Up to 20% OFF

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

September 26, 2020

ပြောင်းဖူးမှာ အာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

 

၁. နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပြောင်းဖူးမှာ ဗီတာမင် B9 လို့ခေါ် တဲ့ ဖောလိတ်ပါဝင်မှုကြောင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအစာကို များများစားတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ လေဖြတ် တာနဲ့ နှလုံးရောဂါထတာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

 

၂. ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ်ကင်ဆာကို ကာကွယ်ပေးတာပါ။ ပြောင်းဖူးမှာ Beta Cryptoxanthin ပါဝင်တာကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေးရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

 

၃. မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။

ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဉာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင်တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

 

၄. အမြင်အာရုံကို ကာကွယ်ပေးပါတယ်။

ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်ပေး ပါတယ်။

 

၅. ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ပြောင်းဖူးမှာ Ferulic Acid များစွာ ပါဝင်ပြီး အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါ အမျိုးအစားတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

၆. သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်။

ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။

 

ဂရုစိုက်ရန်

လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုူးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။

 

By The Myanmar Restaurant Guide


Read 632 times.