Cafes & Restaurant

ဆူရှီတစ်ပွဲ ၁,၀၀၀ ကျပ်ကနေ စရှိတဲ့ ဘတ်ဂျတ်ဆူရှီဆိုင်လှလှလေး

November 22, 2023

ဆူရှီဖန်တွေအတွက် စျေးလည်းသက်သာတယ်၊ ဆိုင်အပြင်အဆင်လေးကလည်း ခမ်းနားတယ်၊ အရသာလည်း ကောင်းတဲ့ ဆူရှီဆိုင်လှလှလေးတစ်ဆိုင်ကို ရှာဖွေပေးထားပါတယ်။ ဘတ်ဂျတ်ဆိုင်လေးဆိုပေမဲ့ လုံ၀ အထင်သေးလို့မရတဲ့ ဆိုင်မျိုးပါ။ ဒါကြောင့် ဆိုင်လှလှလေးမှာ ဆူရှီဒိတ်လုပ်လို့ရအောင် အောက်မှာ အပြည့်အစုံ ဖတ်ကြည့်လိုက်နော်။

ဆိုင်နာမည်က Cookie Sushi ဖြစ်ပါတယ်။ လှိုင်သာယာမှာတစ်ဆိုင် ရှိပြီး အခုပြောပြပေးထားတဲ့ ဆိုင်ကတော့ ရွှေပြည်သာမှာ ဖွင့်ထားတဲ့ ဆိုင်အခွဲအသစ်လေးအကြောင်းပါ။ လှိုင်သာယာဆိုင်ကတော့ Rooftop မှာကို နှစ်ထပ် လုပ်ထားပြီး ဥယျာဉ်ခြံပုံစံ အပင်လေးတွေနဲ့ အလှဆင်ထားပါတယ်။

ရွှေပြည်သာဆိုင်ခွဲ အပြင်အဆင်ကို ပြောပြရမယ်ဆိုရင် တစ်ဆိုင်လုံးကို အဝါရောင်နဲ့ ခရမ်းရောင်လေး စပ်ပြီး အရောင်တောက်တောက်လေးတွေ သုံးထားတာကြောင့် ခမ်းနားတဲ့ အသွင်အပြင်ကို ရစေပါတယ်။ ဘယ်နေရာရောက်ရောက် ဓာတ်ဖမ်းလိုက်ရမှဆိုသူတွေအတွက် Lighting လည်း ကောင်းတာမို့ လုံး၀ အံကိုက်ပါပဲ။ ဆိုင်ထဲမှာကို အလှငါးလေးတွေ ထည့်ထားတဲ့ စမ်းချောင်းအတုလေးတစ်ခုလည်း ရှိပါတယ်။

     Advertisement

Click Here > ATT

ထိုင်ခုံတွေကအစ သက်တောင့်သက်သာ ဖြစ်အောင် ဆိုဖာအကောင်းစားကြီးတွေ သုံးထားပေးပြီး ဂျပန်စတိုင် အောက်မှာ ထိုင်ရတဲ့ ဝိုင်းလေးတွေလည်း ရှိပါတယ်။ ဆိုင်ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အသစ်ကလေးမို့ သပ်သပ်ရပ်ရပ်ရှိတာကြောင့် ထိုင်လို့ကောင်းတဲ့ ဆိုင်မျိုးပါပဲ။ မီးပျက်ပျက်လာလာ ၂၄ နာရီ အဲကွန်း ဖွင့်ပေးတာကြောင့် အေးအေးဆေးဆေး ထိုင်စားလို့ ရပါတယ်။

အစားအသောက်ပိုင်းကတော့ သူ့ဆိုင်မှာ အဓိက ရတာက ဆူရှီအစုံ၊ ယိုးဒယားအထောင်းတွေနဲ့ သောက်စရာ အသီးဖျော်ရည်တို့ပဲ ဖြစ်ပါတယ်။ ဆူရှီပွဲတွေမှာဆို တစ်ပွဲ ၁,၀၀၀ ကျပ်ကနေ စရှိပြီး အများဆုံး ပရီမီယမ်ပွဲတွေကိုမှ ၈,၀၀၀ ကျပ်အထိပဲ ရှိပါတယ်။ ဆူရှီ ခြောက်မျိုး၊ ရှစ်မျိုး၊ ဆယ်မျိုး စသဖြင့် အစုံပါတဲ့ Set တွေကိုမှ ၁၀,၀၀၀ ကျပ်ကနေ ၁၈,၀၀၀ ကျပ်အထိ ရှိပါတယ်။

ဒါ့အပြင် ကင်းမွန်ကွင်းကြော်၊ ငါးတန်ပူရာ၊ အပ်မှိုကြွပ်ကြော်၊ အားလူးချောင်းကြော်၊ Chiken Katsu တို့လည်း ရပါတယ်။ စျေးနှုန်းတွေကတော့ ၂,၅၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်ကြားမှာ ရှိပါတယ်။ 

ယိုးဒယားအထောင်းတွေမှာ ပဲကြာဇံသုပ်၊ သင်္ဘောသီးထောင်း၊ ပြည်ကြီးငါးထောင်း၊ ရေဘဝဲထောင်း၊ ကင်းမွန်ထောင်း၊ ကြက်ခြေထောက်ထောင်း၊ ကျွဲကော်သီးထောင်း၊ အပ်မှိုထောင်း၊ မုယောထောင်း၊ မုန့်ဖက်ထောင်း၊ ပြောင်းဖူးထောင်းတို့ ရပြီး စျေးနှုန်းတွေဆို ၃,၀၀၀ ကျပ်ကနေ အများဆုံး ၅,၀၀၀ ကျပ်အထိပဲ ရှိပါတယ်။ 

သောက်စရာအနေနဲ့ ကော်ဖီအပူ/အအေး၊ ရေခဲသုပ်၊ ရေခဲမုန့်၊ ဖာလူဒါ၊ အသီးဖျော်ရည်တွေအပြင် Milk Tea တို့လည်း ရပါသေးတယ်။ စျေးနှုန်းတွေကတော့ ၁,၅၀၀ ကျပ်ကနေ စရှိပြီး ၃,၅၀၀ ကျပ်အထိပဲ ဖြစ်ပါတယ်။ 

အိမ်မှာ နေရင်း ဒါမှမဟုတ် ရုံးတက်ရင်း ဗိုက်ဆာတတ်တဲ့သူတွေအတွက် သူ့ဆိုင်မှာ Delivery ဝန်ဆောင်မှုလည်း ရှိပါတယ်။ ကျပ် ၃၀,၀၀၀ ဖိုးအထက် မှာစားရင် အခမဲ့ ပို့ဆောင်ပေးပါသေးတယ်။ 

ပရိုမိုးရှင်းအနေနဲ့ အောက်က မူရင်းပို့စ်အောက်မှာ Review ရေးပေးရင်း 20% Discount ပေးနေပါတယ်။ ကိုယ်ရေးထားတဲ့ Review ကို ဆိုင်ကို ပြလိုက်တာနဲ့ 20% လျှော့ပေးမှာပါ။ Reviews အားလုံးထဲမှ အကြိုက်ဆုံး ၃ ယောက်ကို ရွေးပြီး ၂၀,၀၀၀ ဖိုး ကူပွန်လည်း ထပ်မံပေးသွားဦးမှာပါ။ ပရိုမိုးရှင်းရက်ကတော့ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖြစ်ပါတယ်။ 

>> https://shorturl.at/aqEI0 (Review ရေးရန် Post Link)

ဒီလို ဆိုင်လှလှလေးမှာ ဓာတ်ဖမ်းရင်း စျေးတန်တန်နဲ့ ဆူရှီလေးတွေ စားချင်တယ်ဆိုရင်တော့ -

လိပ်စာ - ထန်းခြောက်ပင်မှတ်တိုင်၊ ရိုးမဘဏ်မျက်စောင်းထိုး၊ ရွှေပြည်သာမြို့နယ်။ 

ဖုန်း - 09779923820

လိပ်စာ - မီးခွက်စျေးမှတ်တိုင်၊ မကွေးလမ်းမပေါ်၊ Robit Fashion Shop အပေါ်ဆုံးထပ်၊ လှိုင်သာယာမြို့နယ်။ 
ဖုန်း - 09790606390

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆူရှီဆိုင် (၁၀၀) ကျော်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် အပြည့်အစုံတို့ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

>> https://www.restaurantguide.com.mm/listing/k:Sushi


Read 349 times.