Up to 20% OFF

Carrot မှ ရနိုင်တဲ့ ကောင်းကျိုးများ

July 26, 2019

ဒီတခါတော့ Carrot မှ ရနိုင်တဲ့ ကောင်းကျိုးလေးတွေ မျှ ေ၀ ပေးလိုက်ပါတယ်။

မုန်လာဥနီ - carrot ကို ဒီအတိုင်း ကိုက်ပဲ စားစား ၊ လှီးပဲ စားစား ၊ အရည်ပဲ ဖျော်ပြီး သောက်သောက် ၊ carrot လို့ ရွေးချယ်လိုက်တာနဲ့ တင် သူနဲ့သက်ဆိုင်တဲ့ ကောင်းကျိုးလေးတွေ ရရှိမှာပဲ ဖြစ်ပါတယ်ရှင့်။

အဲဒါလေးတွေ ကဘာတွေ ဖြစ်မလဲ ဆိုတော့...

၁။ မျက်လုံး အားကောင်းစေပါတယ်။
ဒီအချက်လေးကတော့ သိကြတဲ့ သူတွေ ပိုများမှာပါ။ ဟုတ်ပါတယ် မုန်လာဥနီ စားပေးတယ်ဆိုရင် မျက်လုံး အမြင်အာရုံ အားကောင်းစေနိုင်ရုံသာ မက မျက်လုံး သားကိုလဲ ကြည်ကြည်လင်လင် ဖြစ်လာစေမှာပါ။

၂။ ကိုယ်ခန္ဓာ အတွင်း မှာရှိတဲ့ အဆီဓာတ်တွေ ကိုလဲ သိသိသာသာဖယ်ရှားပေးနိုင်ပါတယ်။
ဒီလို ဖယ်ရှားပေးခြင်း ဖြင့် အသည်း အဆီဖုံးတာတွေ မဖြစ်နိုင်တော့ပါဘူး။ carrot ထဲမှာ Vitamin A အပြည့်အဝ ပါဝင်တာမို့ ကိုယ်တွင်း fiber တွေကိုလဲ အားဖြည့်ပေးပါသေးတယ်။

၃။ အသားအရေ အလှအပအတွက် ဆိုလဲ သုံးလို့ရပါတယ်နော်။ အသားအရေ ကိုကြည်လင် စေနိုင်ပြီး          ဝက်ခြံကြောင့် ဖြစ်တဲ့ အနာရွတ်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုကြောင့် ရှိခဲ့တဲ့ အနာပဲ ဖြစ်ဖြစ် သက်သာစေနိုင်ပါတယ်။ အသုံးပြုပုံလေးက မုန်လာဥနီ ဖျော်ရည် ကို တစ်နေ့တစ်ခွက် သောက်သုံးတာတွေ၊ ဒါမှမဟုတ် မုန်လာဥနီ ကိုပါးပါးလှီးပြီး ပျားရည်နဲ့ ရော ပြီးရင် facial maskအဖြစ်နဲ့ သုံးချင်လဲ သုံး ၊ အဆင်ပြေသလို လုပ်ပေးနိုင်ပါတယ်။

၄။ ဆံပင်တွေ အရမ်းကျွတ်နေလား၊ ဆံပင်တွေ ပါးနေလား မုန်လာဥနီလေး ကိုသာဆောင် လို့ ပြောချင်ပါ တယ်။
vitamin c ကို ချဉ်တဲ့ အသီးကနေသာ မက မုန်လာဥနီ ကလဲ ပေးစွမ်းနိုင်ပါတယ်နော်။ ဆံပင်အတွက်လိုအပ်တဲ့ Vitamin E နဲ့ C ကို တစ်နေရာထဲ ကရနိုင်တော့ ပိုအဆင်ပြေတာပေါ့။ ခေါင်းမလျှော်ခင် မုန်လာဥနီ အရည်ကို ခေါင်းမှာလိမ်း ခဏထား ပြီးရင် ခေါင်းလျှော် လိုက်၊ ဒီနည်းလေးနဲ့ ဆို ဆံပင်တွေ ပြန်လည် သန်မာလာတာတွေ့ရမှာပါ။

ဒီလိုဆို ဘာလိုသေးလဲ ... အခုပဲ အ ပြေးဝယ်လိုက်ကြမယ်လေ.
စားလို့လဲ ရ၊ သောက်လို့လဲ ရ၊ ဆံသား အတွက်လဲ OK ၊ အသားအရေ အတွက်လဲ OK ပဲ ဆိုတော့ OK ပြီး     ရင်း OK ပဲပေါ့။

#Credit Lilly
#GoodEat
#ဂွတ်၏


Read 386 times.