Up to 40% OFF

စားချင်စဖွယ်ကောင်းတဲ့ ပြာပြာရောင်လေးနဲ့ ကောက်လှိုင်းတီမုန့်

August 25, 2020

မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ဒီပြာပြာမုန့်လေးကို သိကြတယ်မလား..။ ဒီမုန့်လေးကို ကောက်လှိုင်းတီမုန့် လို့ ခေါ်တယ်။ 

အိမ်မှာနေရင်း အလွယ်တကူ လုပ်စားလို့ရမယ့်  ကောက်လှိုင်းတီမုန့်  ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်း
-----------------------

ကောက်လှိုင်းတီပန်း
ဆန်မှုန့်
ပီလောပီနံမှုန့်
ဆား
ထန်းလျက်

ပြုလုပ်နည်း
-------------
(၁) ကောက်လှိုင်းတီပန်းကို ရေအနည်းထည့်ပြီး ကျေသွားသည်အထိ Blender နဲ့ ကြိတ်ပေးရပါမယ် ။ Blender မရှိရင် ကောက်လှိုင်းတီပန်းထဲကို ရေထည့်ပြီး ခရမ်းရောင်လေးတွေ ထွက်သည်အထိ ချေပေးပါ၊ ပြီးရင် အဖတ်တွေဖယ်ပြီး အရည်စစ် ယူထားရပါမယ်နော် ။

(၂) ထန်းလျက်ကို ကျေအောင် ထောင်းပြီး ရေနည်းနည်းလေး နဲ့ ဖျော်ပြီး ထန်းလျက်ရည် လုပ်ထားပေးရပါ  မယ် ။

(၃) ခုနတုန်းက ကြိတ်ထားတဲ့ ကောက်လှိုင်းတီအရည်ထဲကို ဆန်မှုန့် ၁၀သား ပီလောပီနံမှုန့်  ၅ ကျပ်သား ဆား အနည်းငယ် ထန်းလျက်ရည် ထည့်ပြီး မွှေပေးပါ ( ဆန်မှုန့်နဲ့ ပီလောပီနံမှုန့်က ထက်ဝက်အချိုးကွာရပါမယ် )

(၄) ပေါင်းမည့်အိုးထဲသို့ ထည့်ပြီး နှစ်သက်သော ပုံစံခွက်ဖြင့် မိနစ် ၃၀ လောက် ပေါင်းပေးပါ။

(၅) မိနစ် ၃၀ ပြည့်ပြီ ဆိုရင် တင်းတင်းအိအိလေး ဖြစ်နေတဲ့ ကောက်လှိုင်းတီမုန့်လေး ရပါပြီ။

မုန့်ကို ဓါးလေးနဲ့ အတုံးလေးတွေ တုံး ၊ အုန်းသီးလေးကို ခြစ်ပြီး အပေါ်ကနေ ဖြူး၊ ဒါဆိုရင် ကောက်လှိုင်းတီပန်းနဲ့ လုပ်ထားတဲ့ ကောက်လှိုင်းတီမုန့် မွှေးမွှေးလေးစားလို့ ရပါပြီ..။

မိသားစုOnline Cooking Foodstuff


Read 770 times.