Up to 40% OFF

အရသာကောင်းတဲ့ ဆန်ချိုအေး ဖျော်ရည်

August 21, 2020

ဆန်ချိုအေးဆိုတာ ရှမ်းပြည်က ဒေသအစားအစာတစ်ခုဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ အသောက်များတဲ့ ဖျော်ရည်တစ်ခုလည်း ဖြစ်ပါတယ်။

အယ်ကိုဟော (alcohol) ဓာတ် အရမ်း မပါဘဲ ဖျော်ရည်တစ်ခု အနေနဲ့ သောက်လို့ ကောင်းတဲ့ ဆန်ချိုအေးကို ရှမ်းပြည်ဘက်တွေမှာတော့ လုပ်ရောင်းကြပါတယ်။ 

ခု ဆန်ချိုအေး ဖျော်ရည်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်..။ လုပ်နည်းလေးက တကယ်ကို မခက်ပါဘူးနော်..။

ပါဝင်ပစ္စည်းတွေ အနေနဲ့-
- ကောက်ညင်းဆန် (၂)ဗူး
- တဆေး
- ရေ 

ကောက်ညင်းကို တစ်ည ရေစိမ်ပြီး ခပ်တင်းတင်းအနေအထားရအောင် ချက်ပါ။ ကောက်ညင်းဆန်လုံးရှည်ရှည်လေးတွေကို သုံးပါ။ ဒါမှဆန်လုံးလှမှာပါ။ ထမင်းပေါင်းအိုးနဲ့ချက်ရင် ရပါတယ်။ 
နောက်တစ်မျိုး ကောက်ညင်းပေါင်းကို ဝယ်ပြီး လုပ်လို့လည်း ရပါတယ်။ ပြီးရင် အအေးခံပါ။

အအေးခံပြီးပြီဆိုရင်တော့ တဆေးလုံးကို ချေပြီး ကောက်ညင်းနှင့်ရောနယ်ပေးပါ။ တဆေးက အခဲ မရှိရင်လည်း အမှုန့်သုံးလို့ရပါတယ်။ 

အမှုန့်ဆိုရင် ကော်ဖီဇွန်း တဇွန်းမောက်မောက် ထည့်မွှေပေးပါ။ တဆေး(အခဲ)သုံးရင်တော့ တဆေးများကြေသည်အထိ ရောမွှေပေးရန် လိုအပ်ပါတယ်။ 

နောက် ရေ (၅) လီတာနှင့် ရောကာ ရေသန့်ဗူးထဲသို့ ထည့်ပြီး အလုံပိတ်ထားပါ။ ရေသန့်ဗူးကိုတော့ သန့်သန့်လေးထားပြီး ဆီကင်းနေရပါမယ်နော်။

ရှမ်းပြည်ဘက်မှာဆိုရင်တော့ ၃ ရက်လောက်ထားပါတယ်။ ပူတဲ့ဒေသမှာဆိုရင်တော့ တစ်ရက်ခွဲလောက် ထားပါ။ အချဉ်ဖောက်ထားတဲ့ ကောက်ညင်းဖတ်လေးတွေ ရေပေါ် ပေါ်လာပြီဆိုရင် အသင့်အနေအထားတိုင်း ရပါပြီ။

No description available.

ဆန်ချိုဖျော်ရည်ကို ပြင်းပြင်းရှရှ ကြိုက်လျှင် ရေများများ မရောပါနဲ့...

ပြီးရင်တော့ အချဉ်ဖောက်ပြီးသား ဆန်ချိုကို သကြားရည်ကျို၍ သောက်မည့်ခွက်ထဲ မိမိအချို အကြိုက်ပေါ် မူတည်ပြီး အချိုထည့်၊ ရေခဲထည့်ဖျော်ပြီးမှ သံပုရာသီး တစိတ် ညှစ်ထည့်ပေးပါ..

ဒါဆိုရင်တော့ ဖောက်ပြီးသား ဆန်ချိုကို အရသာကောင်းမွန်စွာ သောက်သုံးနိုင်ပါပြီ။

Source:


Read 2490 times.