Eating Tips

ရွှေညာမြေက အညာသူလေးရောင်းတဲ့ အညာအစားအစာဆိုင်လေး

January 23, 2020

ဆိုင်နာမည်လေးက အညာသူ တဲ့..

..

 ဆိုင်နာမည်လေး ပေးဖြစ်ပုံလေးကလည်းတစ်မျိုးချစ်စဖွယ်လေး…

..
အညာမှမိန်းမပျိုလေး ဟာရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ရန်ကုန်ရောက်လာတော့ အညာသူ ဟုချစ်စနိုးဖြင့်စနောက်ရာမှ ဆိုင်နာမည်လေးကို အညာသူဆိုပြီး နာမည်ပေးဖို့စိတ်ကူးလေးပေါ်ပေါက်လာတာဖြစ်ပါတယ်။
အညာကထန်းတောပုံစံလေးနဲ့ပြင်ဆင်ထားတဲ့နေရာလေးအပြင် အညာအရသာစစ်စစ်ကိုခံစားရစေဖို့အတွက် ဆိုင်မှာဦးစီးချက်ပြုတ်တဲ့ chef တွေဟာဆိုရင်လည်း အညာမြေကနေခေါ်ယူခန့်ထားတဲ့သူတွေ ဖြစ်ပါတယ်။


ဒါတင်မကဘဲ ဟင်းချက်တဲ့အခါမှာလဲ မြေအိုးတွေကို အသုံးပြုပြီးချက်ပြုတ်ပြီး မှာယူလို့ဟင်းပွဲလာချပေးတဲ့အခါမှာလည်း မြေအိုးလေးတွေနဲ့ဆိုတော့ တကယ့်ကိုအညာမှာစားသုံးနေရသလိုခံစားချက်မျိုးကို ရရှိနိုင်မှာပါ..
ကြက်မြေအိုး၊ ဝက်မြေအိုးနဲ့ ဆိတ်မြေအိုး ဟင်းတွေကတော့ ဒီဆိုင်လေးမှာလူစားများပါတယ်။


ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ menu ပုံသေမရှိဘဲ တရက်ခြားတခါ နှစ်ရက်ခြားတခါ ဟင်းပွဲလေးကိုပုံစံလေးပြောင်းလဲချက်ပြုတ်ပါတယ်။အသီးအရွက်ကြော်တွေကိုတော့ တပွဲ ၅၀၀ ကနေစတင်သုံးဆောင်နိုင်မှာဖြစ်ပြီး ဟင်းတွေကတော့အသားပေါ်မူတည်ပြီးဈေးနှုန်းကွဲပြားသွားပါတယ်..


မနက်စာ အနေနဲ့စားသုံးချင်တဲ့သူတွေကိုတော့ နန်းကြီးသုပ်လေးကို မြည်းစမ်းကြည့်ဖို့ recommend ပေးပရစေ။ တစ်ပွဲကိုမှ ၁၅၀၀ ကျပ်ထဲကျသင့်ပါတယ်..


ဆိုင်ဖွင့်ချိန်ကတော့ မနက် ၇ နာရီကနေ ညနေ ၃ နာရီထိဖွင့်ပြီး (၁၂နာရီနဲ့၁နာရီ)ကြားကတော့ လူတော်တော်များပါတယ်..


သောကြာနေ့တိုင်းမှာတော့ ည ၉ နာရီထိဆိုင်ဖွင့်ပြီး ညနေပိုင်းအတွက်ကိုတော့ သီးသန့်menu လေးလဲရှိပါသေးတယ်..Delivery Services လည်း ရှိတဲ့အတွက် ဖုန်းဆက်ပြီးတော့လည်း မှာယူနိုင်ပါတယ်..


နောက်ပိုင်းမှာတော့ အညာအစားအသောက်တွေကို ဒီထက်မကပိုစုံလင်အောင်၊ပိတ်ရက်မရှိရောင်းချပေးနိုင်အောင်၊ချိုင့်ဆွဲစားလို့ရအောင်နဲ့ ဆိုင်လေးကိုလည်းချဲ့ထွင်ဖို့ရှိပါတယ်..


ကားပါကင်နေရာလဲ အဆင်ပြေတာမို့ အညာအရသာလေးကို သွားရောက်ပြီး ခံစားကြည့်စေချင်ပါတယ်..


လိပ်စာကတော့ -

အညာသူ

=======

ဗိုလ်တစ်ထောင် Urben Asia Center .. ဗိုလ်မြတ်ထွန်းလမ်း.

ဖုန်း - 09 40466 6285

Page Link : https://www.facebook.com/Anyarthuburmesecuisine/


Read 1152 times.