Up to 20% OFF

ကော်ဖီသောက်ခြင်းရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ?

September 18, 2020

ကော်ဖီဆိုတာက ကဗျာတစ်ပုဒ်နဲ့ တူပါတယ်။ ကော်ဖီအပေါ်ထားရှိတဲ့ အမြင်ချင်းမတူကြပေမယ့် ကော်ဖီကပေးစွမ်းတဲ့ အရသာကတော့ တကယ့်ကို အတွေးတွေထဲ ပျော်ဝင်စေပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တချို့က ကော်ဖီကို ခါးမှကြိုက်ကြသလို တချို့ကတော့ မချိုမခါး အနေတော်လေးကိုကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကော်ဖီကပေးတဲ့ အကျိုးဆက်ကတော့ တစ်ခုတည်းပါပဲ။

 

၁. ကော်ဖီက သင့်ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းတွေ မြှင့်တင်ပေးနိုင်တယ်။

ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ၊ Gym မသွားမီ တစ်နာရီခန့်အလိုမှာ ကော်ဖီတစ်ခွက်သောက်သုံးခြင်းက သွေးတွင်းမှာရှိတဲ့ Adrenaline Level မြင့်တက်စေပါတယ်။ Adrenaline ဆိုတာဟာ ခန္ဓာကိုယ်မှာ “Flight or flight” စိတ်ဓာတ်ဖြစ်ပေါ်စေပြီး သွေးဆူစေတတ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တာကြောင့် သင့်ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်စေပါတယ်။

 

၂. ဝိတ်ကျစေနိုင်ပါတယ်။

ကော်ဖီမှာ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေပါဝင်ပြီး အင်ဆူလင်ဓာတ်ဖြစ်ထွန်းကာ သွေးတွင်း သကြားဓာတ် ပမာဏကို မြင့်တက်စေပြီး သင့်ရဲ့ အချိုစာတွေ၊ မုန့်တွေ စားချင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ကဖင်းဓာတ်ဟာ ကိုယ်တွင်းက အဆီတွေကိုချေဖျက်စေဖို့ ကူညီပေးတာကြောင့် အဆီချလိုသူများ သောက်သုံးသင့်ပါတယ်။

 

၃. စိတ်ကြည်လင် လန်းဆန်းစေပါတယ်။

ကော်ဖီသောက်ခြင်းက သင့်ကို အာရုံစူးစိုက်မှုပိုကောင်းစေပြီး စိတ်ကြည်လင်ပေါ့ပါးစေပါတယ်။ နေ့စဉ်ကော်ဖီသောက်သုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းမှုတွေ ပိုင်ဆိုင်နိုင်ပါတယ်။

 

၄. သေဆုံးနိုင်ခြေနည်းပါး။

လေ့လာချက်တွေအရ ကော်ဖီသောက်သုံးတတ်သူတွေဟာ ကော်ဖီမကြိုက်သူတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ နည်းပါးတယ်လို့ သိရပါတယ်။

 

၅. ကင်ဆာဖြစ်နိုင်ခြေ နည်းပါးစေနိုင်ခြင်း။

လေ့လာမှုတစ်ခုအရ ကော်ဖီသောက်သုံးခြင်းက အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းစေပြီး၊ အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းစေနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ လူတွေကတော့ တစ်နေ့ကို ကော်ဖီ လေးခွက်နှုန်းတိုက်ပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

 

၆. လေဖြတ်နိုင်ခြေ နည်းပါးစေနိုင်ခြင်း။

နေ့စဉ် ကော်ဖီ တစ်နေ့ကို ၂ခွက်မှ ၄ခွက်ထိ သောက်သုံးခြင်းက လေဖြတ်နိုင်ခြေကို နည်းပါးစေနိုင်ပါတယ်။

 

၇. အတိတ်မေ့ရောဂါ ဖြစ်ပွာနိုင်ခြေ နည်းပါးစေနိုင်ခြင်း။

ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းက အတိတ်မေ့ရောဂါ အယ်ဇိုင်းမားဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ညွှန်းဆိုထားပါတယ်။

 

၈. စိတ်ဖိစီးမှုလျော့နည်းစေပြီး သေကြောင်းကြံချင်စိတ်လျော့နည်းစေနိုင်ခြင်း။

ကဖင်းဓာတ်က အာရုံကြောစံနစ်ကို လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်အားတက်ကြွစေနိုင်ပါတယ်။ နေ့စဉ် ကော်ဖီ ၂ခွက် ပုံမှန်သောက်သုံးခြင်းက သင့်ကိုယ်သင် သေကြောင်းကြံချင်စိတ်ကို ၅၀ ရာခိုင်နှုန်း ထိ လျှော့ချပေးနိုင်တယ်လို့လဲ ညွှန်းကြပါတယ်။

 

By The Myanmar Restaurant Guide


Read 664 times.