Eating Tips

ခံစားမှုသုံးမျိုးကိုပေးစွမ်းနိုင်တဲ့ Green Restaurant & Bar

February 28, 2020

ညဘက်ဘီယာလေးသောက်ရင်း ဘောလုံးပွဲလေးကြည့်မလား? ဒါမှမဟုတ် မိသားစုနဲ့အတူ ညစာလေးစားရင်း ဝိုင်းဖွဲ့စကားပြောမလား? ဘော်ဒါတွေစုပြီးဖြစ်ဖြစ် ချစ်ရသူလေးနဲ့ ဖြစ်ဖြစ် လူငယ်တွေအကြိက် Unplugged songs လေးတွေနားထောင်ရင်း Cocktail နဲ့ Shisha လေးတွေသောက်ပြီး Chill ကြမလား?

အဲ့တာတွေအားလုံးကို တစ်နေရာထဲမှာရနိုင်မဲ့ဆိုင်လေးကတော့ Green Restaurant And Bar ဆိုတဲ့ဆိုင်လေးပါဘဲ။ဒီဆိုင်လေးကတော့ အင်းစိန်မှာဖွင့်ထားတာ ၁ နှစ်လောက်ကြာပြီဖြစ်ပြီး လူကြိုက်များတဲ့ဆိုင်လေးတစ်ဆိုင်လဲ ဖြစ်ပါတယ်။

 ဆိုင်ရဲ့ထူးခြားချက်လေးက ဆိုင်ရဲ့ထိုင်တဲ့နေရာပေါ်မူတည်ပြီး မတူညီတဲ့ခံစားမှုမျိုးရရှိမှာပါ။  အရှေ့ဆုံးနေရာမှာ ဘောလုံးပွဲ ကြိုက်တဲ့သူတွေအတွက် Projector နဲ့ဘောလုံးပွဲတွေကိုပြသပြီး၊ အလယ်ခန်းမှာတော့ မိသားစုတွေအေးဆေးစားသောက်လို့ရမဲ့ နေရာလေးဖြစ်ပါတယ်။ နောက်ဆုံးနေရာလေးကတော့ No Smoking Place ဖြစ်ပြီး Unplugged Song တွေကို နားထောင်လို့ရတဲ့နေရာလေးဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်သီဆိုချင်တဲ့ သူတွေအတွက်လဲ ၅၀၀၀ ပေးပြီးတော့ ကိုယ်တိုင်သီဆိုဖျော်ဖြေလို့ရပါသေးတယ်။ 

အစားအသောက်အနေနဲ့ကတော့ ညနေ ၄ နာရီနောက်ပိုင်းဆို အကင်မျိုးစုံကို ရရှိနိုင်ပြီး ဈေးနှုန်းကတော့ တစ်ချောင်းကို ၅၀၀ ကနေ စတင်ပြီး ရှိပါတယ်။ အသုပ်ကလေးတွေကတော့ ၁၀၀၀ ကနေစတင်ပြီးရှိပါတယ်။ အခေါက်ကင်၊ တုံယမ်းဟင်းချို၊ ငါးသံပရာပေါင်းနှင့် ငါးခေါင်းဟင်းချိုတွေကတော့ လူကြိုက်များပါတယ်။ 
အိမ်ကနေဘဲမှာစားချင်တဲ့ သူတွေအတွက်လည်း အင်းစိန်အနီးတစ်ဝိုက်ဆိုရင် Delivery ရှိပါသေးတယ်။ 

ဘီယာသီးသန့်သောက်သုံးချင်တဲ့ သူတွေအနေနဲ့ ဒီဆိုင်လေးကတော်တော် အဆင်ပြေပါတယ်။ ဘီယာ တံဆိပ်မျိုးစုံကိုမှ ပုလင်းနဲ့ရော စည်နဲ့ပါရောင်းချပေးတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုလင်းဝယ်သောက်ခဲ့လို့ ကံစမ်းမဲပေါက်ခဲ့ရင်လည်း အဖုံးအတိုင်းလဲပေးတဲ့အပြင် ကံစမ်းမဲပါတဲ့ ပုလင်းတွေကိုဘဲ ထပ်မံပေးတဲ့ Service လေးကိုတော့ သဘောကျမိပါတယ်။ 

နောက်ပြီးတော့ ဆိုင်တိုင်းမှာ မရနိုင်တဲ့ BurBrit ဘီယာကိုလည်း ခွက်ကြီး ၆၀၀၀ ခွက်သေး ၄၀၀၀ နဲ့ ဒီဆိုင်မှာသောက်လို့ရသေးတယ်နော်။ နိုင်ငံခြားအရက်လည်း စုံစုံလင်လင်ရှိပြီး Cocktail နဲ့ Shisha လည်းရပါသေးတယ်။ 

Wedding Dinner တွေအတွက်လည်း စီစဉ်ပေးပြီး မွေးနေ့ Party တွေအတွက် အခန်းဌားချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် စီစဉ်ပေးပါသေးတယ်။ 

Green Restaurant And Bar
ဆိုင်ဖွင့်ချိန်ကတော့ - မနက် ၈ နာရီကနေ ည ၁၁ နာရီထိပါ။
Address- No 49/A Mahar Thukhitar St Gyoe Gone east ward ISN ( Gyoe Gone bus stop)
Phone Number- 09 448 002 796, 01 364 4057
 


Read 395 times.