Easy Recipes

နို့စိမ်း သာကူ ပြောင်းဖူး ဂျယ်လီ ကို ဘယ်လို အဆင့်ဆင့် ပြုလုပ်မလဲ ?

October 17, 2020

ယိုးဒယားအချိုပွဲ၁ခုဖစ်တဲ့ နို့စိမ်းတွေဥနေပီး ဆိမ့်နေတဲ့ "နို့စိမ်းသာကူပြောင်းဖူးဂျယ်လီလုပ်နည်းလေး" တင်ပေးလိုက်ပါတယ်...

သာကူကိုရေတွေနဲ့မကျိုဘဲ နို့စိမ်းနဲ့ဘဲကျိုထားတာပါ (Cafeဆိုင်တွေ,Restaurant တွေမှာ အချိုပွဲအနေနဲ့ခွက်သေးသေးလှလှလေးနဲ့ အအေးခံပီးကျွေးရင်လဲရတယ်နော်)
 

"နို့စိမ်းသာကူပြောင်းဖူးဂျယ်လီ"
 

ပါဝင်ပစ္စည်းများ 

၁.ယိုးဒယားသာကူအထုတ်သေး၁ထုတ်
 

၂.နို့စိမ်း ၁ဘူး
 

၃.သကြား ထမင်းစားဇွန်း၂ဇွန်း
 

၄.ပြောင်းဖူး၁ဖူး
 

၅.ဂျယ်လီ၁ဘူး
 

"နို့စိမ်းသာကူပြောင်းဖူးဂျယ်လီ"လုပ်နည်းအဆင့်ဆင့်

၁.ယိုးဒယားသာကူအထုတ်သေးရဲ့ တဝက်တိတိကိုခွဲထည့်ထားပါ

၂.ပြောင်းဖူး၁ဖူးကို ပြုတ်ပြီး လှီးထားပါ

၃.ပထမစစပြုတ်ခြင်းကိုတော့ ရေ၁ဘူးထည့်ပီး ရေတွေပွက်လာရင် သာကူတွေထည့်ပြီး ပြုတ်ပေးပါ့မယ်

၄.သာကူတွေ ပွက်လာပြီဆိုရင် သကြားထမင်းစားဇွန်း၂ဇွန်းကို ထည့်ပြီး မွှေပါ့မယ်

၅.သာကူလေးတွေရဲ့ အထဲကအဆံအဖြူလေးတွေပျောက်သွား၊ ရေတွေခမ်းသွားပြီးဆိုရင် မီးခဏပိတ်ပြီး နို့စိမ်းဘူး၁ဘူးလုံးကို ထည့်ပါ့မယ်

၆.ပြီးရင် မီးပြန်ဖွင့်ပြီး ပွက်လာသည်အထိမွှေနေပေးပါ့မယ်

၇.နောက်တော့ မီးအရှိန်ကို လုံးဝအရှိန်လျော့ပစ်ပြီးတော့ ပြောင်းဖူးတွေ၊ ဂျယ်လီတွေထည့်ပါ့မယ် 

၈.မီးအေးအေးလေးနဲ့ မွှေနေပေးပြီးရင်တော့ လုံးဝမီးပိတ်လိုက်ကာ အရသာရှိတဲ့ လုံးဝနို့စိမ်းအရသာ ဆိမ့်ဆိမ့်လေးနဲ့ "နို့စိမ်းသာကူပြောင်းဖူးဂျယ်လီ"လေးကို အအေးခံပြီးစားလို့ရပါပြီနော်
(တခါတည်းအဝမစားဘဲနဲ့ ခွက်သေးသေးလေးထဲမှာထည့်ပီး ခဏခဏစားပါ အဲ့ဒါကပိုပီးစားကောင်းတယ်)

By The Myanmar Restaurant Guide

#credit ZPH 


Read 765 times.