Eating Tips

Downtown ထဲက Kafe in Town

February 17, 2020

ရန်ကုန်မြို့လယ်ခေါင်ရဲ့အချက်အချာကြတဲ့နေရာမှာ Kafe In Town ဆိုင်လေးကတော့ ၃ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။ မနက် ၇ နာရီကနေ ည ၁၁ နာရီထိဖွင့်ပြီး Wifi Free ပေးထားတဲ့ အတွက် ကော်ဖီလေးသောက်မုန့်လေးစားပြီး အလုပ်အေးဆေး လုပ်လို့ရမဲ့ဆိုင်လေး တစ်ဆိုင်လဲဖြစ်ပါတယ်။

ကော်ဖီလေးတွေကတော့ 3000 ကနေစတင်ပြီး အပူနဲ့အအေး အပေါ်မူတည်ပြီး ဈေးနှုန်းလေးကွာသွားပါတယ်။

အစားအသောက်တွေအနေနဲ့ကတော့ Western, Chinese, Thailand, Asian Food , Shan Food နဲ့ kachin Food စတဲ့ အစားအသောက်တွေကို တစ်နေရာထဲမှာ ရနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။  ဈေးနှုန်း ၃၅၀၀ ကနေ စတင်ပြီး အများဆုံး ၁၂၅၀၀ ထိ အစားအသောက်ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။

Kafe in Town ရဲ့ လူကြိုက်များတဲ့ ဟင်းပွဲလေးတွေကတော့ ...

_ လာအိုစတိုင်ကြက်သားသုပ်၊

_ စပါ(ဂ်)တီ၊

_ ကချင်ဒံပေါက် ၊

_ စကော ထမင်းနဲ့

_ ကကတစ်ထိုင်ဝမ်စတိုင် ဟင်းလျာတွေကတော့ လူကြိုက်များပါတယ်။

ကချင်ဒံပေါက်ကိုတော့ ကြက်သား၊ဝက်သား၊အမဲသား ဆိုပြီး ကြိုက်နှစ်သက်ရာအသားကိုရွေးချယ်လို့ရပါတယ်။ဆိုင်မှာသုံးတဲ့ ထမင်းပွဲတွေအတွက် ဆန်ကိုတော့ ရှမ်းဆန်ကိုသာ သုံးပေးထားပါတယ်။ 

ရှမ်းအစားအစာနဲ့ ကချင်အစားအစာတို့ကိုတော့ ရှမ်းလူမျိုးနှင့် ကချင်လူမျိုး Chef တို့ကိုယ်တိုင် စီမံချက်ပြုတ်တာဘဲဖြစ်ပါတယ်။ ကျန်တဲ့အစားအစာတွေကဆိုရင်လည်း ကျွမ်းကျင် ဝါရင့်စားဖိုမှုးကြီးများ၏ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်တာဘဲဖြစ်ပါတယ်။ 

ခေါက်ဆွဲနဲ့ပက်သက်တဲ့အစားအစာတွေအတွက် သုံးတဲ့ခေါက်ဆွဲဟာဆိုရင်ဖြင့် ဆိုင်မှာ ကိုယ်တိုင် ပြုလုပ်တာဖြစ်ပါတယ်။ မုန့်ဟင်းခါးနဲ့ထမင်းကြော်ကိုလည်း Breakfast အတွက်ရောင်းပေးပါသေးတယ်။ Fresh Juice တွေဆိုရင်လည်း Customer မှာယူတော့မှ ချက်ချင်းဖျော်ပေးတာဖြစ်ပြီး Decoration လှလှလေးနဲ့ ပေးတာမို့ ဓာတ်ဖမ်းချင်တဲ့သူတွေအတွက် ok ပါတယ်။ 

ဆိုင်လေးမှာ သီးသန့် Party ပွဲတွေ လုပ်ချင်တဲ့သူတွေအတွက်လည်း စီစဉ်ပေးပါသေးတယ်။ လိုချင်တဲ့ အစားအသောက်အတွက်လည်း စားဖိုမှုးနဲ့ကိုယ်တိုင်တွေ့ပြီး ဆွေးနွေးလို့ရပါတယ်။ 

ဆိုင်ကအစားအသောက်တွေကို စားချင်ပေမဲ့ အချိန်ပေးပြီးမလာနိုင်တဲ့အတွက် Delivery Service နဲ့ မှာယူနိုင်ဖို့အတွက် စီစဉ်နေပါတယ်။

Kafe In Town 

============
Address- No (542), Merchant Road, Corner of Pansoedan Street, Kyauktada Township, Yangon.
Phone Number- 09 781 888 838.

Near Pansoedan Bus Stop.


Read 2082 times.