Easy Recipes

အလွယ်ကူဆုံးနည်းနဲ့ အပ်မှို ချဉ်စပ်ကို အိမ်မှာ လုပ်စားကြမယ်

December 19, 2020

အပြင်အစားအစာတွေ Ready Madeတွေကို မစားချင်တော့လို့ အစားအသောက်အသစ်အစမ်းလေးတွေကို ရှာနေတဲ့ သူတွေအတွက် လုပ်ရတာ အရမ်းလွယ်ကူပြီး စားလို့ကောင်းတဲ့ နည်းတစ်ခုကို မျှဝေချင်ပါတယ်။ 

အဲ့တာကတော့ အပ်မှိုချဉ်စပ် ဖြစ်ပါတယ်။ အရသာက ချဉ်စပ်လေးနဲ့ တော်တော်ကို စားလို့ ကောင်းပါတယ်။ ပိတ်ရက်တွေ အိမ်မှာနေရတာ ပျင်းရင် လုပ်စားကြည့်ဖို့ အသင့်တော်ဆုံးပါပဲ။ လုပ်ရတာ လက်မဝင်သလို လွယ်ကူလျင်မြန်ပြီး အရသာက ရှယ်မှ ရှယ်နော်။ ကဲ ဒါဆို လုပ်နည်းလေးကို ပြောပြလိုက်တော့မယ်။

အပ်မှို ချဉ်စပ်

Image may contain: food

ပထမဆုံးအနေနဲ့ အပ်မှိုကို အညစ်အကြေးတွေ ချွေပြီး ရေဆေးထားပါ....

No photo description available.
ပွက်ပွက်ဆူနေတဲ့ ရေထဲထည့်ပြီး ၂မိနစ်လောက်ပြုတ်ပေးပါ...

Image may contain: food
ပြီးရင် ပန်းကန်ပြား တစ်ချပ်ထဲ စီထည့်ထားပါ

Image may contain: food

  • ကြက်သွန်ဖြူ အနည်းငယ်ကို ညက်ညက်စင်းထားပါ
  • ငရုတ်သီးစိမ်း အနီရောင် ၅တောင့် ကိုလည်း ဖြတ်ထားပါ
  • ဆား တစ်ဇွန်းခွဲ (လက်ဖက်ဇွန်း)
  • သကြား ၂ဇွန်း (လက်ဖက်ဇွန်း)
  • ပဲငံပြာရည် အကြည်တစ်ဇွန်း (ထမင်းစားဇွန်း)
  • ရှာလကာရည် ၂ဇွန်း (ထမင်းစားဇွန်း)
  • နမ်းလှော်တစ်ဇွန်း (လက်ဖက်ဇွန်း)
  • ငရုတ်ဆီနီမွှေးကို အဖက်ပါ တစ်ဇွန်း(ထမင်းစားဇွန်း)
  • plumsauceတစ်ဇွန်း (လက်ဖက်ဇွန်း)

Image may contain: food

ရေဖန်ခွက်တစ်ဝက်တို့ကို ရောဖျော်ထားပါ

Image may contain: food
ပြီးရင်တော့ ဖျော်ထားတဲ့အချဉ်ရည်ကို အပ်မှိုပေါ်လောင်းထည့်လိုက်ပြီး နံနံမြိတ်ဖြူးလိုက်ပါ.....အရသာရှိတဲ့ အပ်မှို ချဉ်စပ်ကို စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

By The Myanamr Restaurant Guide

Credit Photo


Read 1122 times.