Up to 20% OFF

ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေတဲ့ အစားအစာများ

July 6, 2020

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ နေရာအနှံ့မှာ ရှိနေတာဖြစ်ပြီး ဒီလိုရောဂါပိုးမွှားတွေကြောင့် ရောဂါဝေဒနာ ခံစားရခြင်း ၊ မခံစားရခြင်းဟာ မိမိရဲ့ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်မှု အပေါ်မှာ သက်ရောက်နေပါတယ်။

ခုခံအားစနစ် ကောင်းမွန်သူတွေဟာ တော်ရုံတန်ရုံ ရောဂါပိုးမွှားတွေလောက်ကို ခံနိုင်ရည်ရှိကြပြီး ကိုယ်ခံအားစနစ် အားနည်းသူတွေကတော့ မကြာခဏဆိုသလို ဖျားနာတတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည်

================

ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidant တွေကြွယ်ဝတဲ့ ပျားရည်နဲ့ ကြက်သွန်ဖြူတို့ကို ရောစပ်ပြီး ပုလင်းအလွတ်တခုထဲမှာ ၃ ရက်ကနေ ၅ ရက် လောက်အထိ ထားပြီးမှ တစ်နေ့တစ်ကြိမ် စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ရောဂါပိုးမွှားတွေ ကြောင့် အအေးမိဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


ချင်း၊ လက်ဖက်ရည်ကြမ်း

================

ရေနွေးပူပူထဲကို ဂျင်း ပါးပါးလှီးထည့်ထားတဲ့ ချင်းလက်ဖက်ရည်ဟာဆိုရင် အအေးမိဖျားနာ ကိုက်ခဲနေတဲ့အခါ ကိုက်ခဲနာကျင်မှု ဝေဒနာကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။


သံပရာ ရေနွေးကြမ်း

=============

ရေနွေးပူပူထဲ သံပရာသီးစိတ် အနည်းငယ်ထည့်ပြီး သောက်သုံးပေးခြင်းဟာ သံပရာသီးမှာပါဝင်တဲ့ ဗီတာမင်စီကြောင့် အအေးမိ ဖျားနာ နိုင်ခြေကို လျော့ကျစေပြီး ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။


ဟင်းနုနွယ် ဖျော်ရည်

=============

ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ စူပါအစားအစာ တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်ကို ကြိတ်ချေပြီး သံပရာရည် အနည်းငယ် ညှစ်ကာ သောက်သုံးပေးခြင်းအားဖြင့် ရောဂါပိုးမွှားတွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ တုပ်ကွေးနဲ့ အအေးမိဝေဒနာတွေကို ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။


Source: irrawaddy


Read 403 times.