Eating Tips

Time City ထဲက ဈေးသက်သာတဲ့ Cafe ဆိုင်လေး

February 18, 2020

မနက်စာအတွက် အစားအသောက်လေးတွေကလည်း အစုံဘဲ ဈေးလေးကလည်း ၅၀၀ ကနေစပြီး စားလို့ရတယ်။

နံနက်ခင်း အဆာပြေ စားစရာ တွေ အဖြစ် လက်ဖက်ရည် ၊ ကော်ဖီ ၊ Dimsum ၊ နန်းကြီး/နန်းပြားသုပ် ၊ ထမင်းဆီဆမ်း ၊ ထမင်းကြော် ၊ ပလာတာ ၊ ပေါက်စီ ၊ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ တွေ အပြင်...

 

နေ့လည် နှင့် ညနေခင်း စားဖွယ်စုံကိုတော့...
ဆီချက် ၊ ထမင်းသုပ် ၊ ခေါက်ဆွဲသုပ် ၊ ရှမ်းခေါက်ဆွဲ ၊ မြီးရှည် ၊ ဆိတ်သား Puff တွေ တော်တော်စုံပါတယ်။ 

 

ဒါ့အပြင် 
အလုပ်ကိစ္စ စကား ပြောချင်လား ?
သူငယ်ချင်းတွေ စုပြီး စာ လုပ်ဦးမလား ?
တစ်ကိုယ်တည်း ထိုင်ပြီးပဲ လွင့်မလား ?

 

ဆိုင်လေးက 4 th floor Jewellery Mallမှာဖြစ်ပြီး  မှန်တွေနဲ့ ကာထားတာဆိုတော့ View ကောင်းကောင်းလေးလဲကြည့်လို့ရတယ်။

 

ဈေးနည်းလို့ဆိုပြီး Service ပိုင်းကလည်း လျော့ကျမသွားပါဘူးနော်။

ပေါ့ပေါ့ပါးပါး စားလို့ရမယ့် အဆာပြေ စားစရာ မျိုး စုံ သောက်စရာ မျိုးစုံ ကို မှာယူ ရရှိနိုင်ပြီး ဈေးနှုန်းကလည်း အထူးသက်သာလို့ စိတ်တိုင်းကျမှာလည်း အမှန်ပါပဲ။

 

ဆိုင်နာမည်လေးကတော့  -ManGo Cafe ပါ။ သာကေတမှာလည်း တစ်ဆိုင်ဖွင့်ထားပါသေးတယ်။

အခန်းအမှတ် A - 451 , 4th Floor , Jewellery Mall , Time City Mall. ဟံသာဝတီလမ်း , ကမာရွတ်မြို့နယ်
Phone Number-09 771 190 090

Mango Cafe (သာကေတ)
ဆိုင်ဖွင့်ချိန် : မနက် 6:00 မှ ညနေ 6:00အထိ...
( Yangon Petrol ဆီဆိုင်ဝင်းအတွင်း)
ရတနာလမ်းမ,တက်လမ်းအိမ်ရာအနီး, (10)တောင်
ရပ်ကွက်, သာကေတမြို့နယ်, ရန်ကုန်မြို့
Phone Number- 09 771 190 060


Read 812 times.