သွေးသန့်အောင် ဘယ်လို အစားအစာတွေ ပြန်လည် စားသုံးသင့်ပါသလဲ?
နေ့တိုင်းလိုလို အစားအသောက်မျိုးစုံ စားနေတာနဲ့ အမျှ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေဟာ သွေးထဲမှာ ပျော်ဝင်ခြင်းဖြင့် အဆုံးသတ်လေ့ ရှိပါတယ်။
လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေကို သဘာဝအတိုင်း ဖယ်ရှားသန့်စင်ပေးတဲ့ စနစ်ပါရှိပြီး ကျောက်ကပ်၊ အသည်း၊ အူ၊ အဆုတ်နဲ့ အရေ ပြားတို့ဟာ အဆိပ်အတောက် တွေသန့်စင်ပေးတဲ့ ကိုယ်တွင်း အင်္ဂါတွေပဲဖြစ်ပါတယ်။
ဒါကြောင့် မို့ သွေးတွေသန့်ပြီး အဲဒီကိုယ်တွင်းအင်္ဂါတွေရဲ့ကျန်းမာရေးကို ပါ အထောက်အကူပေးနိုင်မယ့် အစားအစာတွေအကြောင်း မျှဝေ ပေးလိုက်ပါတယ်။
ကြက်သွန်ဖြူကို အစိမ်းလိုက်စားခြင်းက အသည်းအတွက် ကောင်းကျိုးဖြစ်စေပြီး ခန္ဓာကိုယ် တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။
နောက်ပြီး အူလမ်းကြောင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်း ရပ်စ်တွေ၊ကပ်ပါးကောင်တွေကို လည်း ဖယ်ရှားပြီးသားဖြစ်စေပါ တယ်။
နောက်ပြီး အဝါရောင်ပန်း ပွင့်တဲ့အလေ့ကျပန်းပင်ဒုဓလီ ရွက်(ဒါမှမဟုတ်)အမြစ်ကိုအရည် ကျိုသောက်ရင်လည်း အသည်းနဲ့ ပန်ကရိယကိုအကျိုးဖြစ်စေပြီး အဆိပ်အတောက် ကင်းစေပါ တယ်။
ပန်းသီး၊ ဗီတွတ်၊ တရုတ် နံနံ၊ မုန်လာဥနီ၊ ဟင်းရွက်စိမ်း များ၊ ပင်စိမ်း၊ နံနံပင်၊ ပန်းဂေါ်ဖီ စိမ်းတို့မှာလည်း အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိ တာကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုပါတယ်။
သံပရိုသီး၊ ရှောက်သီးတို့ ဟာလည်း အဆိပ်အတောက်ဖယ် ရှားပေးပြီး မနက်စောစောမှာရေ ခပ်နွေးနွေးထဲကို သံပရို၊ ရှောက် ရည်ညှစ်ပြီးသောက်ပေးရင် ကိုယ် တွင်းအညစ်အကြေးတွေကိုဖယ် ရှားပေးပြီး သားဖြစ်စေပါတယ်။
ရှေးပဝေသဏီကတည်းက ဆေး ကောင်းတစ်လက်အဖြစ်သုံးခဲ့တဲ့ နနွင်းဟာလည်း အသည်းနဲ့အစာ ခြေအင်္ဂါအဖွဲ့အစည်းအတွက် အကျိုးပြုပါတယ်။
ဘလူးဘယ်ရီသီးမှာဆိုရင် လည်း အစွမ်းထက်ဂုဏ်သတ္တိတွေ ပါတဲ့အတွက် သွေးထဲကအဆိပ် အတောက်တွေဖယ်ရှားပေးပြီး အနာရောဂါတွေကိုလည်း ပျောက် စေနိုင်ပါတယ်။
ထောပတ်သီးဟာလည်း ခန္ဓာကိုယ်တစ်ခုလုံးကျန်း မာရေးအတွက် အကောင်းဆုံးသီး နှံဖြစ်လို့ မမေ့မလျော့ စားပေးရမှာ ပါ။ ဒီအစားအစာတွေကို သတိပြု စားပေးသလိုပဲ ရေကိုလည်းလုံ လောက်စွာသောက်ဖို့မမေ့သင့်ပါ ဘူး။
By The Myanmar Restaurant Guide