Eating Tips

တူရကီနိုင်ငံ၏ အကြီးဆုံး လေယာဉ်စားသောက်ဆိုင်အား ဒေါ်လာ ၁.၄ သန်းဖြင့် ရောင်းချ

August 5, 2020

ခရီးသည်တင် လေယာဉ်ဟောင်းတစ်စင်းကို စားသောက်ဆိုင်အဖြစ် အသွင် ပြောင်းထားသည့် တူရကီနိုင်ငံ၏ အကြီးဆုံး လေယာဉ်စားသောက်ဆိုင်ကြီးကို တူရကီငွေကြေး လီရက်စ် ၁၀ သန်း (သို့မဟုတ်) အမေရိကန် ဒေါ်လာ ၁.၄ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်ကြောင်း တူရကီ အိမ်ခြံမြေလုပ်ငန်းစုတစ်ခုက ဆင်ဟွာသတင်းဌာနသို့ ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

တူရကီလေကြောင်းလိုင်းပိုင် လေယာဉ်ကိုယ်ထည်၌ တူရကီ နိုင်ငံတော်အလံ ထည့်သွင်း ရေးဆွဲထားသည့် A340 အဲဘတ်စ် အမျိုးအစား ခရီးသည်တင်လေယာဉ်ကြီးကို  ပျံသန်းမှု အနားပေးလိုက်ချိန် ၂၀၁၆ ခုနှစ်က အပိုင်း ၈ ပိုင်း ခွဲထုတ် ပိုင်းဖြတ်ခဲ့ကြောင်း Huseyin Caliskan အိမ်ခြံမြေလုပ်ငန်းစုက ဆိုသည်။

အဆိုပါ ပိုင်းဖြတ်ထားသည့် လေယာဉ်အစိတ်အပိုင်းများကို နောက်ပိုင်းတွင် တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ Burhaniye ခရိုင်သို့ သယ်ယူသွားခဲ့ကြောင်း ၊ ယင်းနောက် အနည်းဆုံး ကုန်တင်ကား ၇ စီး စာ လူပေါင်း ၂၈၀ ဦးထိ ဝင်ဆံ့စားသောက်နိုင်သော လေယာဉ်စားသောက်ဆိုင်ကြီးအဖြစ် အသွင်ပြောင်းခဲ့ကြောင်း သိရသည်။

ထိုအချိန်မှစ၍ ယင်းလေယာဉ်စားသောက်ဆိုင်ကြီးသည် ဒေသ၏ အမှတ်သညာတစ်ခု ဖြစ်လာကြောင်း ၊ မင်္ဂလာဧည့်ခံပွဲ ၊ ပါတီပွဲ နှင့် ညစာစားပွဲ ပေါင်းများစွာကို လက်ခံကျင်းပ ပေးခဲ့ကြောင်း သိရသည်။ တူရကီ စွန့်ဦးတီထွင်လုပ်ငန်းစုတစ်ခုက ယင်းလေယာဉ် စားသောက်ဆိုင်လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်းရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၊ မကြာသေးခင်က ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့ဖြစ်ပွားပြီးနောက် ယင်းလေယာဉ်စားသောက်ဆိုင်အား ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းစုက ဆက်လက်ပြောကြားခဲ့သည်။

(Xinhua


Read 511 times.