သံပရာသီး အခွံရဲ့ လျှို့ဝှက်ချက်က ဘာများလဲ?
သံပရာသီးသည် ကျန်းမာရေး၊ အသားအရေနှင့် ဆံကေသာအတွက် အထူးကောင်းမွန်ပြီး သံပရာသီးအခွံတွင် အသားထက်ပို၍ ဗီတာမင်များ ငါးဆမှ ၁၀ ဆ ထိ ပါဝင်သည်။
သံပရာသီးအခွံတွင် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နှင့်ဗီတာ မင်စီတို့ကဲ့သို့ ဗီတာမင်များနှင့် သတ္တုဓာတ်များ၊ အမျှင်ဓာတ်များပါ ဝင်သဖြင့် ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝစေနိုင်သည့် သံပရာ သီးအခွံ၌ ကျန်းမာရေး အားကောင်းစေသည့် အင်ဇိုင်းများပါဝင်ပြီး ကင်ဆာရောဂါကာကွယ်ရန်နှင့် ကုသရန် အသုံးပြုနိုင်သည်။
လေ့လာမှုတစ်ရပ်အရ ရေနွေးကြမ်းထဲတွင် စိမ်ထားသော သံပရာသီးအခွံကို စားပေးခြင်းကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း သိရသည်။
ထို့အပြင် ခန္ဓာကိုယ်၏ ရေဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်ကာ ဗက်တီးရီးယားများ မဝင်ရောက်စေရန် ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများ ပါဝင်သည်။
သံပရာခွံကို နေလောင်ဒဏ်ရာများအတွက် အရေပြားပေါ်သို့ တိုက်ရိုက်လိမ်းပေးနိုင်သည်။
သံပရာသီးအခွံတွင် ဗီတာမင်စီနှင့်ကယ်လ်ဆီယမ်တို့ ပမာဏ အများအပြား ပါဝင်သောကြောင့် အရိုးများကျန်းမာရေးကို အား ကောင်းစေသည်။
အဆစ်အမြစ်ရောင်ခြင်း၊ အရိုးအားနည်းခြင်း စသောရောဂါများကို သက်သာစေသည်။
ထို့အပြင် သံပရာသီးအခွံသည် ကိုယ်အလေးချိန်လျှော့ချရန်လည်း အထောက်အကူပြုသည်။ စိတ်ဖိစီးခြင်းကို လျှော့ချနိုင်သောအစွမ်းသတ္တိများလည်း သံပရာသီးအခွံတွင်ပါဝင်သည်။
သံပရာသီးအခွံစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရှိ မကောင်းသောကိုလက်စထရောပမာဏကိုလည်း လျော့ကျစေနိုင်သည်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သဖြင့် အသားအရေ အဆိပ်အတောက်မဖြစ်စေရန်လည်း ကာကွယ်နိုင်သည်။
ထို့အပြင် အမျှင်ဓာတ်ပါဝင်သော သံပရာသီးအခွံများ စားပေးခြင်းဖြင့် အစာချေဖျက်မှုစနစ်ကို အားကောင်းစေနိုင်သည်။
ဗီတာမင်ပါဝင်သော သံပရာသီးအခွံများက ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုမဖြစ်စေရန် ကာကွယ်နိုင်သောကြောင့် သွေးတိုးရောဂါကုသရန် အထောက်အကူပြုသည်။
By The Myanmar Restaurant Guide