Eating Tips

အိန္ဒိယအစားအစာ အမျိုးပေါင်း(၇၀)ကျော် တစ်နေရာတည်း စုံစုံလင်လင်ရနိုင်တဲ့ စားသောက်ဆိုင်

September 2, 2020

foodies တို့ရေ Indian အစားအစာတွေ စားချင်ကြလား..?

Halal လဲဖြစ်ရမယ် အိန္ဒိယအစားအစာတွေကို အိန္ဒိယလက်ရာ စစ်စစ်အတိုင်း စားချင်တယ်ဆိုရင်တော့ 
သိမ်ဖြူလမ်းက Bombay BurmaIndian Restaurant ကိုညွှန်းပေးမယ်နော်။

အခုဆိုရင် သူ့ဆိုင်လေးမှာ menu အသစ် အလန်းစားတွေ ရနေပါပီ..။

Bombay burma ရဲ့Favorite အစားစာကတော့ Basamati Rice နဲ့ ချက်ထားတဲ့ ဒံပေါက်ကို မြေအိုးနဲ့ ထည့်ပြီး အပေါ်က ဂျုံသားအိအိ လေးနဲ့ ဖုံးထားတယ် စားခါနီးမှ အလယ်က ဖောက်လိုက်ပြီး ပူပူနွေးနွေး အငွေ့လေးတွေနဲ့ စားလို့ကောင်းမှကောင်းပေါ့..။ 

မှာတဲ့ချိန်မှ ချက်ချင်းချက်ပေးတာ ဖြစ်တဲ့အတွက် မိနစ် "၂၀" စောင့်ပေးရင် လတ်ဆတ်ဆတ်၊ ပူပူနွေးနွေး ဒံပေါက်လေးစားရမယ်။

ဒံပေါက်မှာ သက်သက်လွတ်ဒံပေါက် ၊ ကြက်သားဒံပေါက်၊ ဆိတ်သားဒံပေါက်၊ ငါးဒံပေါက်၊ ပုဇွန်ဒံပေါက်၊ ကြက်ဥဒံပေါက် ဆိုပြီး ရှိတယ်။

 "Vegetarian" တွေအတွက်က Vegetable Curry တွေနဲ့ Vegetable Tandoori(အကင်) တွေ ရှိပြီးတော့
 ခေါက်ဆွဲကြော် ၊ ထမင်းကြော် ၊ ချီလီဆော့ကြက်ကြော် စတဲ့ တရုတ်အစားအစာတွေလည်း ရသေးတယ်။

Bombay Burma ကို ရောက်ရင် ဘာစားရမလဲ မသိသေးတဲ့ သူတွေအတွက် Bombay Burma ရဲ့ လူကြိုက်များတဲ့ 
- မြေအိုးဒံပေါက်
- ဆိတ်ကဘတ်ကင်
- မလိုင်ကြက်ကင်
- ထောပတ်ဒိန်ခဲဟင်း
- ဆိတ်သားဟင်းတို့ကို recommend ပေးတယ်နော်။

ဆိုင်ကတော့ အောက်ဘက် Hall ခန်းအပြင် အပေါ်ထပ် Aircon ခန်းလည်း ရှိတယ်။ Staff party,Birthday Party တွေလည်း လုပ်လို့ရသလို ပွဲလိုက်အော်ဒါတွေနဲ့ Set Menu လည်းမှာလို့ရပါတယ်တဲ့..။

Take Away ဆိုရင်
Door2Door, Food Mall, Hi so mall ကနေ မှာလို့ရနေပါပြီ။

Bombay burma Indian စားသောက်ဆိုင်မှာလဲ ထိုင်စားလို့ ရနေပါပြီ..

All Halal Food
မင်္ဂလာတောင်ညွှန့်မြို့နယ် နဲ့ အနီးတဝိုက်ဆိုရင်လည်း Bombay Burma Indian Restaurant မှ ာအခမဲ့ ပို့ဆောင်ပေး နေပါသည်။ 

တခြားမြို့နယ်များ 5 kilometers  အတွင်း 20000 အထက် မှာယူပါက Free Delivery နဲ့ ပို့ဆောင်ပေးနေပါပြီး တခြားမြို့တွေဆိုရင် 
O2O delivery နဲ့ ချိတ်ပေးပါတယ်။ မြို့နယ်အလိုက် 2000 မှ 4000 အထိပဲ ရှိပါတယ်နော်။

ကဲ ဒါဆိုရင် foodies တို့လည်း အိန္ဒိယစာ စားချင်တယ်ဆို မနက် 10 နာရီကနေ ည 9နာရီအတွင်း ဘယ်ချိန်ပဲ ဗိုက်ဆာဆာ လာခဲ့လိုက်တော့နော်..။

အိန္ဒိယ အစားစာတွေ စုံစုံလင်လင်ရပြီး အိန္ဒိယ လက်ရာစစ်စစ်တွေ ရောင်းချပေးတဲ့ Bombay Burma ဆိုင်လေးကိုတော့ မိတ်ဆတ်ပေးပြီးသွားပြီဆိုတော့ သိမ်ဖြူနား ရောက်ရင် ဘာစားရမလဲ အများကြီး မစဉ်းစားနေနဲ့တော့နော်။

Bombay Burma Indian Restaurants
No.177/179, Bo Min Yaung Road, Mingalar Taung Nyunt Tsp. ,Yangon. 
Ph: 09969893207

#BombayBurma(photo)


Read 1683 times.