Eating Tips

Northern Kitchen cafe' & Restaurant

November 19, 2019

Northern Kitchen ဆိုင်ကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊

သင်းဝန်လမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့်တွင် ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။


ယင်းဆိုင်တွင် မွေးနေ့ပွဲ၊ မင်္ဂလာညစာစားပွဲ၊ ကုမ္ပဏီအစည်းအဝေးပွဲများကိုလည်း လက်ခံကြောင်း သိရပါတယ်။ ဆိုင်တွင် သီးသန့်စားချင်သူများအတွက် သီးသန့်အခန်းကိုလည်း ထားရှိပါတယ်။ တစ်ခန်းလျှင် လူ ၁၅ ယောက် မှ အယောက်၂၀ ခန့် အေးအေးဆေးဆေး စားသုံးနိုင်ပါတယ်။ သီးသန့်အခန်းကို အဖိုးအခ ထပ်ပေးစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။


ဆိုင်တွင် အရောင်းရဆုံး ဟင်းပွဲများမှာ ခေါက်ဆွဲကြော်၊ ကကတစ်ငါးပဒေသာ၊ ဝက်ဂုတ်သားကင်၊ ဝက်လက်စတူး၊ ဘဲကင်၊ ပုစွန်မရောနိ(စ်) တို့ ရပါတယ်။


ကြိုတင်အော်ဒါဟင်းလျာများကတော့ အသားစုံ ဖရုံသီးပေါင်း၊ အသားစုံအအေး၊ ကြက်ကောက်ညှင်းပေါင်း၊ ကြက်တောင်ပံအစာသွပ်၊ ငါးအသားလိပ်ချိစ်၊ ယိုးဒယားဂဏန်းခွက်ကြော်၊ ကြက်ခြောက်နှပ်၊ ဟာဝိုင်ရီကြက်၊ ရွှေကြက်နာနတ် တို့ဖြစ်ပါတယ်။


ကြိုတင်မှာယူမည့် ဟင်းလျာများရဲ့ဈေးနှုန်းကတော့ ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ကျပ် အတွင်း ဖြစ်ပါတယ်။ ဘဲနှင့် ပတ်သတ်ပြီး ကျပ် ၃၅၀၀ မှ ၁၇,၀၀၀ ကျပ်အတွင်း စုံစုံလင်လင် ရရှိနိုင်ပါတယ်။


ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ပြည်ကြီးငါး၊ အသုပ်မျိုးစုံ၊ ငါးဟင်းလျာများ၊ ပုစွန်ဟင်းလျာများ၊ အမြည်းမျိုးစုံ၊ ဟင်းချိုများ၊ ဟင်းသီးဟင်းရွက်များ၊ ဂဏန်းဟင်းလျာများ၊ အမဲသားဟင်းလျာများ၊ ဟော့ပလိတ်(Hot plate) ဟင်းလျာများ နှင့် အအေးမျိူးစုံ ရရှိပါတယ်။ ယင်းဟင်းလျာများကိုတော့ ကျပ် ၂၀၀၀ မှ ၉၅၀၀ အတွင်းဖြစ်ပါတယ်။ အသီးများကို လတ်လတ် ဆတ်ဆတ်ဖျော်ထားတဲ့ အအေးများလည်း ရပါတယ်။


အအေးတွင် Freak Shake မျိုးစုံရရှိပြီး ထူးထူးခြားခြား သုံးမျိုးစပ်ဖျော်ရည်ကိုလည်း ရနိုင်ပါတယ်။ သုံးမျိုး စပ်တွင် အသီးသုံးမျိုးကို အချိုးကျကျ ရောစပ်ဖျော်ထားသောကြောင့် အလွန်သောက်လို့ကောင်းပါတယ်။ အအေးဈေးနှုန်းတွေကတော့ ကျပ် ၁၀၀၀ မှ ၃၅၀၀ အတွင်းရှိပါတယ်။


နေ့လည်စာ Set Menu များလည်း ရရှိပြီး ညနေ ၆ နာရီအထိပဲရရှိကြောင်း သိရပါတယ်။ အသားဟင်းတစ်မျိုး၊ ထမင်းနှင့် ဟင်းချို တို့ပါဝင်ပါတယ်။


Burger ကို ကြက်၊ ဝက်၊ အမဲသား တို့ဖြင့် ရနိုင်ပါတယ်။ Sandwich ကို ချိစ့်၊ တူနာ၊ ကဏန်း အသားတို့ဖြင့် ရနိုင်ပါတယ်။


ဆိုင်တွင် ဟင်းသီးဟင်းရွက်ဆီကိုသာ အသုံးပြုထားပြီး တစ်ရက်စာ တစ်ရက် လတ်ဆတ်သော ကုန်ပစ္စည်းများကို ဝယ်ယူရောင်းချသည့် အတွက် လတ်လတ်ဆတ်ဆတ် စားသုံးရမှာဖြစ်ပါတယ်။


ဆိုင်ဖွင့်ချိန် -     မနက် ၁၀ နာရီ မှ ည ၁၁ နာရီထိ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ဆိုင်လိပ်စာ-     အမှတ် ၉၂၉၊ သင်းဝန်လမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့်၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် -      ၀၉-၇၃၀၇၉၈၉၉


Read 408 times.