Eating Tips

Hong Bao ဒင်းမ်ဆမ်းနှင့် ဟောင်ကောင်စတိုင်လ် စားသောက်ဆိုင် ၄ ဆိုင်မြောက်ဆိုင်ခွဲဖွင့်လှစ်

November 19, 2019

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် Hong Bao ဒင်းမ်ဆမ်းနှင့် ဟောင်ကောင်စတိုင်လ် စားသောက်ဆိုင် ၄

ဆိုင်မြောက်ဆိုင်ခွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်လမ်းဆုံ၊ မြိုင်ဟေဝန်ပန်းခြံအနီးတွင် ဖွင့်လှစ်ခဲ့ ပါတယ်။

Hong Bao Myanmar ၏ စားသောက်ဆိုင်ခွဲအား ခမ်းနားလှပတဲ့ ဟောင်ကောင်စတိုင်လ် အပြင်အဆင်များကို ခေတ်မီဆန်းသစ်ပြီး နွေးထွေးမှုရှိသည့် အပြင်အဆင်များဖြင့် အလှဆင်ထားတာကို တွေ့ရပါတယ်။

ဆိုင်တွင် ကျယ်ဝန်းတဲ့ အထူးသီးသန့်ခန်းများ ပါရှိသဖြင့် မိသားစုများ၊ မိတ်ဆွေများ၊ စီးပွားမိတ်ဖက်များနှင့် သက်တောင့်သက်သာရှိစွာ တွေ့ဆုံရင်းနှင့် ရန်ကုန်မြို့၏ အကောင်းဆုံးသော ဒင်းမ်ဆမ်း နှင့် အရသာထူးခြားတဲ့ ဟောင်ကောင်လက်ရာစစ်စစ် Sea Food ဟင်းလျာများကိုလည်း သုံးဆောင်နိုင်ပါတယ်။

ယင်းနေ့ ညနေ (၄) နာရီမှ (၅) နာရီခွဲအထိ Media Tasting အစီအစဉ်တွင် ဖိတ်ကြားထားတဲ့ သတင်းမီဒီယာများ၊ အစားအသောက်ဆိုင်ရာ Food Blogger များ စုံညီစွာ တက်ရောက်ခဲ့ ကြပြီး Hong Bao Myanmar ၏ Executive Chef ဖြစ်သူ Mr. Weng Ge Qu က Hong Bao Myanmar ၏ အထူးဟင်းလျာများ (Signature Dish) အကြောင်း စိတ်ဝင်စားဖွယ်ရာ ရှင်းလင်းပြသခဲ့ပါတယ်။

၎င်းအပြင် မိတ်ဆက်ပေးခဲ့တဲ့ ဟင်းလျာများကတော့ ပီကင်းဘဲကင်၊ ငါးဆီဖောင်းပုစွန်မြေအိုးချက်၊ ဝက်လက်မြေအိုး၊ ကျားပုဇွန်ကြော်၊ ဂဏန်းမဆလာချက်၊ ငါးမန်းတောင်မြေအိုး၊ ဆားဘဲဥအနှစ်ပေါက်ဆီ၊ ပုစွန်ညှပ်လိပ်၊ နိုင်လွန်ပုစွန်ပေါင်း၊ ရှန်ဟိုင်းပေါက်စီ၊ ဝက်ပေါင်းမှို၊ ပင်လယ်ဂုံးသားထမင်းကြော်တို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။


ယင်းဆိုင်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ကာ အရသာ အထူးကောင်းမွန်ပြည့်စုံတဲ့ အဆင့်မြင့် စားသောက်ဆိုင်တွင် အကောင်းဆုံးဒင်းမ်ဆမ်းနှင့် ဟောင်ကောင်လက်ရာစစ်စစ် ဟင်းလျာများကို ရောင်းချပေးလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ အရည်အသွေးအမြင့်ဆုံး Imported အသားငါးများ၊ ဟင်းခတ်အမွှေးအကြိုင်များကိုသာ အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။


မြန်မာစားသုံးသူများစိတ်ကျေနပ်မှုရရှိစေရန် ဟောင်ကောင်လက်ရာစစ်စစ် မီနူးများအတိုင်း ကွမ်ကျုံးမှ အတွေ့အကြုံရှိ စားဖိုမှူးများကိုယ်တိုင် ချက်ပြုတ်ကာ တည်ခင်းရောင်းချတဲ့ စားသောက်ဆိုင်လည်း ဖြစ်ပါတယ်။


ဆိုင်ခွဲအားလုံးတွင်လည်း အကောင်းဆုံး ဒင်းမ်ဆမ်း များအပြင် မြန်မာစားသုံးသူများ အကြိုက်တွေ့ နှစ်သက် ဟင်းလျာများဖြစ်တဲ့ ဟောင်ကောင်ဘဲကင်၊ ကြက်မဲဂျင်ဆင်း ဟင်းရည်၊ ကျောက်ငါးနီပေါင်း၊ Hong Bao Style ကျားပုဇွန်ကြော် စသည်ဖြင့် ဟောင်ကောင်လက်ရာစစ်စစ် ဟင်းလျာအမျိုးအစားပေါင်း ၂၀၀ ကျော်အား ရောင်းချပေးလျှက်ရှိကြောင်း သိရပါတယ်။


Read 319 times.