Up to 60% OFF

Bubble tea ပူဖောင်းလက်ဖက်ရည်၏မူလအစ

May 1, 2020

ထိုင်ဝမ်အချိုရည်ဖြစ်သော ဘာဘဲတီး  bubble tea ပူဖောင်းလက်ဖက်ရည်က ကမ္ဘာအနှံ့ ခြေဆန့်သည်။  ၁၉၈၀ ပြည့်နှစ်လွန်မှာ တီထွင်လိုက်တဲ့ တီးတစ်မျိုးဖြစ်ပြီး စစချင်းမှာ "black pearl tea"ပုလဲနက်တီး   "boba tea" ဘိုဘာတီး ဟု အမည်တွင်ခဲ့သည်။

တိုင်ဝမ်မှာ စတင်ခဲ့ပြီး တိုင်ဝမ်မှာ အရမ်းရေပန်းစားသည်။ ဘာဘဲတီးကို အမျိုးမျိုး ဆန်းသစ်တီထွင်ကြသည်။ ကွဲပြားခြားနား သောအမျိုးမျိုးကွဲလွဲမှုများစွာ ရှိသော်လည်း ယင်း၏ အဓိကအရာမှာ လက်ဖက်ရည်၊ နို့နှင့် 'ပူဖောင်းများ' ပေါင်းစပ်ထားခြင်းဖြစ်သည်။


ထိုင်ဝမ်တွင် နှစ်စဉ် ဧပြီလ ၃၀ ရက်သည် အမျိုးသား ဘာဘဲတီးနေ့ National Bubble Tea Day ဟု သတ်မှတ်ထားသည်။
ပြုလုပ်ခဲ့သော စစ်တမ်းအရ ကမ္ဘာ့ ဘာဘဲတီးကဏ္ဍဈေးကွက်သည် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံ ဝန်းကျင် ရှိမည်။


၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ဘာဘဲတီး သောက်သုံးမှု အဆ သုံးထောင်တိုးခဲ့သည်။ McDonald သည်လည်း ဆိုင်တွင် ရနိုင်သော အစာအစားစာရင်းမှာ ဘာဘဲတီးကို ထည့်သွင်းလိုက်သည်။ ပီဇာဆိုင်တို့က ဘာဘဲတီးပီဇာဟု အမယ်သစ်တစ်မျိုး တိုးလိုက်သည်။


Read 831 times.