Easy Recipes

အိမ်ရှင်မတွေအတွက် အသုံးဝင်မယ့် လက်ဖက်နှပ်နည်း (၅) မျိုး

August 11, 2023

မြန်မာလူမျိုး တော်တော်များများက လက်ဖက်ရည်ကို စွဲစွဲမက်မက် သောက်ကြသလို လက်ဖက်သုပ်ကိုလည်း အသည်းစွဲ ကြိုက်ကြပါတယ်။ တချို့ဆို လက်ဖက်သုပ်နဲ့ ထမင်းပဲ ဟင်းတောင် မလိုတော့ပါဘူး။ လက်ဖက်နှပ်တဲ့နေရာမှာ ကိုယ်လိုချင်တဲ့ အရသာအတိုင်း ဖြစ်ဖို့ နှပ်ပုံနှပ်နည်းတွေကလည်း မတူပြန်ပါဘူး။  ဒါကြောင့် အရသာရှိပြီး စားလို့ကောင်းတဲ့ လက်ဖက်နှပ်နည်း (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။

လက်ဖက်နှပ်နည်းတိုင်းမှာ လိုအပ်မယ့် ပါဝင်ပစ္စည်းများ

လက်ဖက်

ကြက်သွန်ဖြူ

ငရုတ်သီစိမ်း

ပုစွန်ခြောက်

သံပုရာသီး

အချိုမှုန့်

ဆား

ဆီ

Advertisement

Click Here > Htwe Lay

၁။ လက်ဖက်ချဉ်စပ်နှပ်

လက်ဖက်ကို ရေနဲ့ ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ ညှစ်ချပါ။ 

ဆား၊ အချိုမှုန့်၊ သံပုရာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ညှပ်ထည့်ပြီး နှံ့အောင်မွှေပါ။ 

ပြီးမှ ပုလင်းအသန့်ထဲ ဆီမြှပ်နေအောင် ထည့်ပြီး စိမ်ပါ။ 

၂။ လက်ဖက်အညွှန့်နှပ်

လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲ စိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီး ညှစ်ချထားပါ။

ပြီးရင် ဆား၊ ပုစွန်ခြောက်၊ အချိုမှုန့်၊ သံပုရာရည်တိုနဲ့ ရောနယ်ပြီး ဆီထည့်ကာ စိမ်ပါ။

၃။ ငရုတ်လက်ဖက်နှပ်

ငရုတ်သီး၊ ကြက်သွန်ဖြူကို ညက်နေအောင် ကြိတ်ထားပါ။

လက်ဖက်ကို ရေနဲ့ ဖွဖွဆေးပြီး ရေစင်သွားအောင် သေချာလေး ညှစ်ပါ။ 

လက်ဖက်ကို မညက်တညက်လေး ဖွဖွထောင်းပါ။ 

ဆား၊ အချိုမှုန့်၊ သံပုရာရည်၊ ငရုတ်သီးစိမ်းထောင်းတို့ကို ထည့်ပြီး နှံအောင်မွှေပါ။

 ပြီးမှ ဆီထည့်ပြီး စိမ်ထားပါ။

၄။ လက်ဖက်အညက်နှပ်

လက်ဖက်ကို ရေဆေးပြီး ရေစင်အောင် ညှစ်ပါ။

ပြီးရင် ညက်နေအောင် ထောင်းထားပါ။

ဆား၊ အချိုမှုန့်နဲ့ ဆီပါရုံလောက် ထည့်ပြီး လုံးထားပါ။

စားခါနီးမှ လိုသလောက် ထည့်ပြီး ပုစွန်ခြောက်လေးနဲ့ သုပ်စားပါ။

၅။ လျှာဂျွမ်းပြန် လက်ဖက်အစပ်နှပ်

လက်ဖက်ကို ရေဆေးပြီး ရေစင်အောင် ညှစ်ပါ။

ပြီးရင် လက်ဖက်ကို ညက်နေအောင် ထောင်းထားပါ။ 

ငရုတ်သီး၊ ကြက်သွန်ဖြူကို ညက်နေအောင် ကြိတ်ထားပါ။

ထောင်းထားတာတွေ အကုန်ရောပြီး ဆား၊ အချိုမှုန့်နဲ့ ပုစွန်ခြောက်မှုန့်တို့ကို ထည့်ပါ။

ပြီးမှ အလုံပိတ်ဘူးထဲ ဆီစိမ် နှပ်ပါ။

*Credit To Original Post Owner*


Read 653 times.