Up to 40% OFF

ချိုချိုမွှေးမွှေး အိမ်လုပ် ပန်းသီးဝိုင်

August 29, 2020

ဝိုင်ကို ဈေးကြီးပေးပြီး ဝယ်သောက်စရာ မလိုဘဲ အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်.. 

ပန်းသီးကို ဒီတိုင်းစားရတာ၊ ဖျော်ရည် ဖျော်သောက်တာ ၊ တခြားမုန့်တွေထဲ ထည့်စားရတာ ရိုးနေပြီဆိုရင်တော့ ချိုချိုမွှေးမွှေး ပန်သီးဝိုင်လေး လုပ်သောက် ကြည့်ရအောင်လေ။ လုပ်နည်းလေးကလည်း ရိုးရိုးရှင်းရှင်းလေး အိမ်မှာရှိတဲ့ ပစ္စည်းလေးနဲ့ပဲ လုပ်လို့ ရပါတယ်နော်။ 

ပြီးတော့ အမျိုးသမီးတွေ ဝိုင် တစ်နေ့ တစ်ခွက် သောက်ရင် အရွယ်တင် နုပျိုပြီး အလှတိုးစေတယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြ သေးတယ် မဟုတ်လား ။ အိမ်မှာ ကိုယ်တိုင် လုပ်တဲ့ အတွက် ကိုယ့်အကြိုက် အရသာအတိုင်း လုပ်လို့ ရပြီး လတ်ဆတ်တဲ့ ဝိုင်ရဲ့ အရသာကို ခံစားရ စေမှာပါ။

ဒီလို ကျန်းမာရေး နဲ့ ညီညွတ်ပြီး ချိုမြမြ ပန်းသီးဝိုင်လေး ပြုလုပ်ဖို့ အတွက် လိုအပ်တာတွေကတော့

၁။ ပန်းသီး – ၂၀ လုံး

၂။ သကြား – ၅၀၀ ဂရမ်

၃။ ရေ နွေး ပူပူ

၄။ လေလုံသော ဖန်ပုလင်းကြီး

၅။ ဝိုင် ပုလင်း

ပြုလုပ်နည်း အဆင့်ဆင့်

ပန်းသီးတွေကို အညှာခြွေပြီး ရေစင်အောင် ဆေးကာ ခြောက်သွေ့ အောင် ထားရပါမယ်။ ပြီးရင်တော့ ပန်းသီးလေးတွေကို ခက်ရင်း (သို့) ဓားလေးနဲ့ အ   ပေါက်လေးတွေ ဖြစ်အောင် ထိုးပါ။

ဝိုင် ပြုလုပ်မယ့် ဖန်ဘူးကြီးကို ရောဂါပိုးကင်းစင်စေဖို့နဲ့ အပူဒဏ် ခံနိုင်ဖို့ ကြက်သီးနွေးရေကို ဘူးထဲ သုံးမိနစ်လောက် ထည့်ပြီး သွန်ပစ်ပါ။

ပြီးရင်တော့ ပန်းသီးနဲ့ သကြားကို ထည့်ပါ။ ပွက်ပွက်ဆူနေတဲ့ ရေ နွေးကို ပန်းသီးနဲ့ သကြား ထည့်ထားတဲ့ ဖန်ပုလင်းကြီးထဲကို လောင်းထည့်ပါ။ လောင်း  ထည့်တဲ့အခါမှာလည်း အပြည့်မ လောင်းချဘဲ ပုလင်းအဝ နဲ့ ၁လက်မခွဲ အကွာ ချန်ပြီး အသီးမြှုပ်ရုံ ဖြည်းဖြည်းစီ လောင်းထည့်ရပါမယ်။

ထည့်ပြီးပြီဆိုရင်တော့ ချက်ချင်း ဘူးအဖုံးကို ပိတ်ပြီး နေ ရောင်ခြည်တိုက်ရိုက် မကျတဲ့ နေရာမှာ ဖန်ဘူးကြီးကို ရက် ၅၀ ခန့်ထားပါ ။ ရက် ၅၀ မပြည့်မချင်း  ဖွင်ကြည့်လို့ မရပါဘူးနော် ။

စပြီး အချဉ်ပေါက်လာပြီဆိုရင် gas တွေ ထွက်လာနိုင်ပြီး အဖုံး ပွင့်တတ်တာကြောင့် သတိထားပေးဖို့ လိုပါလိမ့်မယ်။ ၁၅ ရက်ဝန်းကျင် ရောက်ပြီ ဆိုတာနဲ့ ပန်းသီးက အရည်တွေ ထွက်လာပြီး သကြားတွေ ပျော်လာပါလိမ့်မယ်။ ရက် ၅၀ ပြည့် သွားပြီဆိုရင်တော့ ဖန်ဘူးကြီးထဲက ပန်းသီးလေးတွေကိုဆယ် ၊    အရည်ကို ရေစစ်လေးနဲ့ စစ်ယူပြီး ဝိုင်ပုလင်းထဲ ထည့်ပါ။

ဒီအဆင့်မှာ သောက်ချင်တယ် ဆိုရင်တော့ သောက်လို့ရပါပြီ။ ပိုပြီး သောက်လို့ ကောင်းချင်တယ်ဆိုရင်တော့ နောက်ထပ် ၃ ရက် လောက် ထပ်ထားလိုက်မယ်ဆိုရင် ချိုမြပြီး မွှေးနေတဲ့ အိမ်လုပ် ပန်းသီးဝိုင်လေး ရပါပြီနော် ။

ဝိုင် စိမ်တဲ့အထဲ ထည့်ထားတဲ့ ပန်းသီးလေးတွေကလည်း ပြန်စားလို့ ရပါတယ်နော်..။

References : Delishably


Read 1166 times.