ကြက်သွန်နီစားသုံးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
၁. ခံတွင်းကျန်းမာရေး
ကြက်သွန်နီက သွားပျက်စီးခြင်းနဲ့ ခံတွင်းပိုးဝင်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ကြက်သွန်နီကို အစိမ်းလိုက် နှစ်မိနစ်၊ သုံးမိနစ်လောက် ဝါးစားရုံနဲ့ ခံတွင်းထဲတင်မကဘဲ လည်ချောင်းနဲ့နှုတ်ခမ်းတို့ မှာပါ ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။
၂. ကိုယ်ခံအားကောင်းစေ
ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင်စီအတွက် နှိုးဆွပေးတဲ့ဓာတ်အဖြစ် လုပ်ဆောင်တဲ့ phytochemicals တွေက ကြက်သွန်နီမှာ ပါရှိပါတယ်။ ဗီတာမင်စီကြောင့်ပဲ ကိုယ်ခံအားစ နစ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေတဲ့အပြင် ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ပါတယ်။
၃. နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေကို သက်သာစေ
ကြက်သွန်နီက သွေးကျဲဆေးအာနိသင်လည်းရှိပါတယ်။ နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရာဂါတို့ ဖြစ်စေနိုင်တဲ့ သွေးခဲခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။
၄. ဆီးချိုထိန်းပေးနိုင်
အစားအစာထဲမှာ သဘာဝအလျောက်တွေ့ရှိနိုင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ ခရိုမီယမ်လည်း ပါဝင်ပါတယ်။ ခရိုမီယမ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူပေးပြီး ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ဆဲလ်တွေဆီ ဂလူးကို့စ်ပို့လွှတ်မှု နှေးစေနိုင်ပါတယ်။
၅. အင်းဆက်တားဆီးနိုင်
ကြက်သွန်နီအရည်ကို ပျားတုပ်ခံရတဲ့နေရာမှာ လိမ်းပေးရင် အနာသက်သာစေနိုင်ပါတယ်။ လတ်ဆတ်တဲ့ ကြက်သွန်နီအရည် သို့မဟုတ် အနှစ်ကိုအင်းဆက်အကိုက်ခံရတဲ့ နေရာ၊ ပင်းကူလျှပ်ခံရတဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။ ကြက်သွန်နီအနံ့ကြောင့်လည်း အင်းဆက်တွေကို ပြေးစေတာေကြောင့် အသုံးဝင်ပါတယ်။
၆. ကင်ဆာကာကွယ်
ကြက်သွန်နီတွေက ကင်ဆာဖြစ်ပွားမှု၊ ပျံ့နှံ့မှုတို့ကို ဟန့်တားနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်ပါတယ်။ Quercetin ဟာ ကင်ဆာပြန့်ပွားမှုကို ကာကွယ်၊ လျှော့ချပေးနိုင်တဲ့ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။
၇. နားကိုက်သက်သာစေ
ကြက်သွန်နီအရည် တစ်စက်နှစ်စက်ချပေးရင် ပြင်းထန်တဲ့ နားကိုက်ဝေဒနာ ခံစားနေရသူတွေအတွက် အကျိုးကျေးဇူးကြီးပါတယ်။ နားထဲ တဝီဝီမြည်နေတာခံစားနေရရင် ကြက်သွန်နီအရည်ကို နားကျပ်တဲ့ ဂွမ်းမှာဆွတ်ပြီးတို့ ပေးနိုင်ပါတယ်။
၈. အသားအရေဝင်းလက်စေ
ကြက်သွန်နီအရည်ကို ပျားရည် သို့မဟုတ် သံလွင်ဆီနဲ့ရောလိုက်ရင် ဝက်ခြံအတွက် အကောင်းဆုံး ဆေးတစ်လက်လို့ ဆိုကြပါတယ်။ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဆေးဖက် ဝင်ပစ္စည်းတွေထဲပါဝင်တဲ့ ကြက်သွန်နီဟာ အရေပြားနီရဲရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဂေါက်ရောဂါ၊ အဆစ်ရောင် ရောဂါတို့လို မျိုး နာကျင်ကိုက်ခဲမှုနဲ့ရောင်ရမ်း မှုတွေ ကိုလည်း သက်သာစေနိုင်ပါတယ်။
၉. ချောင်းဆိုးပျောက်စေနိုင်
ကြက်သွန်နီအရည်နဲ့ ပျားရည်ကို ဆတူရောပြီး စားသုံးရင် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
၁၀. အိမ်ထောင်ရေးသုခ ရစေနိုင်
ကြက်သွန်နီက အိမ်ထောင်ရေးသုခကိုလည်း ပေးစွမ်းနိုင်တယ်လို့ဆိုကြပါတယ်။ ကြက်သွန်နီအရည် လက်ဖက်ရည်တစ်ဇွန်းကို ဂျင်းအရည်တစ်ဇွန်းနဲ့ရောပြီး တစ်နေ့သုံးကြိမ် သောက်ရင် လိင်စိတ်နိုးကြွ စေပါတယ်။
၁၁. ဗိုက်အောင့်ပျောက်စေနိုင်
အရောင်ကျစေခြင်း၊ ဘက်တီးရီးယားသေစေနိုင်ခြင်း အာနိသင်တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ကို ဒုက္ခပေးမယ့် အရာတွေကို တားဆီးပေးပြီး အူလမ်းကြောင်းမှာ ရှင်းလင်းစေတဲ့ sap-onins ဓာတ်ကြောင့်ပါ။
၁၂. ဆီးနဲ့ပတ်သက်တဲ့ရောဂါ
ဆီးသွားရင်းပူလောင်တဲ့ခံစားမှုမျိုး ဖြစ်နေရသူတွေမှာ ကြက်သွန်နီက သက်သာမှုပေးစွမ်းနိုင်ပါတယ်။ ကြက်သွန်နီကို အကျိတ်အလုံး၊ တာရှည်နေတဲ့ ချောင်းဆိုးဝေဒနာတွေလို ရောဂါအမျိုးမျိုးအတွက် ကုသရာမှာ အသုံးပြုခဲ့တာဖြစ်တယ်လို့ Peace Health ကျန်းမာရေးအဖွဲ့အစည်းက ပြောပါတယ်။
By The Myanmar Restaurant Guide