Up to 40% OFF

ခုလာမယ့် ရုံးပိတ်ရက်လေးမှာ လွယ်ကူရိုးရှင်းတဲ့ ကယ်လီဖိုးနီးယား ဆူရှီ လုပ်စားကြမလား..

July 30, 2020

အမေရိကားမှာ လူကြိုက်များတဲ့ ကယ်လီဖိုနီယား ဆူရှီပါ။ ဂဏန်းသား၊ ထောပတ်၊ သခွာသီး၊ ကြက်ဥ အရသာစုံ ပေါင်းစပ်ထားတာပါ။ ကယ်လီဖိုနီယား ဆူရှီမှာ ဆူရှီထမင်းနဲ့ ရေညှိရွက်ကို ပြောင်းပြန်ခင်းပြီးမှ လိပ်ထားတာပါ။ ဆူရှီလေး တူတူလုပ်ကြည့်ရအောင်…

ကယ်လီဖိုနီယား ဆူရှီ ပါဝင် ပစ္စည်းများ

ဆူရှီ ထမင်း
ရေညှိရွက် – ၃ရွက်
ဂဏန်းချောင်း – ၆ချောင်း (အချောင်း ပါးပါးလှီးပါ)
ထောပတ်သီး – ၁လုံး (အရှည် လှီးပေးပါ)
သခွာသီး – ၁ခု ( အခွံနွှာပြီ အရှည်လေးများ လှီးထားပေးပါ)
ကြက်ဥ – ၂လုံး (ခလောက်ပြီ ဆား၊ သကြားထည့်ပြီ ကြော်ပြီ အရှည်လှီးပါ)

ကယ်လီဖိုနီယား ဆူရှီလုပ်နည်း

၁။ ဆူရှီ မလိပ်မှီ ဝါးယင်းလိပ်ကို ပလတ်စတစ် အကြည် အရင်အုပ်လိုက်ပါ။
မှတ်ချက် ။ ။ ဆူရှီထမင်းများ ဝါးယင်းလိပ်နှင့် မကပ်သွားစေရန်ဖြစ်သည်။

၂။ ပြီးမှ ရေညှိရွက်တစ်ရွက်ခင်းပြီ ပုံတွင်ပါသည့်အတိုင်း ဆူရှီထမင်းများ ရေညှိရွက်အပြည့် ဇွန်းဖြင့် ဖြန့်တင်လိုက်ပါ။

၃။ ပြီးမှ ထမင်းခင်းထားသော ရေညှိရွက်ကို ပြောင်းပြန်မှောက်လိုက်ပါ။

၄။ ထို့နောက် ရေညှိရွက်ပေါ်မှ ဂဏန်းချောင်း၊ သခွာသီး၊ ထောပတ်သီး၊ ကြက်ဥ တို့ကို တင်ထားပါ။

၅။ ပြီးမှ ဝါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း ကျစ်ကျစ်ပါအောင် လိပ်သွားပေးပါ။

၆။ ကယ်လီဖိုနီယား ဆူရှီ ရပြီဆိုလျှင် ဓားကို နှမ်းဆီအနည်းသုပ်ပြီ ၈ပိုင်းပိုင်း လိုက်ပါ။ ကျန်ဆူရှီလိပ်များကို ထိုနည်းအတိုင်း ဆက်လိမ့်ပါ။

၇။ အပေါ်မှ မရိုနိစ်လေးများ ဖြူးပေးပါ။ အရသာ ကောင်းမွန်တဲ့ ကယ်လီဖိုနီယား ဆူရှီကို သုံးဆောင်နိုင်ပါပြီ။


Read 820 times.