Eating Tips

ရန်ကုန်မြို့ထဲက Romantic ဆန်ဆန် နဲ့ ဓာတ်ဖမ်းလို့ကောင်းတဲ့ဆိုင်(၅)ဆိုင်

February 10, 2020

ဒီဆိုင်လေးတွေက Romantic ဆန်ဆန်လေးတွေဆိုတော့ ချစ်ရသူတွေနဲ့ Dating အတွက်ပဲဖြစ်ဖြစ်၊ Valentine's Day (ချစ်သူများနေ့) ပဲဖြစ်ဖြစ် သွားမယ်ဆိုရင် အဆင်ပြေမယ့် ဆိုင်လေးတွေပါ.. ဒါအပြင် ဆဲဖ်ဖီ သမားတွေ၊ အေးအေးဆေးဆေးသမားတွေ ဆိုရင်လည်း အဆင်ပြေမှာပါ..

ရန်ကုန်မှာ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များစွာ ပေါများလှသလို၊ ဒီလို Romantic ဆန်ဆန်ဆိုင်လေးတွေ ဆိုရင်လည်း အတော်အသင့် များပြားစွာရှိပါတယ်.. ဒီထဲကမှ ယခုဖော်ပြထားတဲ့ ဆိုင်လေးတွေက တစ်မျိုးတဖုံ ထူးခြားမှုလေးတွေ ရှိပါတယ်..

ယခု Romantic ဆန်ဆန် ဆိုင်လေး(၅)ဆိုင်ကိုဖော်ပြပေးလိုက်တယ်နော်..

..

1 ~ I-Tea 

..
Kim Pot ကို အဓိကရောင်းပြီး Bubble Tea လေးတွေလည်းမျိုးစုံရတယ်။ ဆိုင်လေးကတော့ ဓာတ်ဖမ်းလို့ကတော့ ရှယ်ဘဲ။ အတွဲတွေအတွက် သော့လေးတွေကို နံရံမှာချိတ်ပြီး Ro လို့ရသေးတယ်။ 

..
Address- No 35, Sint Oh Dan street, Latha Township, Yangon.
Phone Number- 09 970 731 175

....................

2 ~ CAFÉ DEL SeOUL

..
European Food တွေတော်တော်များများရတယ်။ ဆိုင်ရဲ့ Decorations လေးတွေ ပြင်ထားတာလေးက Romatic ဆန်ဆန်လေး။ အစားအသောက်တွေ ဆိုရင်လည်းပုံစံလှလှလေးတွေနဲ့မို့ ဒီဆိုင်လေးကိုလည်း တစ်ခါလောက်တော့ သွားကြည့်သင့်ပါတယ်နော်။

..
Address- Golden City Condominium Yankin Road ,Yankin Township, Yangon.
Phone Number- 09 971 993 711

....................

3 ~ MQ Bubble Tea 29 st

..
ဆိုင်လေးထဲကို ဝင်သွားတာနဲ့ ပန်းရောင်ကမ္ဘာလေးထဲ ရောက်သွားသလိုကို ခံစားရမှာ။ဆိုင်တဆိုင်လုံးကို ပန်းရောင်တွေနဲ့ အလှဆင်ထားပြီး Flamingo အရုပ်လေးတွေ အများကြီးလည်းရှိတယ်။ စားစရာလည်း တော်တော်လေးစုံတဲ့ အပြင် ဈေးလေးတွေကလည်းတန်တယ်။

..
Address- No 249, 29 street(upper block) Yangon.
Phone Number-09 750 131 925

.....................

4 ~ L’Opera Italian Restaurant & Bar –Yangon

..
ဆိုင်လေးက ရေကန်ရဲ့ဘေးလေးမှာ ဖွင့်ထားပြီး မြင်မြင်ရသမျှက စိမ်းစိမ်းစိုစိုလေးတွေနဲ့ သဘာဝအလှတရားကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ Italian Restaurant ဖြစ်တဲ့အတွက် Itailan Food တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အဆင်ပြေမဲ့ဆိုင်လေးပါ။

..
Address- 62 D, U Tun Nyein Street, Mayangone Township, Yangon.
Phone Number- 09 730 307 55

......................

5 ~ The Brunch Society 

..
ဒီဆိုင်လေးကတော့ Classic ဆန်ဆန် Decorations လေးတွေနဲ့ အလှဆင်ထားပြီး စကားအေးဆေးပြောပြီး Date ချင်တဲ့  သူတွေအတွက် အဆင်ပြေမဲ့ဆိုင်လေးပါ။

..
Address- 33B, Pyithaungzu Yeikthar Street, Dagon Township, Yangon.

Phone Number- 09 960 359701

..

..
ဒီဆိုင်လေးတွေကို ချစ်ခင်ရသူတွေနဲ့ သွားရောက်ပြီး ကြည်နူးပျော်ရွှင်ဖွယ် အချိန်လေးတွေကို ဖန်တီးလိုက်တော့နော် ...


 


Read 653 times.