Cafes & Restaurant

၁၇,၀၀၀ ကျပ်နဲ့ အင်းယားကန်ဘောင်မှာ မူကထ ဘူဖေးစားမယ်

October 25, 2023

မူကထကို လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေနဲ့ ဘူဖေးစားချင်တယ်။ ဘတ်ဂျတ်ကိုလည်း နှစ်သောင်းမကျော်ချင်ဘူးဆိုရင် Raw25 Fresh Seafood က နောက်ထပ် ရွေးချယ်စရာ ဆိုင်တစ်ခုပါပဲ။ 

သူ့ဆိုင်မှာက ပင်လယ်စာအစိမ်းတွေကိုလည်း လက္ကားရောင်းသေးတာမလို့ မူကထအတွက် ပင်လယ်စာတွေ မလတ်မှာ၊ မစုံမှာကိုတော့ မစိုးရိမ်ရပါဘူး။ ပင်လယ်စာတွေမှာဆို ပုစွန်၊ ဂဏန်း၊ ရေဘဝဲ၊ ကင်းမွန်၊ ဆယ်လ်မွန်ဗိုက်သား၊ ငါးလိပ်ကျောက်၊ ရေခူ၊ မရွတ်နဲ့ ဂုံးမျိုးစုံ ရှိပါတယ်။ 

အသားတွေမှာဆိုလည်း အရသာနှပ်ထားတဲ့ အမဲသား၊ ကြက်သား၊ ဝက်သား၊ ကြက်မဲ၊ ကြက်ဆင်တို့အပြင် ကြက်သဲ၊ ကြက်တောင်ပံ၊ ငါးခေါင်း၊ ကြက်ဆီပူးနဲ့ အသားလုံးတွေ၊ အသီးအရွက်တွေလည်း ရှိပါတယ်။

     Advertisement

Click Here > Phyo Thu Kha

ဒါတွေအပြင် တစ်နေ့တစ်မျိုး မတူတဲ့ အရံဟင်း (၁၂) မျိုးနဲ့ မြန်မာမုန့် အချိုပွဲတွေ၊ သစ်သီး၊ အအေးနဲ့ ရေခဲမုန့်တွေကို ဘူဖေးခင်းထားပေးပါတယ်။

ဟော့ပေါ့အရည်အတွက် တုံယမ်း၊ မာလာ၊ ချဥ်စပ်၊ အချို စတဲ့ ရွေးချယ်စရာ အရသာ (၄) မျိုး ရှိပါတယ်။  အကင်တွေနဲ့ တွဲစာဖို့ အချဉ်ကတော့ မန်ကျည်းချဉ်နဲ့ ငရုတ်သီးချဉ် ပေးပါတယ်။ ဘူဖေး စားသုံးချိန်ကိုတော့ (၂) နာရီခွဲ သတ်မှတ်ထားပါတယ်။

စားသုံးသူ (၂) ယောက်ကနေ စတင်ပြီး မူကထအိုးရော၊ မီးသွေးအကင်အိုးပါ (၂) အိုးနဲ့ ချပေးတာ ဖြစ်ပါတယ်။ အဲတော့ မူကထအိုးတစ်ခုတည်းနဲ့ ကင်တာ ကျက်တာကို စိတ်ရှည်ရှည်နဲ့ စောင့်နေစရာမလိုပါဘူး။ မီးသွေးအကင်အိုးလေးလည်း ပေးထားလို့ သာမန်ထက် ပိုမိုမွေးပျံ့တဲ့ အကင်အရသာကိုလည်း သုံးဆောင်နိုင်ပါတယ်။

စျေးနှုန်းတွေကတော့ - 

အရပ်ပေ ၃ ပေ အောက်ဆို Free

၃ ပေအထက် ၁၂,၀၀၀ ကျပ်

၄ ပေအထက် ၁၉,၀၀၀ ကျပ် ဖြစ်ပါတယ်။

အောက်တိုဘာလအတွင်း သွားစားမယ်ဆိုရင်တော့ 10% Discount ရှိတာကြောင့် တစ်ယောက်စာ အပြီးအစီးကိုမှ ၁၇,၁၀၀ ကျပ်ပဲ ကျပါတယ်။ October Born ဆိုရင် 15% Discount ပေးထားတာကြောင့် ၁၆,၁၅၀ ကျပ်နဲ့ ဘူဖေးအ၀ဆွဲလို့ ရပါပြီ။ ၁၁ ယောက်အထက် သွားစားမယ်ဆိုရင်  ကော့တေးတာဝါတစ်တိုင် Free လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဆိုင်က အင်းယားကန်ဘောင်ဝန်းအတွင်းမှာ ရှိတဲ့အတွက် ကားရပ်ဖို့ နေရာ ပူစရာမလိုတော့သလို စားရင်းသောက်ရင်း ကန်ဘောင်မှာ အနားယူအပန်းဖြေလို့ ရပါတယ်။  

လိပ်စာ - အင်းယားလမ်း၊ အင်းယားပန်းခြံ (ကန်ဘောင်အဝင်)
ဖုန်း - 09768900040 


Read 425 times.