Eating Tips

Off To School Restaurant

November 19, 2019

Off To School စားသောက်ဆိုင်ကို ရန်ကုန်မြို့၊ ပြည်လမ်းမကြီး၊ Junction Square တွင်


ဖွင့်လှစ်ထားပါတယ်။ ကိုရီးယားအစားအစာ စားချင်သူများအတွက်လည်း အဆင်ပြေစေမယ့်ဆိုင်ဖြစ်ပြီး ယင်းဆိုင်တွင် ကိုရီးယားအစားအစာ တစ်မျိုးတည်းကိုပဲ အဓိကရောင်းချတဲ့ ဆိုင်ဖြစ်ပါတယ်။


၎င်းဆိုင်မှာ ကိုရီးယားအစားအစာ အမျိုး(၂၀)ခန့် သုံးဆောင်နိုင်ပါတယ်။ အချို၊ အစပ်တွဲနေတဲ့ ပုံစံလေးတွေပဲဖြစ်ပါတယ်။


Off to School မှာ ကိုရီးယားထမင်းသုပ်၊ ပဲထမင်း၊ ဝက်သားထမင်း၊ ကင်မ်ချီဝက်သားဟင်းရည်၊ ကင်မ်ချီ ထမင်းကြော်၊ အိမ်တွင်းလုပ်ကင်မ်ချီ၊ တော့ပိုကီ၊ ကြက်သားအစပ်ကြော်၊ ပဲခေါက်ဆွဲ၊ ကင်မ်ချီထမင်းလိပ်၊ မရိုးနိစ်ထမင်းလိပ်အစရှိတဲ့ ကိုရီးယားအစားအစာတွေကို စားသုံးနိုင်ပါတယ်။


Off to School ရဲ့ လူကြိုက်အများဆုံးအစား အစာကတော့ တော့ပိုကီ၊ မရိုးနိစ်ထမင်းလိပ်နဲ့ ကိုရီးယားထမင်းသုပ်တွေပဲ ဖြစ်ကြပါတယ်။


မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများ ကိုရီးယားအစားအစာတွေကို ကြိုက်နှစ်သက်တာပဲဖြစ်ဖြစ်၊ မြည်းစမ်းချင်လို့ပဲဖြစ်ဖြစ် ယင်းဆိုင်တွင် သုံးဆောင်နိုင်ပါတယ်။


အော်ဒါမှာချင်သူတွေအတွက်လည်း ဝန်ဆောင်မှုတွေ ပြုလုပ်ပေးပါတယ်။


ဈေးနှုန်းတွေကတော့ အနည်းဆုံး ၃၀ဝ၀ ကနေ အများဆုံး ၅၀ဝ၀ ကျပ် အထိသာ ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။


ဆိုင်ဖွင့်ချိန်ကတော့ နံနက် (၉) နာရီ ကနေ ည (၉) နာရီအထိ ဖြစ်ပါတယ်။


Read 210 times.