Eating Tips

Korean Food Lovers တို့ မဖြစ်မနေသွားသင့်တဲ့ ဆိုင်များ

March 18, 2020

တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာဓလေ့တော်တော်များများဟာ ယနေ့ခေတ်လူငယ်များအကြားခေတ်စားလာတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားရိုးရာအစားအသောက်တွေဟာဆိုရင်လည်း တော်တော်လေး လူကြိုက်များလာကြပါတယ်။ ဒါ့ကြောင့် ကိုရီးယားအစားအသောက်တွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဆိုင်ကောင်းကောင်းလေးတွေကိုလည်း လမ်းညွှန်ပေးချင်တယ်။ ကင်ချီမြေက အစားအသောက်ကောင်းတွေကို စားနိုင်ဖို့အတွက် ဒီဆိုင်လေးတွေကို သွားကြည့်ဖို့တော့ လိုအပ်ပါတယ်နော်။

 

Image may contain: food

1. Bulgogi Brothers Myanmar
ကိုရီယားအစားအသောက်မျိုးစုံကို တစ်နေရာထဲမှာ စုံလင်စွာရနိုင်တဲ့ ဆိုင်ဆိုရင် Bulgogi Brothers ဆိုင်ဘဲဖြစ်ပါတယ်။ဆိုင်မှာချက်ပြုတ်တဲ့ Chef တွေကလည်း တောင်ကိုရီယားမှာ လေ့ကျင့်ထားတာဖြစ်ပါတယ်။ ဆိုင်ရဲ့မီနူးတွေကတော့ ကိုရီယားဒေသအလိုက် အစားအသောက်တွေကို A La Carte စနစ်ဖြင့် ရောင်းချပေးတာဖြစ်ပါတယ်။ Korea Style Hot Pot ၊ BibimBab၊ Ginseng Chicken Soup ၊ ကင်ချီထမင်းကြော်၊တော့ပိုကီ၊Korea style အသားကင်၊ ဆိုဂျူနဲ့ ဆန်အရက် တွေအပြင် အခြား Korea Menu တွေလည်း အများကြီးရှိပါသေးတယ်။ ဒါ့အပြင် Korea ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာမြင်ဖူးနေကြဖြစ်တဲ့ Korea Style ရေခဲသုပ်လည်း ရှိပါတယ်။ နေ့လည်စာအတွက် Lunch Box တွေလည်း စီစဉ်ပေးပြီး delivery ဖြင့်လည်း မှာယူလို့ရပါသေးတယ်။

BULGOGI BROTHERS MYANMAR 
G-136, G-Floor, Building 1, SOHO Diamond Tower, Nar Nat Taw St, Kamayut Tsp, Yangon.
Ph : 09 8640077, 09 73038899, 09796307127

 

Image may contain: food

2. Yoogane 
၁၉၈၁ ခုနှစ်တွင်တည်ထောင်ခဲ့ပြီးကိုရီးယား၊ ဘူဆန်တွင်လူကြိုက်အများဆုံးကြက်သား galbi စားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။မြန်မာပြည်မှာဆိုရင်လည်း Yoogane ကလူကြိုက်များတဲ့ Korea ဆိုင်တစ်ဆိုင်ဖြစ်လာခဲ့ပါတယ်။ ရေဘဝဲကြက်သားဂါလ်းဘီကို ရာမြောင်ခေါက်ဆွဲ၊ထမင်းကြော်တို့နဲ့ တွဲဖက်စားသုံးကြတာကို လူကြိုက်များကြပါတယ်။ ရေဘဝဲချိစ်ဗုံဒူဆိုရင်လည်း Cheese ကြိုက်တဲ့သူတွေအတွက်တော့ အထူးစပါယ်ရှယ်ပါဘဲ။ ချိစ်နဲ့ရေဘဝဲလေးတွေကို ရောပြီးစားနိုင်မှာဖြစ်ပြီး တပွဲကို ၃ ၄ ယောက်လောက်စားလို့ရပါတယ်။တော့ပိုကီ၊ရေညှိထမင်းလိပ်နဲ့ Fish Cake တွေလဲရပါသေးတယ်။ ကိုရီးယားအစားအသောက် ကောင်းကောင်းလေးစားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကလည်း ရွေးသင့်တဲ့အထဲပါပါတယ်နော်။ Myanmar Plaza မှာဆိုရင် ၃ လွှာ Momo Play ကစားကွင်းရှေ့မှာဖြစ်ပြီး Junction Mawtin မှာဆိုရင်တော့ ၄ လွှာမှာဖြစ်ပါတယ်။

 

Image may contain: food and indoor

3. Little Korea BBQ
Little Korea ကတော့ ဝက်သုံးထပ်သားကင်နဲ့ ကိုရီးယားအစားအစာ ၄၅ မျိုးခန့်ကို အဝစားသုံးနိုင်မဲ့ ဘူဖေးစနစ်ဆိုင်လေးဘဲ ဖြစ်ပါတယ်။ ကိုရီးယားစာ ပန်ကိတ်တွေ၊ ကိုရီးယားထမင်းသုပ်၊ ကိုရီးယားထမင်းလိပ်၊ ပဲခေါက်ဆွဲတွေ၊ ကိုရီးယားပဲကြာဆံသုပ်တွေ ၊ကင်ချီဟင်းချိုတွေ အကုန်လုံးကို အဝစားနိုင်မဲ့ အပြင် ကိုရီယားအသားကင်တွေကို ချိစ့်လေးနဲ့ တွဲဖက်ပြီးစားသုံးနိုင်မှာလဲ ဖြစ်ပါတယ်။ အကင်တွေမှာတော့ ဝက်သုံးထပ်သား၊ အမဲသားလွှာတွေ၊ ကြက်သားလွှာ၊ ပင်လယ်စာတွေ ပါဝင်မှာဖြစ်ပြီး ကင်ပြီးသားလေးတွေကို korea drama တွေထဲကလို ဆလပ်ရွက်လေးနဲ့ ထုပ်စားလို့ရသေးတယ်။ တယောက်ကို 15200+++ဖြစ်ပါတယ်။အစားတလိုင်းနဲ့ တင်မပြီးချင်ဘူးဆိုရင်လည်း ဆိုဂျူလေးကရှိနေပါသေးတယ်။ ဆိုဂျူကတော့ ဘူဖေးစနစ်မှာ မပါဝင်တဲ့အတွက် ယူတဲ့ပုလင်းအလိုက် ပေးရမှာဖြစ်ပါတယ်။ မြေနီကုန်းမှာတစ်ဆိုင်နဲ့ တောင်ဥက္ကလာတို့မှာတစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ တောင်ဥက္ကလာဆို အမှတ် ၉၅၊ H ဝေဇယန္တာလမ်း၊ ပါရမီမီးပွိုင့်အနီး ။မြေနီကုန်းဆို တိုက်အမှတ် ၁၃/A ရှမ်းကုန်းလမ်း၊ မြေနီကုန်း။

 

Image may contain: food

4. Gangnam Buffet
ကိုရီးယားအကင်နဲ့ ကိုရီယားHot Pot ကို အဝစားချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ ဆိုင်လေးပါ။ ကိုရီးယားအကင်နဲ့ဟော့ပေါ့အပြင် အရံဟင်းပွဲတွေအနေနဲ့ ကိုရီးယားအစားအစာ ၁၀ မျိုးကျော်ကိုပါ တစ်ခါထဲ စားသုံးနိုင်မှာဖြစ်ပါတယ်။ Hot Pot အတွက်အသားတွေအပြင် ပင်လယ်စာတွေလည်းပါသေးတယ်။ အကင်ဆိုလဲ Cheese လေးနဲ့ လိပ်ပြီး တွဲစားနိုင်မှာပါ။ Soft Drinks, Icecream နဲ့ Desserts တွေကိုလည်း ပေးထားပါသေးတယ်။ဘူဖေးစနစ်အတွက် တယောက်ကို 12800++ ဖြစ်ပါတယ်။ ဆိုင်ကတော့   မဟာ Land center ၊ ကမ္ဘာအေးဘုရားလမ်းမကြီး (Micasa Hotel အနီး)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ Phone - 09975589247

 

Image may contain: food

5. Sorabol Korean Restaurant 
Sorabol ကတော့ ကိုရီးယားအစားအသောက်တွေကို A La Carte စနစ်ဖြင့် ရောင်းချတဲ့ ဆိုင်လေးဘဲဖြစ်ပါတယ်။ BibimBap ဆိုတဲ့ ကျောက်အိုးပူထမင်းသုတ်၊ ပဲခေါက်ဆွဲ၊ အမဲစွပ်ပြုတ်၊ ဝက်သားကင်နဲ့ Bingsu ခေါ် ကိုရီးယားရေခဲသုပ်တို့အပြင် အခြား ကိုရီးယားအစားအစာ Menu တွေလည်း ရပါသေးတယ်။ မြန်မာပလာဇာနဲ့ ဗဟန်းတို့မှာ ဖွင့်ထားသည့်အပြင် Dagon Center 1 မှာတော့ K-BiBimBap ဆိုတဲ့ နာမည်လေးနဲ့ ဆိုင်ခွဲအသစ်ကို ထပ်မံဖွင့်လှစ်ထားတာဘဲ ဖြစ်ပါတယ်။ ဗဟန်းဆိုင်အတွက် လိပ်စာအပြည့်အစုံလေးကတော့-No.15, Kan Baw Za Road , Golden Valley Ward (2), Bahan Township. Phone Number -09 785 888999

Korean Food တွေကိုမှ သီးသန့်ရောင်းချပေးတဲ့ဆိုင်လေးတွေကို လမ်းညွှန်ပေးထားတာဆိုတော့ Korean Food Lovers တို့သွားရောက်စားသုံးကြည့်ကြပါနော်။


Read 683 times.