Up to 20% OFF

ဘယ်လို သစ်သီးဖျော်ရည်တွေကို မဖြစ်မနေ သောက်သုံးသင့်သလဲ ?

October 12, 2020

အောင်မြင်တိုးတက်လာတဲ့ ခေတ်ကာလကြီးထဲမှာ အစားအသောက်အသစ်အဆန်းတွေကလည်း တစ်နေ့တစ်မျိုး ပေါ်ပေါက်နေပါတယ်။

တချို့အစားအစာတွေက ကျန်းမာရေးကိုအထောက်အကူပြုသလို တချို့ကလည်း side effectတွေကြောင့် ဆိုးကျိုးတွေရစေပါတယ်။

ဒါ့ကြောင့် အစားအသောက်တွေကို သုံးဆောင်တဲ့အခါ ကျန်းမားရေးကိုလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။

ဘယ်လို သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုပုံစံ ကျန်းမာနေစေတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ပြီး သင့်ကျန်းမာရေးအတွက်လည်း မဖြစ်မနေကို သောက်သုံးပေးသင့်ပါတယ်။

၁. လိမ္မော်သီးဖျော်ရည်

လိမ္မော်သီး ဖျော်ရည်ဟာ ကင်ဆာကို တားဆီးနိုင်ဖို့ ဗီတာမင်စီက ကူညီနိုင်တဲ့ အပြင် ဆဲလ်ပျက်စီးမှု တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင်သည်တွေ သောက်သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါတယ်။ လိမ္မော်သီးဖျော်ရည်မှာ ကယ်လဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေ ပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

 

၂. ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ တခြား ကျန်းမာရေး ကောင်းစေတဲ့အချက် တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်းမွန်စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ စွမ်းအင်တိုးစေခြင်း၊ ရောဂါ တိုက်ထုတ်ပေးခြင်း၊ အမြင်အာရုံကောင်း စေခြင်းစတဲ့ အချက်တွေများစွာ ပါဝင်တာ ကြောင့် တစ်နေ့ကို ပန်းသီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

 

၃. သလဲသီးဖျော်ရည်

သလဲသီးဖျော်ရည်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေများစွာ ရရှိမှာ ဖြစ်ပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသီး တစ်မျိုးလည်းဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို ထပ်ပေါင်း ဖြည့်စွက်ပေးပါ။

 

၄. ဘလူးဘယ်ရီသီးဖျော်ရည်

ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီးတစ်မျိုးလို့ ဆိုပါတယ်။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

 

၅. ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့အရသာရှိပြီး အနီရောင်ဖြစ်တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့ Flavonoid တွေ ပါဝင်ပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်နိုင်တဲ့ အာနိသင်ရှိကာ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတွေအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

 

၆. စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

၇. အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်းရောင် ချယ်ရီသီးဖျော်ရည်ကတော့ ကြွက်သားတွေ ပျက်စီးတာနဲ့ နာကျင်တာကို သက်သာစေတဲ့ ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများအပြားပါဝင်ပါတယ်။

 

၈. အနီရောင် စပျစ်သီးဖျော်ရည်

အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အကူ ပြုနိုင်ပါတယ်။


Read 608 times.