Up to 40% OFF

ယိုလုပ်နည်း အမျိုးမျိုး အပိုင်း ( ၃ )

October 10, 2020

ကျောက်ဖရုံယို ပြုလုပ်နည်း

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။

ကျောက်ဖရုံသီးအရင့်...နှစ်ချို့ဖြစ်ရပါမယ်။ကျောက်ဖရုံသီး အနုဖြင့် မရပါ။

အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက်မ အနံ(၂)လက်မခနျ့ အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန်ဆေးကြောလိုက်ပါ။

ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။

သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီ၀က်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ့ ထားပေးလိုက်ပါက သန့်ရှင်း

လတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို(သို့)Wintermelon candy ကိုမသုံးဆောင်နိုင်ပါပြီ။

Crd

 

ချိုချဉ်ငံစပ် သရက်သီးခြောက်ယို

သရက်သီးခြောက်လေးတွေ လှမ်းထားတာ အခုလိုရာသီးမျိုးမှာ အရမ်းဘဲ အသုံးဝင်ပါတယ်။

ယိုထိုးစားမလား ဟင်းချက်စားမလား ငါးပိချက်လေး ချက်စားမလား အရမ်းကို အစဉ်ပြေတဲ့ သရက်သီး ခြောက်လေးတွေပါ ဒီနေ့တော့ သရက်သီးခြောက်ကို ထန်းလျှက်ခဲနဲ့ ယိုထိုးနည်းလေး မျှဝေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

သရက်သီးခြောက် - 350 g

ထန်းလျှက်ခဲ - 200 g (အချိုကြိုက်ပါက ပိုထဲ့ပေးပါ)

ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း

ဆား - လက်ဖက်ရည်ဇွန်းတဝက်

လေးညှင်း - ၂ပွင့်

ဖာလာ - ၂ခု

စမုံစပါး - အနည်းငယ်

ပြင်ဆင်ပုံ

သရက်သီးခြောက်ကို ရေနှင့်တထပ်လောက် ဆေးပေးကာ ပေါင်းဇကာထဲထည့်ပြီး ရေနွေးဆူဆူနှင့် တနာရီလောက် ပေါင်းပေးပါ

သရက်သီးခြောက်များ ပျော့လာပါက ပေါင်းအိုးကို မီးပိတ်ထားပါ

လေးညှင်း ဖာလာ စမုံစပါးတို့ကို မီးအေးအေးနှင့် မွှေးလာအောင် လှော်ထားပါ

ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတကျ ကျိုပါ

ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးအသန့်တလုံးထဲ ပြန်ထည့်ပါ

ထန်းလျှက်ရည်ထဲသို့ပေါင်းထားသော သရက်သီးများ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါးတို့ထည့်မွှေပေးပြီး ထန်းလျှက်ရည် ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ

ထန်းလျှက်ရည် ခမ်းလာကာ သရက်သီးခြောက်ယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပြီး စားသုံးနိူင်ပါပြီ။

crd

 

ကန်ဇွန်းဥယို ( Sweet Potato Pudding)

ငယ်ငယ်တုန်းကကျောင်းမုန့်ဈေးတန်းမှာကန်ဇွန်းဥယိုဆိုပြီးရောင်းတာလေးတွေရှိခဲ့ဖူးပါတယ်။ အခုခေတ်တော့နိုင်ငံခြားဖြစ်မုန့်မျိုးစုံပုံစံအမျိုးမျိုးတွေက ကလေးငယ်တွေကိုစွဲဆောင်နေကြတာမို့ ကျောင်းတွေမှာရောင်းရင်တောင်ဝယ်စားဖြစ်ကြပါတော့မလားမသေချာတော့ပါ။

ပါဝင်ပစ္စည်း

ကန်ဇွန်းဥ - ၈၀၀ ဂရမ်/၅၀ကျပ်သား

ကြံသကာ/သကြားညို - ၁၀၀ဂရမ်

ဆား - လ္ဘက်ဇွန်းတဝက်

ထောပတ်/ဆီ - ၅၀ ဂရမ်

မြေပဲလှော် - ၅၀ ဂရမ်

နှမ်းလှော် - ၂၀ဂရမ်

ပြင်ဆင်ပြုလုပ်ပုံ

(၁)ဦးစွာကန်ဇွန်းဥကိုရေဆေးပြီးနူးအောင်ပြုတ်ထားပါ။

(၂)နူးအိပါကအခွံသင်ပြီးကျေအောင်ခြေပါ။ကြံသကာသုံးလိုပါကညောင်စေးကျေ အာင်ကျိုထားပါ။မြေပဲလှော်ပြီးလုံးခြမ်းကွဲကြိတ်ထားပါ။နှမ်းလှော်ထားပါ။

(၃)အိုးတခုတွင်ထောပတ်ထည့်ပြီးအပူပေးပါ။ကန်ဇွန်းဥချေထားသည်ကိုထည့်ပါ။သကြားညိုသို့မဟုတ်ကြံသကာဆားထည့်ပြီးသမအောင်မွေပေးပါ။

(၄)လုံးပြီးဆီပြန်လာသည်ထိမွေပေးပါ။ဆီပြန်လုံးလာပါကမြေပဲလှော်လုံးခြမ်းကွဲကြိတ်ထားသည်နှင့်နှမ်းလှော်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

(၅)ဘမ်းတွင်ပုံစံဖြင့်လှီးယူလိုပါကဆီလူးထားသောဘမ်းတခုတွင်ဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

crd

 

ယိုလုပ်နည်း အမျိုးမျိုး အပိုင်း (၁)

 

ယိုလုပ်နည်း အမျိုးမျိုး အပိုင်း ( ၂ )

 

By The Myanmar Restaurant Guide


Read 4324 times.