Eating Tips

မန္တလေးမှာ Master Chef က ကိုနိုင်ဇော်ဖွင့်တဲ့ OMG Seafood

January 31, 2020

Master Chef Myanmar ပြိုင်ပွဲကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။ Master ပြိုင်ပွဲဟာဆိုရင်တော့ အရသာရှိလှတဲ့ဟင်းပွဲတွေ ချက်ပြုတ်ရတာတင်မဟုတ်ဘဲ ဟင်းပွဲတွေကိုပါအလှဆင်ပြီး အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ချက်ပြုတ်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ 

 

Master Chef Myanmar Season 2 ပြိုင်ပွဲဝင် ကိုနိုင်ဇော်ရဲ့ ရခိုင်ရိုးရာစားသောက်ဆိုင်လေးဟာလဲနာမည်ကြီးလှပါတယ်။ ရခိုင်မုန့်တီနဲ့လတ်ဆတ်တဲ့ပင်လယ်စာတွေကို လှပတဲ့အပြင်အဆင်တွေနဲ့ အကောင်းဆုံးအရသာတွေကိုဖန်တီးရောင်းချပေးတဲ့ဆိုင်လေးဆိုလည်းမမှားပါဘူး။ cele တော်တော်များများကတော့ မန္တလေး ကိုရောက်တဲ့အခါ chef ကိုနိုင်ဇော်ရဲ့ လက်ရာကို သွားရောက်အားပေးကြတာလေးတွေလည်းရှိပါတယ်နော်။ 


ဆိုင်မှာတော့ ပင်လယ်စာ ဟင်းပွဲတွေကိုအဓိကရောင်းချပါတယ်။ဂဏန်းနဲ့ပက်သက်တဲ့ ဟင်းလျာအမျိုးမျိုး၊ ပုစွန်ချက်နည်းမျိုးစုံ ၊ပင်လယ်ငါးအမျိုးမျိုး ကို မှာယူနိုင်မှာဖြစ်ပါတယ်။ ရေဘဝဲချဉ်စပ်ချက်နဲ့ဂဏန်းချဉ်စပ်ကတော့ အရမ်းစားကောင်းပြီးတော့ ခရမ်းသီးရခိုင်ချက်နဲ့ အသီးအရွက်ရခိုင်ချက်ကလည်း တစ်မျိုးလေး စားကောင်းပါတယ်။ 


Menu အသစ်အနေနဲ့ Seafood ဂေါ်ပြားလို့အမည်ရှိတဲ့ လူကြိုက်များတဲ့ ပင်လယ်စာအစုံပါတဲ့ဟင်းပွဲလေးလဲရှိပါသေးတယ်။


ဟင်းပွဲလေးမှာတော့ .... 

_ ကဏာန်း
_ ရေဘဝဲ
_ ပြည်ကြီးငါး
_ ခရု
_ ဂုံးယောင်းမ 
_ ရေချိုပုဇွန်
_ ကျားပုဇွန်
_ ပြောင်းကြီး
_ ရုံးပဒီသီးခရမ်း 

စရှိသည်တို့ ပါဝင်ပေါင်းစည်းထားပါတယ်။ဈေးနှုန်းလေးကတော့ ၃၀၀၀၀ ကျပ်ပါ။

Seafood အစုံသောက်စမ်းနဲ့ ကင်းမွန်ကောင်လုံးကင် အပြင်အမဲသားကင်နဲ့ ကြက်နှမ်းကပ်ကြော်လေးတွေလဲရှိပါတယ်။ 


ရခိုင်အစားအစာအပူအစပ်တွေ စားပြီးလို့ ချိုချိုအေးအေးလေး စားနိုင်ဖို့အတွက်လည်း Snow Ice fruit Dessert ကိုရောင်းချပေးနိုင်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။ 

ရွှေမန်းမြေကို ရန်ကုန်ကနေအလည်သွားဖြစ်လို့ဖြစ်ဖြစ် မန်းမြေကလူတွေလဲ  ရခိုင်အစားအစာတွေကို သွားရောက်အားပေးချင်တယ်ဆိုရင်တော့လိပ်စာအတိုင်းအရောက်သွားလိုက်တော့နော်။


ဆိုင်နာမည်လေးကတော့-

OMG Fresh Seafood ရခိုင်မုန့်တီနှင့် ကိုရီးယားကင်ချီ 

..
မန်းလေးမှာဆိုရင်တော့ 61 လမ်းဇလပ်ဝါ နှင့်ခိုင်ရွှေဝါကြား မန္တလေးမြို့..
ဖုန်း - 09786573605

နေပြည်တော် လိပ်စာ ..

နေပြည်တော် သပြေကုန်း၊ အောင်သပြေရုပ်ရှင်ရုံဘေး ငုဝါလမ်းထိပ်အနီး..

နေပြည်တော် ရာဇဌာနီလမ်း၊နှင်းဆီးဝိုင်နှင့် ဘောဂသီရီကားကြီးဝင်းကြား၊နေပြည်တော်.
ဖုန်း - 09774198846


Read 696 times.