Eating Tips

တစ်နေရာထဲမှာအစုံရနိုင်တဲ့ရှားပါးစားသောက်ဆိုင် .....

December 7, 2019

အာရှအစားအသောက်တွေအပြင် အစားသောက် တော်တော်များများကို တစ်နေရာတည်းမှာဘဲ ဈေးလည်းသင့်၊ သန့်ရှင်းသပ်ရပ်ပြီး အရသာရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို The Restaurants Guide ကနေ Food lover တွေအတွက် ဖော်ပြပေးချင်ပါတယ် ။

ဆိုင်နာမည်ကတော့ Mr.Chef ပါ ။MRTV-4 ကလွှင့်နေတဲ့ MasterChef မဟုတ်ဘူးနော်။ ဆိုင်ရဲ့အကြောင်းတွေကို အကြောင်းအရာတစ်ခုခြင်းစီတင်ပြပေးမှာဖြစ်လို့စာအရှည်ကြီးဖတ်စရာမလိုတော့ဘူးပေါ့ ။ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို တစ်ခုချင်းစီ ဝင်ဖတ်လို့ရပါတယ် ။


Mr.Chef ရဲ့အကြောင်း
==================

Mr.Chef ကို ၂၀၁၁ ခုနှစ်က စပြီးတည်ထောင်ခဲ့ပါတယ်။AKK မှာလည်းဖွင့်ခဲ့ဖူးတယ် တော်ဝင်စင်တာမှာလည်းဖွင့်ခဲ့ဖူးတယ် မြို့ထဲမာလည်းဖွင့်ခဲ့ဖူးပါတယ်။  ဆိုင်ရဲ့သက်တန်းဟာ အခုဆိုရင်တော့ ၉နှစ်ထဲရောက်နေပါပြီ ။ လက်ရှိအချိန်မှာတော့ ဆိုင်ခွဲပေါင်း ၆ ဆိုင်အထိရှိလာခဲ့ပြီဖြစ်ပါတယ် ။ ဆိုင်ရဲ့ အမျိုးအစားက Cafe and Restaurants အမျိုးအစား ဖြစ်ပြီး၊

လူတန်းစား တော်တော်များများ စားသုံးနိုင်တဲ့ ဈေးနှုန်း ၊ အကောင်းဆုံးဝန်ဆောင်မှု့တွေနဲ့ရောင်းချပေးနေပါတယ် ။
အဓိကကတော့ အာရှ အစားအသောက်တွေကို ရောင်းချတာ ဖြစ်ပြီး ၊ယူရိုပီယမ် အစားအသောက်တွေလည်းရရှိပါတယ် ၊သောက်စရာ အနေ နဲ့ Hot ၊ cold ၊ ဘီယာအပြင် နုတ်မြိန်စာတွေလည်း အစုံအလင် ရရှိပါတယ် ။ ရှီရှားလည်းရပါသေးတယ် ။


Mr.Chef မှာရနိုင်တဲ့အစားအသောက်များ (Menu)
=======================================


၁  ။appetizer( နုတ်မြိန်စာ)
၂  ။individual favorite rice (ထမင်းအမျိုးမျိုး)
၃  ။fried rice(ထမင်းကြော်အမျိုးမျိုး)
၄  ။individual favorite noodle(ခေါက်ဆွဲအမျိုးမျိုး)
၅  ။clay pot (မြေအိုး)
၆  ။korean (ကိုရီးယားစာ)
၇  ။army stews
၈  ။hot pot
၉  ။salads (အသုပ်)
၁၀ ။soups (ဟင်းရည် )
၁၁ ။vegetables (အသီးအရွက် )


သောက်စရာ
==========

၁   ။Hot coffee (ကော်ဖီပူ)
၂   ။iced coffee (ကော်ဖီအေး)
၃   ။non coffee
၄   ။Frappe
၅   ။can (သံဗူး)
၆   ။signauture drinkd
၇   ။milkshake
၈   ။yogurt (ဒိန်ချဉ် )
၉   ။ice cream (ရေခဲမုန့်)
၁၀ ။flavoured syrup soda
၁၁ ။cake / dessert (ကိတ်မုန့်)
၁၂ ။fresh juice(ဖျော်ရည်)
၁၃ ။icecream cake


ဒီဆိုင်ရဲ့ Menu တွေကို အရင် အဟောင်းဖြစ်တဲ့ Vesion 1.0 ကနေ 2.0 ကိုပြောင်းထားပါတယ်။ သုံးလလောက် စားသုံးသူတွေနဲ့ တိုက်ရိုက် စစ်တမ်းကောက်ယူပြီး 1.0 ထဲက အကောင်းဆုံးဟာတွေ လူကြိုက်များတဲ့ဟာတွေကို ရွေးတယ် ၊ စားသုံးသူတွေနဲ့ မကိုက်ညီတဲ့ menu တွေကိုဖြုတ်လိုက်ပါတယ်။  menu အသစ်တွေထပ်ပေါင်းလိုက်တယ် ၊ plating ပြောင်းလိုက်တယ် တချို့ဟင်းတွေကို အရသာ ပြောင်းလိုက်ပါတယ် ။ Menu တစ်အုပ်ထဲမှာ အာရှ အစားအစာ အစုံပါသွားတာပေါ့ ။


 
ဆိုင်တွေက ဘယ်မှာရှိတာလဲ
======================

ဆိုင်က စုစုပေါင်း (၆)ဆိုင်ပါ ။

၁။ မြေညီထပ် ၊ စံပြရုပ်ရှင်ရုံ ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန် ။
    
     ဖုန်းနံပါတ် 09-777 077940

၂။ အမှတ် (၂၂၂ ) ၊ ပထမထပ်၊ ဆူးလေဘုရားလမ်း ၊ကုန်းထက် ကြက်ဆီထမင်းဆိုင် အပေါ်ထပ် ၊ ကျောက်တံတားမြို့နယ် ၊ရန်ကုန်။
   
   ဖုန်းနံပါတ်   09-778 558842

၃။ အမှတ် (၂၂၅) ပင်လုံလမ်းမကြီး ၊ (၃၀) ရပ်ကွက် ၊ စစ်တောင်းမှတ်တိုင်အနီး ၊မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန် ။

   ဖုန်းနံပတ် 09 763 391636

၄။ (၂၉ / ၉၂ )မလွှကုန်းလမ်း နှင့်ကျောက်မြောင်းလမ်းထောင့် ၊ တာမွေမြို့နယ် ၊ ရန်ကုန် ။
   
   ဖုန်းနံပါတ် 09 777 448681

၅။ ၄လွှာ ၊ ဂမုန်းပွင့်စင်တာ ၊ စံရိပ်ငြိမ်မှတ်တိုင် ၊ အင်းစိန်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန် ။
   
    ဖုန်းနံပါတ် 09 9777 077344

၆။ ၄ လွှာ ၊ ဒဂုံစင်တာ (၂) ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန် ။

    ဖုန်းနံပါတ်  09 9777 077344


ဆိုင်တွေရဲ့ ပုံစံက အနည်းငယ်တော့ ကွဲလွဲပါတယ် ။ စင်တာ (၂ )ခုမှာဖွင့်ထားတဲ့ ဆိုင်တွေမှာ  ဘီယာမရပါဘူး ။  စံပြ ၊ ဆူးလေ၊ ကျောက်မြောင်း၊ ပင်လုံ  အဲ့ဒီဆိုင် မှာတော့ ဘီယာရပါတယ်။ အရက်မရပါဘူး၊ အရက်ယူလာရင်တော့ ပေးသောက်ပါတယ် ၊ အဲ့ဒီ့အတွက် ဝန်ဆောင်ခ ပေးစရာမလိုဘူး။ဆိုင်တွေထဲမှာ ပင်လုံဆိုင်ကတော့ အကျယ်ဆုံးနဲ့ decoration အလှဆုံးပါ နောက်ဆုံးမှာဖွင့်ထားတဲ့ဆိုင်လည်းဖြစ်ပါတယ်။  မိသားစုလိုက်တွေ အများဆုံးလာကြပါတယ် ဖွင့်တာကတော့ ၂နှစ်လောက်ရှိပါပြီ ။ရှီရှားကြိုက်သူတွေအတွက် ပင်လုံ နှင့်ကျောင်မြောင်းဆိုင် မှာ ၁၅၀၀ နဲ့သုံးဆောင်လို့ရပါပြီ ။


ဆိုင်ရဲ့ထူးခြားမှု့
=============

ထမင်းနှင့်ရိုးရာ ဝက်ပေါင်းတစ်ပွဲကို  ၄၉၀၀ ကျပ် ။ ဝက်ပါင်းချည်း မှာရင် တစ်ပွဲ ၆၅၀၀ ကျပ် နဲ့ နှစ်ဆပိုများပါတယ် ။ဆိုတော့ တော်တော်သက်သာတယ်လို့ ပြောလို့ရပါတယ် ။ Hot Pot single တစ်ပွဲကို ၅၉၀၀ကျပ်  ။singleမှာရင်တော့  ကျက်ပြီးသားကိုတန်းပြီး စားရုံပါဘဲ ။ coupleတွေအတွက်လည်းရှိပါသေးတယ်၂ယောက်စာဖြစ်တဲ့အတွက် ဂက်စ် အိုးလည်းထည့်ထားပေးပါတယ် ။ကိုရီးယားကလာတဲ့ ကုန်ကြမ်းတွေကို သုံးထားတယ် ။

ဆိုင်အနေနဲ့ ဖောက်သည်တွေကို စိတ်ကျေနပ် မှု့ကို အပြည့်ပေးထားပါတယ် တန်ဖိုးထားပါတယ် ။ နောက်တစ်ခေါက်လာစားချင်အောင်ဆွဲဆောင်ထားနိုင်ပါတယ်။


နာမည်ကြီးအစားအစာ
=================

"Army Stews"

Army Stews ဆိုတာ သမိုင်းကြောင်းနဲ့လာတဲ့ ဟင်းလျာပါ ။ပေါ့သေးသေးတော့မဟုတ်ဘူး ။ သူ့ရဲ့သမိုင်းကြောင်းကတော့ ............

ကိုရီးယား စစ်ပွဲမှာ စစ်ပွဲပြီးတဲ့အချိန် အမေရိကန်တို့ကိုရီးယားကနေ ထွက်ခွါခဲ့တုန်းက သူတို့ဆီမှာပါလာတဲ့ စည်သွပ်ဗူးတွေ sauces တွေ Cheese တွေကျန်ခဲ့ပါတယ် ။ထားခဲ့တာပေါ့ ။ အာ့မှာ ကိုရီးယားတွေက ကင်မ်ချီတွေ လင်ချမီတွေ နှင့်  ကိုရီးယား အရသာနှယ်ထားတဲ့ အသားတွေရယ် ကိုရီးယား အစားအသောက်တွေနဲ့ စည်သွပ်ဗူးတွေကို  sauce chesse တွေနဲ့ ရောပြီး ချက်ပြုတ်ထားတာပါ။ ကိုရီးယား နဲ့ အနောက်တိုင်း အရသာကို ပေါင်းထားတဲ့အရသာပေါ့ ။

လက်ရှိမှာ ဒီ အစားအစာ က ဒီဆိုင်မှာတော့ အပေါက်ဆုံးဖြစ်နေပါတယ် ။ဒီဟာကို လုပ်ဖို့ ဆိုင်အနေနဲ့ အရသာ စမ်းသပ်မှု့ အကြိမ်ကြိမ်လုပ်ခဲ့ပြီး ကိုရီးယား က စားဖိုမှုးတွေနဲ့ သေချာ စမ်းသပ်ခဲ့ကြတာပါ ။ဆိုတော့ ကိုရီးယား သွားစရာမလိုဘဲ ကိုရီးယားအရသာ စစ်စစ် ခံစားလို့ရပြီပေါ့ ။

 

တစ်ယောက်စာထုတ်ပိုးမှု့ (သို့) One Portion
=====================================


ဒီဆိုင်ရဲ့ အဓိက အစိတ်အပိုင်းကတော့ One Portion ပါ ။ ပုံမှန်အတိုင်း ဟင်းတစ်ပွဲ မှာစားရင် ဈေးနှုန်းလည်း မြင့်သလို တစ်ယောက်တည်း စားမှာဖြစ်တဲ့ အတွက် စားလို့ကုန်ဖို့မလွယ်ပါဘူး အဲ့ဒီအတွက်  one portion လို့ခေါ်တဲ့ တစ်ယောက်စာ ထုပ်ပိုးမှု့ကို စတင်တီထွင် အသုံးပြုခဲ့သည်။ သဘောတရားကတော့ တစ်ယောက်စာ ဟင်းပွဲကို ပြင်ဆင်ပြီး တစ်ယောက်စာ ထုတ်ပိုးကာ ဈေးနှုန်းကို လျော့ချလိုက်တာဘဲ ဖြစ်ပါတယ် ။ တစ်ယောက်တည်းလာတဲ့အချိန်ဆို တော်တော်လေး အဆင်ပြေပါတယ်။


ဈေးနှုန်းသင့်တင့် သန့်ရှင်းပြုငှာ ရသာစွဲမက် Mr.Chef ကဲ ဒီစာလေးဖတ်ပြီးသွားရင် သွားစားကြည့်ကြပါဗျို့......


The Restaurants Guide


Read 554 times.