Eating Tips

Saigon Baguette Cafe

November 19, 2019

Saigon Baguette Café ဆိုင်ကို ရန်ကုန်မြို့တွင် ၂ ဆိုင် ဖွင့်လှစ်ထားပါတယ်။

ပထမဆိုင်ခွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ နဝဒေးလမ်းတွင် ဖွင့်လှစ်ထားပြီး ဒုတိယဆိုင်ခွဲကို မြန်မာပလာဇာ၊ တတိယထပ်တွင် ဖွင့်လှစ် ထားပါတယ်။

Saigon Baguette Café ဆိုင်တွင် လူကြိုက်အများဆုံး ပြင်သစ် အသားညှပ်ပေါင်မုန့်သည် ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းပြီး ဆလပ်ရွက်၊ သခွားသီး၊ မုန်လာဥအနီ၊ မုန်လာဥအဖြူ၊ ကြက်သွန်နီ၊ နံနံပင်တို့ ပါဝင်သည့် အတွက်  စားရတာ အရသာရှိပြီး လတ်ဆတ်မှုရှိပါတယ်။

စားသုံးသူများအတွက် အဆီအစိမ့်ရှောင်ချင်တဲ့သူများနှင့်လည်း အထူးသင့်လျော်ပါတယ်။ သတ်သတ်လွတ်စားချင်သူများအတွက် သတ်သတ်လွတ်ပေါင်မုန့်လည်းရှိပါတယ်။ ၎င်းအပြင် ဗီယက်နမ် ကော်ဖီနှင့် ကော်ပြန့်စိမ်းကိုလည်း Saigon Baguette Café ဆိုင်တွင် ရပါတယ်။

သစ်သီးဖျော်ရည်သုံးဆောင်ချင်သူများအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဗီတာမင်ဓာတ်ပါသော သစ်သီးမျိုးစုံဖျော်ရည်ကိုလည်း ဆိုင်တွင် ရနိုင်ပါတယ်။

အသားညှပ်ပေါင်မုန့်တစ်ပွဲ၏ ဈေးနှုန်းမှာ ၄၀၀၀ ကျပ်မှစပြီး အစားစားရှိပါတယ်။ ပေါ့ပေါ့ပါးပါးနှင့် မြန်မြန်ဆန်ဆန် စားချင်သူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဆိုင်ခွဲ - ၁ ကို 11-A, နဝဒေးလမ်း၊ ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားပြီး ဆိုင်ဖွင့်ချိန်မှာ နံနက် ရး၃၀ နာရီမှ ည ရး၃၀ အထိဖြစ်ပါတယ်။

ဆိုင်ခွဲ - ၂ ကို မြန်မာပလာဇာ၊ တတိယထပ်တို့တွင် ဖွင့်လှစ်ထားပါတယ်....

၀၉-၉၆၂၁၉၉၁၁၃


Read 156 times.