Eating Tips

မတူညီတဲ့ အူပိတ် (၅)မျိုးရနိုင်တဲ့ ထူးထူးခြားခြား ဝက်သားတုတ်ထိုးဆိုင်

August 24, 2020

ဝက်သားတုတ်ထိုးလို့ ဆိုလိုက်တာနဲ့ ချက်ချင်းသွားစားချင်ကြမှာမလား.. foodies တို့ရေ

အဝေးကနေ ဟင်းရည်နံ့လေး ရတာနဲ့ စားချင်စိတ်တွေ ဖြစ်ပေါ်လာစေပြီး သရေကျလောက်အောင် ဆွဲဆောင်မှုအရှိဆုံး အစားအစာတွေထဲမှာ ပါဝင်တာကတော့ ဝက်သားတုတ်ထိုးပဲ ဖြစ်ပါတယ်။ 

အခု ဖော်ပြပေးချင်တာက ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ ဝက်သားတုတ်ထိုးဆိုင်တွေထဲက အရသာလည်း အရမ်းကောင်းပြီး ထူးထူးခြားခြား အူပိတ်(၅)မျိုးပါ ရနိုင်တဲ့ ဝက်သားတုတ်ထိုးဆိုင်ပါ။

ဘယ်နေရာမှာလဲဆိုတော့ သုဝဏ္ဏမြို့နယ်၊ ရေနံ့သာဈေးထဲမှာ ဖွင့်ထားတာပါ။ ရေနံ့သာဝက်သားတုတ်ထိုးဆိုင်ဆိုပြီး အများစု သိကြတဲ့ ဆိုင်လေးပါ.။

ဒီဆိုင်လေးမှာ ထိုင်စားလို့လည်း ရသလို၊ ခုဆိုရင် အိမ်တိုင်ရာရောက် Delivery ပါ ပို့ပေးနေပီဖြစ်ပါတယ်.။

သူများဆိုင်တွေနဲ့မတူဘဲ ထူးခြားတာက မတူညီတဲ့ အရသာတွေနဲ့ အစာသွပ်ထားတဲ့  ဝက်အူပိတ် (၅)မျိုး ရနိုင်တာပါ..။
- ဝက်အူပိတ်
- ကောက်ညှင်းအခေါက်အူပိတ်
- ဝက်အူချောင်း အူပိတ်
- သွေးအူပိတ်
- အသားအူပိတ် ဆိုပြီး အရသာ (၅)မျိုး ပဲ ဖြစ်ပါတယ်..။
ဈေးနှုန်းကလည်း တစ်ချောင်းမှ (၁၀၀)ကျပ်ဆိုတော့ စားတဲ့သူတွေအတွက်က အတန်ဆုံးနဲ့ ဗိုက်အပြည့်အ၀ စားနိုင်လို့လည်း ရပီပေါ့..။

ဝက်သားတုတ်ထိုးမှာ အဓိကက အချဉ်ရည်အရသာပါပဲ။ သူ့ရဲ့ အချဉ်ရည်စပ်စပ်လေးနဲ့အတူ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတွေနဲ့ တွဲဖက်စားလို့ကတော့ ပြောစရာမလိုအောင် ရှယ်စားလို့ကောင်းပီပေါ့..။

ထပ်ပြီးတော့ တုတ်ထိုးတစ်မျိုးတည်းနဲ့ စားရတာ မတင်းတိမ်တဲ့သူတွေအတွက် 
တွဲဖက်စားလို့ရမယ့် ကြာဇံကြော်၊ ခေါက်ဆွဲကြော်တို့နဲ့အတူ ဝက်သားသုပ်မျိုးစုံ၊ ဝက်လက်၊ ဝက်ခြေထောက်စွပ်ပြုတ်တို့လည်း ရှိပါသေးတယ်..။

အားလုံးစားချင်လာအောင်လို့ ဗီဒီယိုလေးနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

 

 

ကဲ အားလုံးပဲ ဗီဒီယိုလေးကို ကြည့်ပြီး သရေကျနေပြီဆိုရင်တော့ ကိုယ့်ရဲ့ဘော်ဘော်တို့နဲ့အတူ ဒီဆိုင်လေးမှာ သွားစားကြည့်ကြစို့လား..။ 


Read 984 times.