Eating Tips

"ပစ်တိုင်းထောင်" ဆိုတဲ့ ဆိုင်သစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

July 3, 2020

အင်းယားကန်ရှေ့ က
မြက်ခင်းစိမ်းလေးနဲ့ "နေရာအသစ်လေး"
ဈေးနူန်းတွေလား
၂၀၀၀ / ၃၀၀၀ ကျပ်လောက်နဲ့ ဝယ်စားလို့ရတာတွေ အများကြီးပဲ
စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်မလား
ဒီလို နေရာလှလှလေးနဲ့ မြက်ခင်းစိမ်းလေးပေါ်မှာ ကိုယ်ချစ်တဲ့လူနဲ့ Dinner Date ဖို့..
ဆိုင်နာမည်က - "ပစ်တိုင်းထောင်" ပါ
နေရာကတော့ ပြည်လမ်း နဲ့ အင်းယားလမ်း ထောင့်မှာဖြစ်ပါတယ်။
ဒီနေရာက Food Court တစ်ခုလိုမျိုးဖြစ်ပြီး
ခြံဝန်းကျယ်ကြီးထဲမှာ စိမ်းစိမ်းစိုစို နဲ့ Garden Party တစ်ခုလိုမျိုး ဖွင့်ထားပါတယ် ။
ဘယ်လိုအစားအစာတွေရနိုင်မလဲဆိုတော့...
ထိုင်းဆိုင် / အထောင်းအသုပ်ဆိုင် / Bar Counter / ရှမ်းဆိုင် အပါအဝင်...
ဝက်သားတုတ်ထိုး ( Taste Like Home )
ဗမာကြက်ကင် ( တောသူမ ) တွေရနိုင်ပါတယ် ။

Image may contain: outdoor


ဈေးနူန်းတွေကိုကြည့်ရအောင်ဗျာ...
ဝက်သားတုတ်ထိုး တစ်ပွဲ - ၃၀၀၀ ကျပ်
ဝက်သားလိပ် - ၂၀၀၀ ကျပ်
ကြာဆံကြော် - ၂၀၀၀ ကျပ်၊
ကော်ပြန့်ကြော်သုပ် - ၁၅၀၀ ကျပ်၊
ခေါက်ဆွဲသုပ် - ၁၅၀၀ ကျပ်
ဝက်သားကောက်ညှင်းထုပ် - ၂၅၀၀ ကျပ်
ရှမ်းတိုဟူးနွေး - ၂၅၀၀ ကျပ်
ရှမ်းခေါက်ဆွဲ - ၂၅၀၀ ကျပ် တို့လို့ စားချင်စရာအပြင် ...
ပစ်တိုင်းထောင် ကြက်ကြော် - ၅၀၀၀ ကျပ်
Seafood ဈေးဗန်းထောင်း - ၂၅၀၀၀ ကျပ် တို့လို ဟင်းပွဲကြီးတွေအထိ အကုန်ရတယ်။

အသီးဖျော်ရည် / လက်ဖက်ရည် တွေကအစ ဘီယာပါ ရတယ် ။
ထူးထူးခြားခြားဆိုရင်တော့
ဗမာကြက်ကင်တွေကို အဓိက ရောင်းတဲ့
တောသူမ ဆိုင် ဆိုတာပါ ရှိတယ် ။
တစ်စိတ်မှ ၃၅၀၀ ကျပ် / တစ်ကောင်လုံးမှ ၁၂၀၀၀ ကျပ်ဘဲ ပေးရတယ် ။

Image may contain: food

No photo description available.

စိတ်ကူးယဉ်အိမ်မက်တွေထဲကလို့ ဂါဝန်အဖြူရောင်လေး ဝတ်ပြီး မြက်ခင်းစိမ်းလေးနဲ့ ခြံကျယ်ကြီးထဲမှာ ကိုယ်ချစ်ရတဲ့လူနဲ့ Dinner 
စားကြရအောင် ... လေ
ဆိုင်နာမည် က ပစ်တိုင်းထောင်
ဆိုင်လိပ်စာ - အမှတ် ( ၆၃၁ ) ၊ ပြည်လမ်း ( အင်းယားလမ်းနဲ့ ပြည်လမ်း မီးပွိုင့်အနီး ) ၊ ကမာရွတ်မြို့နယ် ။
ဆိုင်ဖုန်းနံပါတ် - 09780780152, 09780780157
လက်ရှိမှာတော့ ဆိုင်ဖွင့်ချိန် က နေ့လည် ၂ နာရီ ကနေ ည ၁၂ နာရီ အထိ ပါတဲ့ ။
soruce FoodinYangon 

photo source Foodin Yangon


Read 1172 times.