Up to 40% OFF

ယိုလုပ်နည်း အမျိုးမျိုး အပိုင်း (၁)

October 6, 2020

စတော်ဘယ်ရီ ဆော့ နှင့် စတော်ဘယ်ရီယို (Strawberry Jam)

စတော်ဘယ်ရီတွေ အရမ်းပေါနေတော့ စတော်ဘယ်ရီဆော့ နှင့်စတော်ဘယ်ရီယိုလေးလုပ်ပြီးသိမ်းထားလို့ရပါတယ်။

Strawberry Sauce ကိုကိတ်မုန့်ပေါ်မှာဆမ်းစားလို့လဲရပါတယ်။ မနက်စာပေါင်မုန့်မီးကင်ပေါ်မှာလဲ ဆမ်းစားလို့ကောင်းပါတယ်။ ရေခဲမုန့်ပေါ်မှာလဲ ဆမ်းစားကြပါတယ်။ Strawberry Jam ကိုလုပ်ရင်လဲ ပါ၀င်ပစ္စည်းတူတူပါပဲ ။ Jam က ပြောင်းဖူးမုန့်ပိုထည့်ရုံပါ။

ပါ၀င်ပစ္စည်းများ (စတော်ဘယ်ရီ ဆော့စ် အတွက်)

၁။ စတော်ဘယ်ရီ ၁ ခြင်း (ကြီးရင် အလယ်က ထက်ခြမ်းခြမ်းထားပါ။)

၂။ သကြား -ခွက် ၄ ပု ံ၃ ပုံ (ထမင်းစားဇွန်း ၁၂ ဇွန်း)

၃။ ရေ - ၁ခွက် ခွဲ

၄။ ပြောင်းဖူးမှုန့်-ထမင်းစားဇွန်း ၁ ဇွန်း

၅။ ဗယ်နီလာ အနံ - ၃ စက် (မပါလဲရပါတယ် အနံ အတွက်ပါ။)

၆။ ဆား -အနည်းငယ်

 

ပါ၀င်ပစ္စည်းများ ( စတော်ဘယ်ရီယို အတွက်)

၁။ စတော်ဘယ်ရီ ၁ ခြင်း (သေးသေးလေးတွေတုံးထားပါ။)

၂။ သကြား- ခွက် ၄ ပုံ ၃ ပုံ (ထမင်းစားဇွန်း ၁၂ ဇွန်း)

၃။ ရေ - ၁ ခွက် ခွဲ

၄။ ပြောင်းဖူးမှု့န် - ထမင်းစားဇွန်း ၃ ဇွန်း

၅။ ဗယ်နီလာ အနံ - ၃ စက် (မပါလဲရပါတယ် အနံအတွက်ပါ။)

၆။ ဆား - အနည်းငယ်

 

ပြုလုပ်နည်း (၂ မျိုးလုံးတွင် ပြုလုပ်နည်းတူတူပါပဲ)

၁။ ပါ၀င်သောရေထဲမှ အနည်းငယ်ကို ယူပြီး ပြောင်းဖူးမုန့်အရည်ဖျော်ထားပါ။

၂။ မီးဖိုပေါ်တွင် ရေ ၊ဆား၊ သကြားတို့ကို တည်ပါ။ ပွက်လာပြီး သကြားအရည်ပျော် လျှင် စတော်ဘယ်၇ီကိုထည့်ပါ။

၃။ ပွက်လာရင် ပြောင်းဖူးမုန့်အရည်ဖျော်ထားတာကိုထည့်ပါ။

၄။ ဗင်နီလာအနံကိုထည့်ပါ။

၅။ ဆော့အတွက်ဆိုရင် ပွက်လာရင် ချက်ချင်းမီးဖိုပေါ်မှ ချပါ။ ယို အတွက်ဆိုရင် နည်းနည်းပစ်သည်အထိထားပြီးမှ မီးဖိုပေါ်မှချပါ။

(မှတ်ချက်။ ။ ဆော့ကို ေ၇ခဲသေတ္တာထဲတွင် ၁ လခန့်ထားနိုင်ပါသည်။ ယိုကိုတော့ လေလုံတဲ့ဖန်ဗူးထဲတွင်ထည့်ရ်ျ ၆ လ မှ ၈ လခန့်ထားနိုင်ပါသည်။ )

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

crd

 

မြေပဲယို  (Peanut Candy)

PeanutCandyပြုလုပ်ရန်လိုအပ်သောပစ္စည်း

သကြား - ၂၀၀ဂရမ်

မြေပဲ - ၁၅၀ ဂရမ်

နှမ်း - ၅၀ဂရမ်

အုန်းသီးခြောက် - ၂၀ဂရမ်

သံပုရည် - တစ်ဇွန်း စားပွဲတင်ဇွန်း

ရေ - တစ်ဇွန်း စားပွဲတင်ဇွန်း

ဆီ - လ္ဘက်ဇွန်းတစ်ဇွန်း

(၁)Peanut Candy ထည့်မည့်ဘမ်းတွင်ဆီစိမ်စက္ကူခင်း ပြီးနှမ်း တဇွန်း ကိုမျက်နှာပြင်အနှ့ံ့ဖြူးထားပါ။ နှမ်းတဇွန်းကိုအပေါ်ဖြူးရန်ဘေးဖယ်ထားပါ။မွေမည့်ဇွန်းကိုဆီလူးထားပါ။

(၂)ဖန်ပန်းကန်လုံးတခုတွင်သကြား၊ရေ နှင့်သံပုရာရည်ကိုထည့်ပြီး microwave တွင် ၂မိနစ်ထည့်ပါ။ပြီးလျှင်ထုတ်ယူပြီးပန်းကန်ကိုစောင်းလှည့်ပေးပြီးနောက်ထပ်၁မိနစ်ခွဲခန့်caramelအရောင်နီလာသည်ထိထည့်ပါ။ microwave မသုံးဘဲမီးဖိုတွင်လည်းလုပ်နိုင်ပါတယ်။

(၃)caramel အရောင်ရလျှင်ဖယ်ထုတ်ပြီးသကြားရည်ထည်းသို့ မြေပဲ၊နှမ်းနှင့်အုန်းသီး ဖတ်တို့ထည့်ပြီးခပ်မြန်မြန်မွေပေးပါ။

(၄)သကြားရည်နှင့်မြေပဲနှမ်းတို့သမအောင်မွေပြီးပါကနှမ်းဖြူးထားသောဘမ်းထဲသို့ထည့်ပြီးမျက်နှာပြင်ညီအောင်ဖိပေးပါ။ဖယ်ထားသောနှမ်းကိုအပေါ်မျက်နှာပြင်တွင်ဖြူးပေးပြီးဆယ်မိနစ်ခန့်အအေးခံထားပါ။

(၅)ဆယ်မိနစ်ပြည့်ပါကခပ်နွေးနွေးအနေထားတွင်ဘမ်းထည်းမှထုတ် ယူပြီးဓားကိုဆီလူးကာလိုသလိုလှီးဖြတ်ပေးပါ။အေးသွားလျှင်ဖြတ်၍မရပါ။ဖြတ်ပြီးသားအုန်းသီးနှံ့မွေးမွေးမြေပဲချိုချဉ်လေးများကိုလုံးဝအေးသည်ထိအအေးခံပြီးလေလုံသောဘူးတွင်သိမ်းဆည်းသုံးဆောင်နိုင်ပါပြီ။

crd

 

ခရမ်းချဉ်သီးယို
 

ခရမ်းချဉ်သီးတစ်ပိသာကို အလုံးလိုက် ရေထည့်ပြုတ်ပါ။

ခရမ်းချဉ်သီးနူးလောက်ရင် အအေးခံပါ။ လက်နဲ့ကိုင်လို့ရတဲ့အခါ ဓါးအချွန်နဲ့ ခရမ်းချဉ်သီးလေးဖက်လေးတန်ကို အထဲရောက်အောင် အရာပေးပြီးခွဲပါ။

ပြီးရင် အစေ့တွေထွက်အောင်ညှစ်ထုတ်ပါ။ ခရမ်းချဉ်သီးကိုအလုံးမပျက်ပါစေနဲ့။

သကြား ၇၅ကျပ်သားကို ရေထည့်ပြီးသကြားရည်ကြိုပါ။ ဆားနည်းနည်း ထည့်ကြိုပါ။ သကြားအရည်ပျော်ရင် အ၀တ်နဲ့အမှိုက်တွေစစ်ပစ်ပါ။

ပြီးရင် သကြားရည်ကိုပေါက်စေးကျအောင်ပြန်ကြိုပါ။ သကြားရည်နဲ့ခရမ်းချဉ်သီး တစ်သားတည်းဖြစ်ရင် ဖိုပေါ်ကချပြီး အအေးခံပါ။

ခရမ်းချဉ်သီးကို အလုံးလိုက်ယိုမထိုးဘဲ ပြုတ်ပြီးသားကို စကာနဲ့အနှစ်တိုက်ပြီး ယိုထိုးလို့လည်းရပါတယ်။

crd 

 

Homemade durian fruit jam(ဒူးရင်းသီးယို)

ဒူးရင်းသီးကိုအခွံခွာ အိုးထဲရေ၁ခွက် ထန်းလျှက်သို့မဟုတ်သကြားဖြစ်ဖြစ်၁ခွက်စာရောပြီးမီးပြင်းပြင်းနဲ့ပူနေအောင်ကျိုပေးပါ။

ကျွန်တော်ကသကြားပဲလုပ်လိုက်တယ်ဘာကြောင့်လည်းဆိုတော့ထန်းလျှက်မရှိတော့လို့ ပြီးရင်ဒူးရင်းသီးအဖက်ထည့်ပြီးမီးအနေတော်ထားပြီးဆက်ကျိုပေး ထန်းလျှက်နဲ့ဆိုရင်အရသာကပိုကောင်းတယ်ဗျ

အရောင်လည်းပိုလှတယ်။ အရောင်အညိုရောင်ဘက်သန်းလာပြီးဆိုရင်ဆားလေးနည်းနည်းထည့်လိုက်ရင်ရပါပြီး အချိုပမာဏကိုယ့်စိတ်ကြိုက်ထည့်လို့ရပါတယ်

crd

 

နာနတ်ယိုထိုးနည်း

အချိုအရမ်းမကြိုက်ရင် သကြားနည်းနည်းလျှော့ပြီး ယိုထိုးနိူင်ပါတယ်။

အုန်းသီးမှုန့်ကို အစိုထည့်ပြီး ယိုထိုးနိူင်သလို အုန်းသီးမှုန့် အခြောက်ကိုလဲ သုံးနိူင်ပါတယ် မာမာကတော့ အုန်းသီးမှုန့် အခြောက်မှုန့်ကို သုံးပြီး ယိုထိုးထားပါတယ်။

 

ပါ၀င်ပစ္စည်းများ

နာနတ်သီးအမှည့် - အခွံခွာပြီးသား 1000 g

အုန်းသီးမှုန့် အခြောက် 200 g

သကြားအဖြူ - 100 g

ဆား - လက်ဖက်ရည်ဇွန်း တ၀က်

ပျားရည် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း

 

ပြင်ဆင်ပုံ

နာနတ်သီးကို အခွံခွာပြီး မျက်စေ့ပေါက်လေးများထုတ်ကာ သရက်သီးပေါက်သလို ပေါက်ပြီး အစိတ်လေးများ ရအောင်လှီးပေးထားပါ

အုန်းသီးမှုန့် သကြား ဆား ပျားရည်တို့ကို အဆင်သင့် ပြင်ထားပါ

ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတလုံးထဲမှာ နာနတ်သီးနှင့်နာနတ်သီးမှ ထွက်လာသော အရည်များ ဆား သကြား အုန်းသီးမှုန့် ပျားရည်တို့ကိုထည့်ပြီး မီးအနေတော်နှင့် အဆက်မပြတ်မပြတ် မွှေပေးပါ

မွှေနေရင်း နာနတ်သီးမှ ထွက်လာသော အရည်များခမ်းကာ သကြားနှင့် ပျားရည်တို့ ပေါက်စေးကျလာကာ အရောင်ပါ တဖြည်းဖြည်း ညိုလာပြီး နာနတ်ယိုနံ့သင်းလာပါလိမ့်မယ်

ရေလဲခမ်း နာနတ်ယိုနံ့လဲ မွှေးလာပြီဆိုတာနဲ့ မီးပိတ် အအေးခံပြီး ချိုချဉ်အရသာကောင်းတဲ့ နာနတ်ယိုကို စားသုံးနိူင်ပါပြီ။

crd 

 

By The Myanmar Restaurant Guide


Read 3344 times.