Cafes & Restaurant

pay day မှာ ၄ ယောက်လာရင် ၃ ယောက်ဖိုးပဲပေးရမယ့် ဆူရှီဘူဖေးစားကြမယ်

October 31, 2022

အခုပြောပြပေးမယ့်ဆိုင်ကတော့ တာမွေ ကျောက်မြောင်းမှာ ဆိုင်ခွဲအသစ်ဖွင့်ထားတာ မကြာသေးတဲ့ Osushi Tamwe ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုင်ရင် ဆူရှီအမျိုးအစား ၄၀ ကျော်ပါဝင်ပြီး တစ်ယောက်ကို ၁၂၀၀၀ ကျပ်နဲ့ အဝစားရမယ့် promotion အစီအစဉ်လေးပဲဖြစ်ပါတယ်။ 

promotion အစီအစဉ်ပုံစံလေးကတော့ သူငယ်ချင်း ၄ ယောက်လာရင် ၃ ယောက်ဖိုးပဲပေးရမယ့် အစီအစဉ်ပုံစံပဲဖြစ်ပြီး A La Carte လည်း ၃၀၀၀၀ ဖိုးနဲ့ အထက်စားရင် 20% OFF လက်ဆောင်ရမယ့် အစီအစဉ်လေးလဲရှိပါသေးတယ်။ promotion ကာလကတော့ November7 ရက်နေ့ထိဖြစ်ပါတယ်။ 

Buffet ဆိုတာမျိုးက အဝစားနိုင်မှာ တန်မှာဖြစ်တဲ့အတွက် ထမင်းများများပါတာတွေကိုရှောင်ပြီး ဈေးကြီးတဲ့ menu တွေရွေးစားရင်တော့ စားရတာတန်မှာဖြစ်ပါတယ်။

အဓိကရွေးစားသင့်တာတွေကတော့ salmon, tuna, prawn tempura, california roll လေးတွေပိုစားသင့်ပါတယ်။ စားလို့မကုန်ရင်လည်း 300g ကျော်ရင် charges ကောက်တယ်လို့ သိရပါတယ်။

ပုံမှန်ဆို တစ်ယောက် ၁၅၀၀၀ ကျသင့်မှာဖြစ်ပြီး ယခု၄ယောက်ခွဲရှင်းရင် တစ်ယောက်ကို ၁၂၀၀၀ကျော်ပဲကျသင့်မှာဖြစ်ပါတယ်။ အချိန်အကန့်အသတ်လည်းမရှိလို့ တစ်နေကုန်အဝထိုင်စားလို့ရပါတယ်။

ဒါ့ကြောင့် ဆူရှီ ဘူဖေး ကိုတန်တန်နဲ့ ၀၀လေးစားချင်တဲ့ foodie လေးတွေအတွက် ရည်ရွယ်ပြီး ဒီဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

Ph : 09 766001557
လိပ်စာ - အမှတ် ၄၄၊ သမိန်ဗရမ်းလမ်းမပေါ်၊ ဓမ္မဒါနလမ်းဒေါင့်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Fb Link >>> Osushi Tamwe


Read 396 times.