Up to 20% OFF

သင်္ဘောစေ့စားပေးခြင်းကြောင့် ကျန်းမာရေးအပေါ် ထိရောက်မှုများ

September 18, 2020

သင်္ဘောစေ့ဟာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ သင်္ဘောသီးဟာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့အာနိသင်ကတော့အူ တွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။

အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊ သောက်သုံးကြပေမဲ့ သင်္ဘောစေ့ကိုတော့သန်ကျစေတယ်လို့ယုံကြည်ပြီး စားသုံးသူအနည်းငယ်သာရှိပါတယ်။ အများစုကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကို မသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။

 

၁။ ကင်ဆာ

သင်္ဘောစေ့ဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ သွေးကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။

 

၂။ အသည်းကျန်းမာရေး

သစ်သီးဖျော်ရည် သို့မဟုတ် အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီး စားပေးတာဟာ အသည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကို ကျန်းမာစေပါတယ်။

 

၃။ ကျောက်ကပ်ကျန်းမာရေး

သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

 

၄။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိများ

သင်္ဘောစေ့မှာ ရောင်းရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အရိုးအဆစ်တွေ နာကျင်တာခြင်းများကို သက်သာစေပါတယ်။

 

၅။ ဘက်တီးရီးယားကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ

သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သွေးလွန်တုပ်ကွေးနဲ့ အူရောင်ငန်းဖျား စတဲ့ရောဂါတွေကို အလွယ်တကူ ဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

 

၆။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ သဘောင်္စေ့ကို တစ်နေ့တစ်ဇွန်းလောက် စားပေးသင့်ပါတယ်။

 

သင်္ဘောစေ့ကို ဘယ်လိုစားမလဲ

သင်္ဘောစေ့ကိုကြိတ်ပြီး နွားနို့ ၊ သစ်သီးဖျော်ရည် သို့မဟုတ် အသုပ်တွေထဲမှာ ထည့်စားပါ။

 

ဘေးထွက်ဆိုးကျိုး နဲ့ သတိပေးချက်

ကိုယ်ဝန်ဆောင်မိခင်တွေ ရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်စေပါတယ်။ အရွယ်ရောက်လာပေမယ့် နို့ဖြတ်မရဘဲ ဖြစ်စေတတ်ပါတယ်။

 

By The Myanmar Restaurant Guide


Read 322 times.