Eating Tips

တန်ဆေး လွန်ဘေး

October 16, 2020

အရက်အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သော်လည်း တန်ဆေးလွန်ဘေးဆိုသည့်အ တိုင်း အချိန်အဆနဲ့တစ်နေ့နည်းနည်း သောက်သုံးပေးပါက အောက်ပါ အကျိုး (၈) ချက်ကို ရရှိစေနိုင်မှာပါ။

 

(၁) ဘာသာစကားသစ်များကို သင်ယူလွယ်ကူစေခြင်း

ဘာသာစကားအသစ်တစ်ခုခုကို သင်ယူရန် ခက်ခဲနေစဉ် ဘီယာသောက်သုံးပါက လေ့လာမှုကို များစွာအထောက်အပံ့ ရရှိစေနိုင်မှာပါ။ လေ့လာစမ်းသပ်ချက်များအရ Dutch ဘာသာစကားလေ့လာနေသော ဂျာမန်ကျောင်းသား ၅၀မှ တစ်ဝက်ကို ဘီယာတိုက်၍ လေ့လာစမ်းစစ်ခဲ့ရာ မသောက်သုံးသော ကျောင်းသားများထက် ပိုမိုတတ်မြောက်ကြောင်း တွေ့ရှိရပါတယ်။

 

(၂) စိတ်ကူးဉာဏ်ရင့်သန်စေခြင်း

လေ့လာမှုတွေအရ အရက်ကို အတင့်အသင့်သောက်သုံးသောသူများမှာ ဦးနှောက်ကို လန်းဆန်းစေပြီး တွေးခေါ်မှုစွမ်းအားကို မြင့်တတ်စေရုံသာမက စိုးရိမ်လွန်ခြင်းမှလည်း လျော့ချပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

 

(၃) မှတ်ဉာဏ်ပိုမိုကောင်းမွန်စေခြင်း
အရက်အနည်းငယ်သောက်သုံးပေးခြင်းဖြင့် မှတ်ဉာဏ်ဟောင်းများကို ပိုမိုကြာရှည်စွာမှတ်သားနိုင်ပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတတ်ကောင်းမွန်စေနိုင်ပါတယ်။

 

(၄) ကိုယ်အလေးချိန် ကျစေနိုင်
အရက်အလွန်အကြူးသောက်သုံးခြင်းဟာ ကိုယ်အလေးချိန်ကိုတတ်စေနိုင်သော်လည်း အနည်းငယ်ပဲသောက်သုံးပါက အလေးချိန်ကို ပိုမိုကျဆင်းစေနိုင်ပါတယ်။ လေ့လာမှုတွေအရ အရက် အနည်းငယ်သောက်သောအမျိုးသမီးများဟာ လုံးဝမသောက်ပဲနေတဲ့အမျိုးသမီးများထက် ကိုယ်အလေးချိန်ပိုမိုကျဆင်းစေတာကို တွေ့ရပါတယ်။

 

(၅) စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်ခြင်း

အလုပ်တွေ၊ အခြားကိစ္စအထွေထွေကြောင့် စိတ်ဖိစီးမှုတွေများလာပြီဆိုရင် အရက်တစ်ခွက်ဖြစ်ဖြစ်၊ ဘီယာတစ်ခွက်ပဲဖြစ်ဖြစ် သောက်သုံးပေးပါက သိသိသာသာလျော့ကျသွားနိုင်မှာပါ။အမြဲတမ်းလည်း စိတ်ညစ်မနေနဲ့ပေါ့နော်။

 

(၆) လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်စေခြင်း

အရက်သောက်ပြီး စကားပြောချင်းက မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိစေပြီး မိတ်ဆွေအချင်းချင်း၊ ချစ်ခင်ရသူအချင်းချင်း ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်မှာပါ။

 

(၇) အသက်ရှည်စေခြင်း

အရက်အလွန်အကြူးသောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သော်လည်း တန်ဆေးလွန်ဘေးဆိုသည်အတိုင်း အရက်ကိုပုံမှန်အတင့်အသင့်သောက်သုံးသူများမှာ အရက်မသောက်သူများထက် ပိုမိုအသက်ရှည်ကြောင်းတွေ့ရှိရပါတယ်။

 

(၈) ကျန်းမာရေးကို ကောင်းမွန်နိုင်

အရက်ကိုတစ်နေ့နည်းနည်းစီသောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို ၄၀ % ထိလျော့ချပေးနိုင်ပြီး ဆီးချိုရောဂါနှင့် စိတ်ဖောက်ပြန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

By The Myanmar Restaurant Guide
 


Read 617 times.