup တို့ရွေးချယ်လို့ရပါတယ်။

- ကိုရီးယားဂျင်ဆင်းအရသာနဲ့ အာဟာရဖြည့်စွက်ဖို့ အကောင်းဆုံး Ginseng Abalone Soup

- နို့စိမ်းအရသာ ချိုချိုစိမ့်စိမ့်လေးနဲ့ ငါးအရသာပါဝင်ပြီး ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ Milky Fish Soup

- ကင်မ်ချီချစ်သူများအတွက် အရသာထိမိနေပြီး အစပ်ကြိုက်သူများ စားသုံးသင့်တဲ့ Kimchi Doenjang Soup 

- ချဉ်ချဉ်စပ်စပ်နဲ့ ကင်မ်ချီ နှစ်မျိုးပေါင်းစပ်ထားတဲ့ ထူးကဲအရသာနဲ့ Kimchi Jjigae Soup 

- လူကြိုက်များတဲ့ ချဉ်ချဉ်စပ်စပ် တုန်ယမ်းအရသာနဲ့ အကောင်းမွန်ဆုံး Tom Yum Soup တို့ပဲဖြစ်ပါတယ်။

ဟော့ပေါ့သီးသန့်ကြိုက်သူတွေအတွက် သန့်ရှင်းလတ်ဆတ်ပြီး အမျိုးအစားစုံလင်တဲ့ Hotpot Buffet ဒါမှမဟုတ် အကင်နဲ့ ဟော့ပေါ့ နှစ်မျိုးလုံး ကြိုက်သူတွေအတွက် Standard Buffet ကို ဩဂုတ်လ (၈) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ နေ့လည် (၁၁)နာရီမှ ညနေ (၅)နာရီအတွင်း Seoul Garden မှာ သွားရောက်သုံးဆောင်ပါက 10% Discount ရရှိမှာဖြစ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ စျေးနှုန်းတွေက Discount မချရသေးတဲ့ စျေးနှုန်းတွေပါ။ 

Grill & Hotpot Buffet (Standard) - 39,500Ks+

Hotpot Buffet Package A  - 23000 Ks+

Hotpot Buffet Package B  - 27000 Ks+

အသက် ၄ နှစ်အောက် ကလေးတွေအတွက် ဘူဖေးကို 100% ဖရီး စားသုံးခွင့်ရမှာဖြစ်ပြီး အသက် ၄ နှစ်နဲ့ ၁၀ နှစ်ကြား ကလေးတွေအတွက် မူရင်းစျေးရဲ့ 50% သာ ပေးရပါမယ်။ ဘူဖေးအချိန်ကိုတော့ (၂) နာရီ သတ်မှတ်ပေးထားပါတယ်။

ဩဂုတ်လ မွေးနေ့ရှင်တွေအတွက်လည်း ပရိုမိုးရှင်း ရှိပါတယ်။ သူငယ်ချင်းလေးယောက်လာ သုံးယောက်စာရှင်းပြီး မွေးနေ့ရှင်က 100% ဘူဖေးဖရီးစားရမယ့် အခွင့်အရေးပါ။ မွေးလ တစ်လလုံးစာအတွက် ပေးထားတဲ့ ပရိုမိုးရှင်းလေးဖြစ်တာကြောင့် ‌မွေးလအတွင်း ဘယ်နှရက် ဘယ်နှကြိမ်ဖြစ်ဖြစ် စိတ်ကြိုက် သွားစားလို့ရပါတယ်။

ဒါ့အပြင် (၁၇-၇-၂၀၂၃) မှ (၂၀-၉-၂၀၂၃) အထိ ရွှေသားကံစမ်းမဲ အစီအစဉ်ကြီးကို Seoul Garden မှာ ဘူဖေးလာရောက်သုံးဆောင်သူတိုင်း Voucher တစ်စောင်ကို တစ်ကြိမ်ကံစမ်းခွင့် ရရှိမှာပဲဖြစ်ပါတယ်။ ပါဝင်တဲ့ ဆုမဲတွေကတော့ - 

ပထမဆု - ရွှေငါးမူးသား

ဒုတိယဆု - ရေခဲသေတ္တာတစ်လုံး

တတိယဆု- Seoul Garden မှာ (၄) သိန်းဖိုး စားသုံးခွင့်ကူပွန် 

စုစုပေါင်း ကံထူးရှင် (၃) ဦးကို (၂၁-၉-၂၀၂၃) မှာ Live လွှင့် ရွေးချယ်မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

09 770 118 887

No.238, ERC Condominium, East Horse Race Course Road, Tamwe Township, Yangon

FB Link - https://www.facebook.com/seoulgardenyangon


Read 398 times.