Eating Tips

Container တွေကိုအလှဆင်ပြီးဖွင့်လှစ်ထားတဲ့မန္တလေးကအကင်ဆိုင်

February 3, 2020

အကင်ဆိုင်သွားရင် အကင် ကင်တဲ့ အညှော်နံ့တွေအပြင် ၊ကားရပ်စရာကမရှိ၊ ဆိုင်က ကျဉ်းကျဉ်း နဲ့ စားပွဲဝိုင်းတွေကများတာနဲ့၊ ခြင် ကိုက် ရတာနဲ့၊ အဲကွန်းခန်း / သီးသန့်ခန်း မရှိရတာနဲ့၊ ပြီးတော့ ဓါတ်ပုံရိုက်လို့ မလှတဲ့ ပြသနာတွေကိုတော်တော် များများကြုံဖူးကြမှာပါ။


အကင်ကြိုက်ရင် အကင်နံ့တော့ ခံနိုင်ရမယ် လို့ မပြောနဲ့နော်။ ကလေးရှိလာတော့ လူကြီးအတွက်သာ ညှော်နံ့က ဘာမှ မဖြစ်ပေမယ့် ကလေးအဆုတ်က မခံနိုင်ဘူး။


ဒီဆိုင်လေးမှာ ကျတော့ အကင်နံ့က အနောက်ပိုင်းမှာ သေချာ ကင်တော့ အနံ့ လုံးဝ မနံ သလို၊ အပေါ်ထပ်မှာလဲ အဲကွန်းခန်းရှိတော့ မိသားစုတွေ သီးသန့်စားချင်ရင်လဲ အဆင်ပြေတယ်။ ဆိုင်နေရာကလည်းကျယ်တော့ ကားပါကင်မရမှာအတွက် လုံးဝစိတ်ပူစရာမလိုတော့ဘူး။


အကင်ဆိုင်တော်တော်များများက မှာပြီးရင် မေ့တာနဲ့ မှားတာနဲ့ ခေါ်ရင် မလာတာနဲ့ မကြားချင်ယောင် ဆောင်ရတာနဲ့ အရမ်း စိတ်ပျက် စရာ ကောင်းပေမယ့်လို့ ဒီဆိုင်ကတော့ ဝိတ်တာ အင်အားလဲ ရှိပြီး နိုင်နင်းလို့
မှာတာတွေလဲ သေချာချပေးပြီး၊ ကင်တာလဲ (၁၅)မိနစ်လောက်ပဲ ကြာတယ်။


ဘာတွေရလဲဆိုရင်တော့ အကင်ပေါင်း(၅၀)ကျော်ရရှိနိုင်ပြီး ဟင်းပွဲတွေကလည်း အမယ်စုံလင်ပြီးတော့ နာမည်ကြီးဈေးကြီးပေးရတဲ့ဆိုင်တွေထက် အရသာကမလျော့ပါဘူး။ သူ့အကင်အရသာ က ပြင်းရှ မနေဘဲ နဲ့ကို စွဲမက်စေတာ။ သူ့ရဲ့ ကိုယ်ပိုင် အချဉ်နဲ့ အကင်လေးတွေ တွဲစားကြည့်...ဘီယာ သောက်စရာမလိုဘဲကို ပြီးပြည့်စုံတဲ့ ညနေစာ ဖြစ်မှာ အာမခံတယ်။အာလွန်းတာ စပ်လွန်းတာ မရှိဘဲနဲ့ကို အရသာကကောင်းလွန်းလှပါတယ်။ 


အကင်ထိုးထားတာက တခြားဆိုင်တွေထက် ကြီးတယ်။ မခို ထား၊ မလျော့ထား ဘူး။သူ့မှာပါတဲ့ portion က အရမ်းများတယ်။တစ်ချောင်းဆို တစ်ချောင်း သိသိသာသာကို ပါတာ များတော့ တစ်ချောင်းချင်းစီ တွက်ရင် ဈေးကြီးသလိုထင်ရပေမယ့် ပြန် စားရတဲ့ ပမာဏ က အရမ်းကို တန်ပါတယ်။ ဒါ့အပြင် ပင်လယ်စာကြိုက်တဲ့သူတွေအတွက်လည်း ပင်လယ်စာဟင်းပွဲတွေလည်း ရှိပါတယ်။

အစားတင်မဟုတ်ဘဲ အသောက်လေးပါရောချင်တဲ့သူတွေအတွက်လည်း သောက်စရာ ဘီယာရှိပါတယ်။
တခြားဆိုင်တွေမှာ စည်ဘီယာနဲ့ပတ်သတ်ရင် (၁)မျိုး (၂)မျိုးပဲ ရပေမယ့် ဒီဆိုင်က (၅)မျိုးတောင် ရတယ်။

-Tiger, Tiger Black, Heineken, Myanmar Premium, Kirin နဲ့ ဘီယာပုလင်းတွေ
တော်တော်လေး စုံအောင်ရှိတော့ အကြိုက်မတူတဲ့သူတွေအတွက် တစ်နေရာတည်းမှာပဲ အားလုံးရတယ်။
အကင်စားချင်ပေမဲ့ညှော်မှာလည်းမကြောက်ရဘူး၊ အရသာကလည်းကောင်းမွန်တယ်၊  ကားပါကင်နေရာအတွက်လည်းစိတ်မပူရဘူး၊ Service ကလည်းအပြည့်နဲ့ ဓာတ်ဖမ်းလို့ကလည်းကောင်းတယ်ဆိုတော့ ဆိုင်လေးကိုတော့ သွားကြည့်သင့်သွားပြီနော်။ 

ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီကနေ ည ၁၁ နာရီထိပါ။
ဆိုင်နာမည်လေးက- Container 65 BBQ & Restaurant
Address- 65th Street, Between 22nd & 23rd Streets, Aungmyaytharzan Township, Mandalay.
Phone- 09 444 11 65 65 


ရွှေမန်းမြေကလည်း လူတွေလဲဒီဆိုင်လေးမှာ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ အတူဆုံပြီးစားလို့ရမဲ့ဆိုင်လေးတဆိုင်လဲတိုးသွားပြီး ရန်ကုန်ကသူတွေကလည်း မန်းလေးကိုအလည်ရောက်ဖြစ်ခဲ့ရင်တော့ ဒီဆိုင်လေးကိုရောက်အောင်သွားကြပါလို့။


 


Read 530 times.