Eating Tips

ရန်ကုန်မှာရှိတဲ့ စားလို့ကောင်းတဲ့ ကိုရီးယား စားသောက်ဆိုင်များ ...

June 23, 2020

ကိုးရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေအတွက် ရန်ကုန်မြို့က ကိုးရီးယားအစားအစာ ကောင်းကောင်း ရနိုင်မယ့် ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Bulgogi Brothers Myanmar

ကိုရီးယားစားသောက်ဆိုင်ကောင်းကောင်းကို ညွှန်းရမယ် ဆိုရင်တော့ Bulgogi Brothers Myanmar ကို ညွှန်းပါရစေ။ အဲ့ဒီဆိုင်က Special Hot Pot ဘူဒဲဂျိဂဲ့ကို ကိုရီးယား soju လေးနဲ့ တွဲဖက်ပြီး သုံးဆောင်လိုက်ရင် ပြည့်စုံတဲ့ အရသာကို ခံစားရစေမှာ အမှန်ပါပဲနော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီ အထိ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီခွဲ ကနေ ည ၁၀ နာရီခွဲ အထိ ဖြစ်ပါတယ်။

နာနတ်တောလမ်း၊ SOHO Diamond Condo Ground Floor၊ ရန်ကုန်မြို့
ဖုန်း - ၀၉-၇၇၇ ၇၁၆၁၆၁

၂။ Pyit Tine Taung Korea Reastaurant

ဒီဆိုင်လေးက ဈေးသက်သက်သာသာနဲ့ အရသာရှိတဲ့ ကိုးရီးယား အစားအသောက်တွေ အပြင် ကိုးရီးယား Hot Pot ပါ ရနိုင်သေးလို့ ကိုးရီးယား အစားအစာ ကြိုက်နှစ်သက်တဲ့သူတွေ သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီမှ ည ၉ နာရီ အထိ ဖြစ်ပါတယ်။

အမှတ်၁၄၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၄၆ လမ်းနဲ့၄၇ လမ်းကြား၊ ဗိုလ်တစ်ထောင်မြို့နယ်
ဖုန်း- ၀၉-၇၇၃ ၂၀၀၅၀၀


၃။ Little Korea BBQ

ဆလပ်ရွက်ထဲကို အသားကင်ပူပူလေးထည့်ပြီး ကိုရီးယားဆန်ချင်သူတွေ အတွက်ကတော့ ဒီဆိုင်လေးက အသင့်တော်ဆုံးလို့ ပြောပါရစေ။ Buffet ဖြစ်သည့်အပြင် ၃ ယောက်စား ၁ ယောက် free အစီအစဉ်လည်း ရှိတာမို့ လက်လွှတ်မခံသင့်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။

အမှတ် ၉၅၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာမြို့နယ်

ဖုန်း - ၀၉-၂၅၃ ၁၂၀၃၅၂


၄။ Hayeonjung

ကိုးရီးယား BBQ Buffet မှ စားချင်သူတွေအတွက် အသင့်တော်ဆုံးဆိုင်ကို ပြောပါဆိုရင်တော့ Hayeonjung ဆိုင်လို့ ပြောပါရစေ။ Buffet စားချိန်ကို အချိန်လည်း ကန့်သတ်မထားဘူးဆိုတော့ အေးအေးဆေးဆေး စားချင်တဲ့ သူတွေအတွက် အဆင်ပြေစေမယ့် ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၀ နာရီ အထိ ဖြစ်ပါတယ်။

ပေါက်တောဝမှတ်တိုင်၊ အောင်ဇေယျတံတားအနီး၊ Spring Line ကွန်ဒို ဒုတိယထပ်
ဖုန်း - ၀၉-၉၆၀ ၂၅၀၂၀၅


၅။ Korea Taste

Korea Taste ကတော့ အရသာ ကောင်းကောင်း ကိုးရီးယားအစားအစာကို ကြိုက်နှစ်သက်သူတွေအတွက် ဆိုင်ကောင်းတစ်ဆိုင်ဖြစ်ပါတယ်။ Menu အသစ်တွေ အများကြီး ထပ်ထပ်တိုးနေတာဆိုတော့ သွားစားကြည့်သင့်တဲ့ ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီ အထိ ဖြစ်ပါတယ်။

အမှတ် ၄၀၅၊ ဂမုန်းပွင့် Shopping Mall၊ လှည်းတန်း၊ အင်းစိန်လမ်း၊ ရန်ကုန်

ဖုန်း- ၀၉-၄၅၂ ၃၂၄၁၁၆


၆။ Yoogane

သူငယ်ချင်းတွေ စုပြီး ဈေးသက်သက်သာသာနဲ့ စားလို့ကောင်းတဲ့ ကိုးရီးယား စားသောက်ဆိုင်ကောင်းကောင်းကို ရှာနေတယ်ဆိုရင်တော့ Yoogane က သင့်အတွက် အသင့်တော်ဆုံးဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ အဲ့ဒီဆိုင်က ကြက်သားဘူးလ်ဂိုဂီ ချိစ့် ထမင်းကြော်ဆို နာမည်ကြီး အစားအစာတစ်ခုလို့တောင် ပြောလို့ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီ အထိ ဖြစ်ပါတယ်။

မြန်မာပလာဇာ တတိယထပ်၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
ဖုန်း - ၀၉-၇၉၇ ၁၀၂၄၄၀

၇။ Gangnam Buffet

Gangnam Buffet ကတော့ ကိုးရီးယားအရသာစစ်စစ် ကြိုက်တဲ့သူတွေ၊ ချိစ် ကြိုက်တဲ့သူတွေ၊ ကိုးရီးယား side dishes ကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီခွဲကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

မဟာ Land Center၊ ကမ္ဘာအေးဘုရားလမ်း (Micasa Hotel) အနီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်
ဖုန်း - ၀၉-၉၇၅ ၅၈၉၂၄၇


Read 1272 times.