Eating Tips

Hein Kitchen မှ အသစ်ရောင်းချပေးမယ့် မုန့်ကို မိတ်ဆက်ပေးလိုက်ပါတယ်......

July 2, 2020

အဲ့ဒါကတော့ Calzone (ကယ်လ်ဇုံ) ပဲဖြစ်ပါတယ်။ အီတာလျံအစားအစာ တစ်မျိုးဖြစ်ပြီး အနီးစပ်ဆုံး Pizza (ပီဇာ) နှင့်တူပါ တယ်။ Pizza ကို မွေးဖွားခဲ့တဲ့ အီတလီနိုင်ငံ နေပယ်လ်မြို့မှာ ၁၈ ရာစုဝန်းကျင်လောက်က Calzone ကိုအစပြုခဲ့ပါတယ်။

Calzone က ရိုးရိုးပြောရရင် Pizza ကို အလယ်ကနေခေါက် မီးဖုတ်ထားတာဖြစ်ပြီး လမ်းသွားလမ်းလာအလွယ် လက်ကကိုင် စားလို့ရပါတယ်။ အီတလီမှာတော့ လမ်းဘေးအစာ street food ပေါ့ ။

အထဲမှာ အဓိကပါဝင်တာကတော့ Pizza Sauce, Pizza dough, Mozzarella cheese, Pizza toppings တွေကိုဒေသ အလိုက် အမျိုးမျိုး ထည့်သွင်းပြုလုပ်ကြပါတယ်။

မြန်မာမှုပြုပြီး ရှင်းရှင်းပြောရင်တော့ "ပီဇာ ခေါက်မုန့်" ပေါ့။ ခရမ်းချဉ်သီးအနှစ်ဆော့စ်နဲ့ တွဲစားလေ့ရှိပါတယ်။ 
herbs တွေနဲ့ တွဲစားရင်ပိုတောင် အရသာရှိပါတယ်။

Hein Kitchen ကနေ Calzone ကို (၄) မျိုးရောင်းချပေးသွားမှာပါ။

1. BBQ Chicken Calzone
    (ကြက်သား ဘာဘီကျူဆော့စ်၊ ပါစလီ၊ ငရုတ်ပွအစိမ်းပါဝင်ပါတယ်)

2. Sweet Pork Calzone
    (ဝက်သုံးထပ်သား၊ ဘေကွန်၊ ကျပ်တိုက် ဝက်အူချောင်း၊ ကြက်သွန်နီတို့ပါဝင်ပါတယ်)

3. Spicy Beef Calzone
    (အမဲသား၊ ငရုတ်သီး၊ ပြောင်းဖူးတို့ ပါဝင်ပါတယ်)

4. Hawaiian Sea Calzone
   (ပုဇွန်၊ နာနတ်သီး၊ ham(ဝက်သားပြား) တို့ပါဝင်ပါတယ်။

Calzone တိုင်းမှာ Pizza sauce, Cheese တွေနဲ့ တွဲစားဖို့ sweet Basil အရွက်နဲ့ homemade ခရမ်းချဉ်သီးအနှစ်တို့ကို ထည့်ပေးမှာပါ။

ဇူလိုင်လ ၁၅ ရက်နေ့ကနေစပြီး Hein Kitchen, FoodMall, Food2U, Hi-so Mall, Foodpanda တို့မှတဆင့်မှာ ယူနိုင်ပါတယ်။

ဈေးနှုန်းကတော့ ‘၆၅၀၀’ ကျပ် ဖြစ် ပါ တယ်။

Kitchen Phone : 09965002510, 09777754448
Address : 25 A Inya Myaing road, Golden Valley 1, Bahan , Yangon.

Credit #Hein_Kitchen

Photo Credit #Hein_Kitchen


Read 521 times.