Eating Tips

Locale မှာ စားခဲ့တဲ့ Smoothie Bowl အကြောင်း

July 29, 2020

Locale ကတော့ The Central Boulevard အဆောက်အအုံမှာ ရှိတဲ့ စားသောက်ဆိုင်လေးပါ မနက်ပိုင်း ကန်ဘောင်ကို လမ်းလျှောက်ထွက်အပြီး Locale မှာစားဖြစ်ခဲ့တယ်ပေါ့နော် ဆိုင်ထဲမှာ အနောက်တိုင်းသားတွေများပေမယ့် အစားအစာတွေကတော့ မြန်မာတွေပါ အကြိုက်တွေ့ပုံပဲ မြန်မာလူမျိုးတွေပါ လာစားကြတာတွေ့ရတယ်။

 


 

 

ကိုယ်ကတော့ အူကိုလည်း ရှင်းချင် အဆီကလည်း မတက်ချင်တာမို့ မနက်ခင်းမှာ သင့်တော်မဲ့ ကိုယ့်အတွက် အစားအစာကတော့ Smoothie Bowl ပေါ့ ဒါနဲ့ ကိုယ်လည်းခပ်သွက်သွက်မှာစားလိုက်တယ် သူ့ရဲ့ အရသာကလေ ဘယ်လိုပြောရမလဲ Smooth ဖြစ်တဲ့ အရသာမျိုးပဲ စားရတာ ချဉ်ပြုံးပြုံးလေးနဲ့ မအီဘူးရယ်။

 

အခုဒီ Smoothie bowl လေးက သရက်သီးနဲ့ အုန်းသီး ကို Smoothie ပျစ်ပျစ်လေးလုပ်ထားပြီး အရသာ ကခပ်ချဉ်ချဉ်ပါ Smoothie လေးပေါ် Chia seed ၊ Granola နဲ့ Dried goji berries လေးတွေ topping ထည့်ထားပါသေးတယ်။

 

Granola ဆိုတာမုယောဖက် , အခွံမာအစေ့အဆံ နဲ့ပျားရည် အပြင် သကြားအညိုတို့ ကိုစပျစ်သီးခြောက် နဲ့ ရောဖုတ်ထားသော cereal သဖွယ် အချိုမုန့် Topping တစ်ခုပါ။

 

Dried Goji Berries ကတော့ အနီရောင်ဘယ်ရီသီး အခြောက်ဖြစ်ပြီး နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တရုတ် တိုင်းရင်းဆေးဝါးတွေထုတ်လုပ်ရာတွင် အသုံးပြုပြီး ချိုမြိန်တဲ့အရသာရှိသည့် အပြင် ဆေးဖက်ဝင်တယ်လို့ သိရပါတယ်။

 

မနက်ခင်း တစ်ခုအတွက် Smoothie bowlကောင်းကောင်းတစ်ခွက်ဟာ သင့်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ရုံမက လက်ဆက်သော အသီးအနှံများမှ အမျှင်ဓာတ် ၊ ပရိုတင်းဓာတ် ၊ ကျန်းမာစေတဲ့ အဆီ နဲ့ ကာဗိုဟိုက်ဒရိတ် တို့ပါဝင်တာမို့ သင့် တနေ့တာလုံးရဲ့ အစမှာ လန်းဆန်းနေစေမှာပါ။

 

Short Review by Myanmar Restaurant Guide 


Read 420 times.