Eating Tips

ရန်ကုန်မြို့ရဲ့လူကြိုက်များသည့်seafoodဆိုင်များ

March 17, 2020

Seafood ဆိုင်ကောင်းလေးတွေကြောင့် seafood ကိုကြိုက်နှစ်သက်တဲ့သူတွေဟာ ယခင်ကထက် ပိုမိုများပြားလာခဲ့ပါတယ်။ မတူညီတဲ့ အရသာအသစ်အဆန်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်ဖို့အတွက် ဆိုင်ကောင်းကောင်းလေးတွေကို သိဖို့ကလည်း အရေးကြီးပါသေးတယ်။ဒါ့ကြောင့် seafood သီးသန့်ကိုမှ စားချင်ပါတယ်ဆိုသူတွေကတော့ ဒီဆိုင်လေးတွေကို သွားစားကြည့်သင့်ပါတယ်နော်။


1. Sate Kyaik Seafood
Sate Kyaik Seafood ကတော့ ၂၀၁၅ ခုနှစ်ထဲကရန်ကုန်မြို့မှာ ပထမဦးဆုံး Modern Seafood တွေ့ကို ရောင်းချခဲ့တဲ့ seafood ဆိုင်ဘဲ ဖြစ်ပါတယ်။ ပင်လယ်စာတွေဆိုလည်း အမြဲလတ်ဆတ်နေပြီး ဟင်းပွဲတွေကလည်း ပွဲကြီး ပွဲသေးမျိုးစုံရပါတယ်။ ဒါ့အပြင် Seafood နဲ့ပက်သက်ရင် ရခိုင်၊မြန်မာ၊ယိုးဒယား၊တရုတ် စတဲ့ အရသာမျိုးစုံကို ရနိုင်တာဘဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးကိုရောက်ရင် လူတိုင်းနီးပါးစားဖြစ်တဲ့ Boiling Seafood ဆိုတဲ့ ဟင်းပွဲလေးဖြစ်ပြီး ပင်လယ်စာအစုံကို ခေါက်ဆွဲနဲ့အရည်ပူပူလေးကိုမှ ချဉ်စပ်အရသာလေးအပြင် ဟင်းပွဲdesign လေးကလည်း ဘယ်ဆိုင်မှာမှ မရှိသေးတဲ့ပြင်ဆင်ပုံလေးပါ။ ၁၉၀၀၀ ကျပ်နဲ့ လူလေးယောက်လောက်အေးဆေးစားသုံးနိုင်မဲ့ ဟင်းပွဲဆိုလည်း မမှားပါဘူး။ Seafood တွေနဲ့ပက်သက်လာရင် အသစ်အသစ်တွေကိုဘဲ တီထွင်ဖန်တီးခဲ့တဲ့ Sate Kyaik Seafood ကတော့ ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေစတင်ပြီး ယနေ့ထိ လူကြိုက်များတဲ့ Seafood ဆိုင်အဖြစ်ရပ်တည်လာခဲ့တာဘဲ ဖြစ်ပါတယ်။ 

Image may contain: food and indoor


Sate Kyite Seafood Restaurant
 Address ~ အမှတ် ၄၇ (B) ရှင်စောပုလမ်း စမ်းချောင်းမြို့နယ်
 Phone - 09260800500 or 09768767690
Food2u, Yangonity Food Delivery ,Food Mall တို့ဖြင့်လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

2. The Boiling Shrimp Myanmr
၂၀၁၈ ခုနှစ်ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ Boiling shrimpဆိုတဲ့ ပင်လယ်စာဆိုင်လေးကတော့ ပုစွန်ပုံး၊ဂဏန်းပုံး၊ပင်လယ်စာလှေ၊ ပင်လယ်စာဂေါ်ပြား အစရှိတဲ့ဟင်းပွဲတွေရဲ့ အရသာထူးကဲပြီး ပြင်ဆင်မှုထူးခြားတဲ့ပင်လယ်စာဟင်းလျာတွေနဲ့ သင့်တင့်တဲ့ဈေးနှုန်းတွေကြောင့် လူကြိုက်များနာမည်ကြီးတဲ့ ဆိုင်လည်းဖြစ်ပါတယ်။ ပင်လယ်စာဟင်းပွဲတွေထဲကမှ ရောင်းအားအကောင်းဆုံးဟင်းပွဲကတော့ ပင်လယ်စာဂေါ်ပြားဘဲ ဖြစ်ပါတယ်။ ပင်လယ်စာဂေါ်ပြားထဲမှာ ပန်းဂဏန်း၊ရေချိုပုစွန်၊ကျားပုစွန်၊ရေဘဝဲ၊ဂုံးယောင်းမနဲ့ ဂုံးချောတို့ပါဝင်ပြီး seafood marsalar sauce, Tamarind sauce, Lemon Pepper sauce, Mala sauce ဆိုပြီး နှစ်သက်ရာဆော့စ်ကို ရွေးချယ်လို့ရပါတယ်။ ပြီးရင်တော့ seafood ဂေါ်ပြားဆိုတဲ့ အတိုင်း ဂေါ်ပြားအကြီးကြီးထဲမှာ seafood ဟင်းပွဲကို ထည့်ထားတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် Seafood အရသာဟင်းပွဲတွေနဲ့ လိုက်ဖက်တဲ့ အအေးတွေကိုလည်း free ပေးထားပါသေးတယ်။

Image may contain: food

 

The Boiling Shrimp Myanmar 
ဆိုင်ခွဲ (၁)
 ဆိုင်လိပ်စာက - ၂၆ A အောင်ဇေယျလမ်း ရန်ကင်းမြို့နယ်
 ဖုန်းနံပါတ်က - 09799472743
 Mon - Sun 11 am to 11 pm
ဆိုင်ခွဲ (၂)
 ဆိုင်လိပ်စာ - စလုံး (၇) စမ်းချောင်းလမ်း စမ်းချောင်းမြို့နယ်
 ဖုန်းနံပါတ် - 09699953330
 Mon - Sun 11 am to 10 pm

3. Seafood Paragon
Seafood အကောင်ကြီးကြီးတွေကိုမှ စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားသင့်ပါတယ်။ Seafood Paragon ကတော့ King Crab, Spanner Crab, Mud Crabs, Sea Crab အကောင်ကြီးတွေကို အရသာမျိုးစုံနဲ့ စားလို့ရနိုင်တဲ့ ဆိုင်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆိုင်လေးရဲ့ လူကြိုက်များတဲ့ Big ဗန်းဆိုတဲ့ ဟင်းပွဲလေးတစ်ခုရှိတယ်။ ဟင်းပွဲထဲမှာ  ပုဇွန် နဲ့ ဂုံး အဓိက အများကြီးပါတယ်။ Spanner Crab ၁ ကောင်၊ ဂဏန်း ၄ကောင် ပါဝင်ပါတယ်။ ရေဘဝဲ နဲ့ ပြည်ကြီးငါး နည်းနည်းစီပါပါတယ်။ အဲ့ဒီ့ Big ဗန်းရဲ့ အသက်က ဟင်းပွဲထဲမှာပါဝင်တဲ့ Spanner Crabနဲ့ ဟင်းအနှစ်ဘဲ ဖြစ်ပါတယ်။ Big ဗန်းရဲ့ အနှစ်လေးကို ထမင်းနဲ့ နယ်စားတာကလည်း အရမ်းကောင်းပြီး လူကြိုက်များတာဖြစ်ပါတယ်။ Big ဗန်းအတွက် ဈေးနှုန်းက ၃၅၀၀၀ ဖြစ်ပြီး လူ ၅ ယောက် ၆ ယောက်လောက် အေးဆေးစားလို့ရပါတယ်နော်။

Image may contain: food

 

Seafood Paragon
ဆိုင်လိပ်စာကတော့- အမှတ် ၃၁/က အောင်ဇေယျလမ်း ရန်ကင်းမြို့နယ်။
Phone Number- 09 798 668 445

4.စားတော်ပွဲ Seafood & Rakhine Cuisine
ဒီဆိုင်လေးကတော့ ပင်လယ်စာစုံစုံလင်လင်ရနိုင်တဲ့အပြင် အရသာကောင်းမွန်ပြီး ဈေးနှုန်းတန်တန်ဟင်းပွဲလေးတွေကြောင့် လူကြိုက်များနာမည်ကြီးတဲ့ ဆိုင်လေးလဲ ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများတောင် ဒီဆိုင်လေးကို မကြာခဏသွားစားတတ်ကြပါတယ်။ ဒီဆိုင်လေးမှာ လူကြိုက်များတဲ့ ဟင်းပွဲလေးတွေကတော့ Seafood Pad Thai Platter , Seafoodအစုံထောင်း,Seafood ခေါက်ဆွဲဒယ် , King size Seafood Tray , အဏ္ဏဝါလင်ဗန်း စတဲ့ ဟင်းလျာတွေကတော့ လူကြိုက်များလှပါတယ်။ ရွေးချယ်စရာMenu တွေကလည်း တော်တော်များပါတယ်။ 

Image may contain: food

 

Shop(1)
အမှတ်၉၂၊ ရွှေတောင်တန်းလမ်း အလယ်ဘလောက် (၁၄လမ်းနဲ့ ၁၅လမ်းကြား) လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Phone Number-09 775732137
Shop(2)
အမှတ် (A+B) မေဥယျာဉ်အိမ်ယာ၊
ရတနာလမ်းမကြီး (ကျိုက္ကဆံဘုရားဘေး) ၊သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်။
Phone Number- 09 776477755

5. The Seaside Taste
Seafood ဟင်းပွဲကောင်းကောင်းလေးတွေအတွက် The Seaside Taste ဆိုင်လေးကလည်း မမေ့သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ပင်လယ်စာအစုံဗန်းကြီးတွေအပြင် Menu ပေါင်း ၂၀၀ ကျော်တောင်ရှိသေးတယ်။ ဒါ့အပြင် ဆိုင်လေးက ကန်တော်ကြီးထဲမှာ ဖွင့်ထားတာဆိုတော့ မုန့်စားရင်း စကားလည်းအေးဆေးပြောရင်း လေညှင်းလေးလဲခံလို့ရသေးတယ်။ seafood အစုံချဉ်စပ်ချက်၊ seaside မိသားစုထောင်း၊ Seafood အကင်စုံ၊ ကင်းမွန်ချဉ်စပ်ထောင်းလေးတွေကလည်း ဆိုင်ရဲ့ လူကြိုက်များတဲ့ ဟင်းပွဲလေးတွေဘဲ ဖြစ်ပါတယ်။ 

Image may contain: food

 

The Seaside Taste
လိပ်စာကတော့- ကန်တော်ကြီး၊ ကရဝိတ်ဥယျာဉ်ကမ္ဘာ နတ်မောက်လမ်း တာမွေ waterpark ဝင်ပေါက်နဲ့နီးပါတယ်။
Phone Number- 09799928128

Seafood ကြိုက်နှစ်သက်တဲ့ သူတွေဆိုရင်တော့ ဒီဆိုင်လေးကို ရောက်အောင်သွားကြည့်ပြီး မတူညီတဲ့ အရသာ အသစ်သစ်တွေကို ခံစားကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ 


 


Read 1150 times.
1 Review

Reviews

Chit Wine | March 2020
ရန်ကုန်မြို့ရဲ့လူကြိုက်များသည့်seafoodဆိုင်များ

တော်သေးတယ် restaurantguidemyanmar ရှိနေလို့ပဲ မဟုတ်ရင် ဘယ်ဆိုင်သွားစားရမှန်း သိမှာတောင်မဟုတ်ဘူး

Did you find this review helpful?

0