Eating Tips

Night Out ထွက်ချင်သူတွေအတွက် Kelvin's Bar ...

December 10, 2019

Night Out ဘယ်သွားလို့ကောင်းလဲ စဉ်းစားနေကြတဲ့သူတွေအတွက် Chatrium Hotel ထဲမှာရှိတဲ့ Kelvin’s Bar. .အကြောင်းလေးပြောပါရစေ..


တချို့ကပြောတယ် အေးဆေးမှ ထိုင်ချင်တယ်။ တချို့က DJ တွေနဲ့မှ မြူးမြူးလေး ကချင်တယ်။

It’s OK ...

အေးဆေးထိုင်ချင်တဲ့သူများ Unplugged Band ဖျော်ဖြေမှုအချိန် ည(၉)နာရီမှ (၁၁)နာရီအတွင်းထိုင်လို့ရတယ်နော်. .


DJ တွေနဲ့မှ မြူးမြူးလေး ကဲချင်သူတွေအတွက်ကတော့ ည(၁၁)နာရီနောက်ပိုင်းမှာ Resident DJတွေက စောင့်ကြိုနေမှာပါ။

အမြည်းတွေကလည်း နာမည်ကျော် Cafe 20 စာဖိုမှူးလက်ရာတွေမို့ အရသာလည်း တဖြုတ်ဖြုတ်ကြွေမှာ အသေအချာပါပဲနော် ..


ပုလင်းတွေကလဲ အပြင်ကဈေးအတိုင်းတန်လို့ တကူးတက ဝယ်သွားစရာမလိုတော့ဘူးပေါ့. .


အလန်းဆုံးအစီအစဉ်လေးကတော့  တစ်ယောက်ကို တစ်သောင်းကျပ်ထည်းနဲ့ ည၇နာရီကနေ ၁၁နာရီအတွင်း Heineken ဘီယာ အဝသောက်နိုင်တဲ့ ဘီယာဘူဖေး ရှိသေးတယ် ဆိုတော့ အသောက်တလိုင်းလေးတွေအတွက် ရှယ်ပဲပေါ့နော်..

ရေကူးကန်ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ သန့်မှသန့်  ရေကူးချင်ရင် အပိုဝတ်စုံသာ ထည့်သွားလိုက်ပါ . .


ကဲ Kelvin’s Bar TGIF / TGIS လိုက်ကြရအောင်နော်။


Kelvin’s Bar

အမှတ် (၃) ၊ Chatrium Hotel နှင့် VIP Karaoke ကြား ၊ ဖိုးစိန်လမ်း နဲ့ ကန်တော်ကြီးပတ်လမ်း(နတ်မောက်လမ်း)ထောင့် ၊ဗဟန်းမြို့နယ်။

Source Kelvin’s Bar


Read 450 times.