Up to 40% OFF

ယိုလုပ်နည်း အမျိုးမျိုး အပိုင်း ( ၂ )

October 8, 2020

စွန်ပလွံသီးယို

 

စွန်ပလွံသီးဆိုရင်တော့ အချိုထည့်စရာမလိုဘဲ သဘာဝအချိုနှင့် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပြီးသားဖြစ်တာကို သိကြပြီး ဖြစ်မှာပါ။

စွန်ပလွံသီးကို တာရှည်အထားခံပြီး ဧည့်ခံတည်ခင်းရာမှာ လှလှပပ တည်ခင်းနိုင်မယ့် စွန်ပလွံယို လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

စွန်ပလွံသီးခြောက် - ၃၀ဝ ဂရမ်
(အစေ့ထုတ်ပြီး)

ထောပတ် - ၅၀ ဂရမ်

သစ်သီးခြောက်အစေ့အဆန်စုံ - ၁၀ဝ ဂရမ်(Granola)

နှမ်းလှော် - ၁ ပန်းကန်

ပြုလုပ်နည်း

၁။ စွန်ပလွံသီးခြောက်ကို အစေ့ထုတ်ပြီး ကြိတ်စက်ဖြင့် ခပ်ကြမ်းကြမ်းကြိတ်ထားပါ။

၂။ သစ်သီးခြောက်အစေ့အဆန်တို့ကို ခပ်သေးသေးစိတ်ထားပါ။

၃။ အသင့်ဖြစ်ပါက အိုးမကပ်သော ဒယ်အိုးထဲ ထောပတ်ထည့်၍ အပူပေးပြီး ကြိတ်ထားသော စွန်ပလွံသီး ကို ထည့်ပါ။

၄။ အဆက်မပြတ် မွှေပေးပြီး အနည်းငယ်ခြောက်လာပါက သစ်သီးခြောက် အစေ့အဆန်စုံတို့ကို ရော ထည့်ပြီး သမအောင် မွှေပါ။

၅။ ခြောက်ပြီး ဆီပြန်လုံးလာပါက မီးပိတ်ပြီး ခေတ္တအအေးခံထားပါ။

၆။ ခပ်နွေးနွေးအနေအထားမှာ ဆီစိမ်စက္ကူ (သို့) ပလတ်စတစ်ခင်းပြီး စွန်ပလွံယိုကို ထည့်ပါ။

၇။ မိမိပြုလုပ်လိုသောပုံစံ အဝိုင်း၊ လေးထောင့်ကို လိုသလိုပုံသဏ္ဌာန် ပြုလုပ်၍ ခပ်ကျစ်ကျစ်လိပ်ပြီး အအေးခံထားပါ။

၈။ အေးသွားသောအခါ ဖြေပြီး နှမ်းလှော်ဖြင့် အနှံ့လူးကပ်ပေးပါ။

၉။ ပြီးလျှင် မိမိနှစ်သက်ရာ အထူ၊ အပါးလှီးဖြတ်၍ လေလုံသောဘူး (သို့) ပလတ်စတစ်ဖြင့် တစ်ခုချင်းစီ ထုပ်ပိုးပြီး လှလှပပ တည်ခင်းနိုင်ပါပြီ။

crd 

 

နွားနို့ယို

နွားနို့ယိုကတော့ တချို့တွေလဲ လုပ်တတ်ကြမှာပါ။ အိမ်မှာပဲ နွားနို့စစ်စစ်နဲ့ပြုလုပ်ပြီး သန့်သန့်ရှင်းရှင်းစားချင်တဲ့သူတွေအတွက် အလွန်လွယ်ကူပါတယ်။

ပါ၀င်သောပစ္စည်းများ

၁။ နွားနို့- ၄ လီတာ

၂။ သကြား - ထမင်းစားဇွန်း ၁၆ ဇွန်း (သို့) ၁ ခွက်

၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ နွားနို့ကို အိုးကြီးကြီးတလုံးထဲမှာ ပွက်လာအောင်တည်ပါ။ (နွားနို့ကို အိုးနဲ့ကွက်တိထည့်ရင် နွားနို့ပွက်ရင် ဝေတတ်တာမို့အိုးအကြီးထဲမှာထည့်ရ်ျတည်ပါ။ ပွက်လာတာကို သတိထားကြည့်ပါ။သတိမထားမိရင် ဝေကျတတ်ပါတယ်။)

၂။ နွားနို့ပွက်လာလျှင် မီးအေးအေးဖြင့် ပြောင်းရ်ျတည်ပါ။ သကြားနှင့်ဆားကို ထည့်ပါ။ ခဏ ခဏ မွှေပေးပါ။ မလိုင်တက်လာတိုင်းမွှေမွှေပေးပါ။

၃။ မီးအေးအေးဖြင့်တည်လျှင် ဆက်တိုက်မွှေနေစ၇ာမလိုပါ။ ၁၀ မိနစ်တခါလောက်မှမွှေရင်၇ပါတယ်။

၄။ မီးဖိုမီးအားပေါ်မူတည်ပြီး ၁ နာ၇ီ (သို့) ၁ နာ၇ီခွဲလောက်တည်အပြီးမှာ အ၇မ်းပစ်လာပါလိမ့်မည်။အ၇မ်းပစ်လာလျှင် မီးအားပြင်းပြင်းကို ပြောင်းတည်ပြီး ဆက်တိုက်မွှေပေးပါ။

၅။ မွှေ၇င်းနဲ့မလိုင်အဖတ်ဖတ်တွေဖြစ်လာပြီး ေ၇ခမ်းလာပါလိမ့်မည်။ ေ၇ကုန် လျှင် မီးဖိုပေါ်မှချရ်ျအအေးခံထားပါ။ အေးသွားလျှင် သကြားရည်များအနည်းငယ်ထွက်လာပါလိမ့်မည်။ နွားနို့ယိုရပါပြီ။

၆။ နွားနို့ယို ကိုလေလုံသောဗူးထဲ၊ရေခဲသေတ္တာထဲထည့်ရ်ျ ၂ ပတ်လောက်ထားပြီး ပေါင်မုန့်၊ဘီစကစ်၊ မုန့်ကြွပ်တို့ဖြင့် တွဲရ်ျသုံးဆောင်နိုင်ပါတယ်။

crd 

 

ချိုချဉ်စပ်အရသာနဲ့ တရုတ်ဇီးယို

ပါ၀င်ပစ္စည်းများ

တရုတ်ဇီးသီးခြောက် - 300 g

ထန်းလျှက်ခဲ - 200 g

ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း

ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

လေးညှင်း - ၄ပွင့်

သစ်ဂျပိုးခေါက် - ၂လက်မခန့်

ဖာလာ - ၄စေ့

နာနတ်ပွင့် -၂ပွင့်

ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

တရုတ်ဇီးသီးခြောက်ကို ရေတနာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ

ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ

ပေါင်းအိုးအောက်ခံအိုးကို ရေတဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ

ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ

ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ

ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ

ရေခမ်းပြီး ထန်းလျှက်ရည်ပေါက်စေ့ကျလာပါက မီးပိတ်ပြီး အအေးခံထားပါ

ပြီးတာနဲ့ တရုတ်ဇီးယိုချိုချဉ်စပ်မွှေးလေးကို စားသုံးနိူင်ပါပြီ။

crd 

 

သရက်ယို ( Mango Jam )

ပါဝင်ပစ္စည်း

သရက်သီး (စိန်တလုံး)- ၅လုံး

လီမွန် - တစ်လုံး

ဆား - အနည်းငယ်

သကြား - ၅၀ ဂရမ် (optional)

ပြင်ဆင်ပြုလုပ်ပုံ

1.သရက်သီးကိုရေဆေးအခွံသင်ပြီးအသားများလှီးထုတ်ကာအိုးတခုတွင်ထည့်ပါ။

2.ရေအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်အနေတော်မီးဖြင့်ကြေသွားသည်ထိအဆက်မပျက်မွေပေးပါ။

3.အားလုံးကြေသွားပါကဇကာဖြက့်တိုက်ချပြီးအမျှင်များကိုဖယ်ထုတ်ပေးပါ။

4.ပြီးလျှင်မီးဖိုပေါ်ပြန်တင်ပြီးသကြားဆားထည့်ပါ။လီမွန်မှအခွံတခြမ်းစာခန့်ကိုခြစ်ပြီးထည့်ပါ။ကျန်လီမွန်ကိုအရေညစ်ထည့်ပြီးသရက်သီးမှရေခမ်းပြီးစေးထွေးလာသည်ထိမီးအေးအေးဖြင့်မွေပေးပါ။

5.သရက်သီးအချိုပေါ်မူတည်ပြီးသကြားကိုလိုတိုးပိုလျော့ထည့်ပေးပါ။

6.ရေခမ်းပြီးစေးထွေးလာသောသရက်ယိုကိုသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလိုအသုံးပြုနိုင်ပါပြီ။

7.သရက်ပြင်ပြုလုပ်လိုပါကလည်းဆီစိမ်စက္ကူပေါ်တွင်ညီညာစွာဖြန့်ခင်းပြီးအခြောက်ခံကာသရက်ပြင်အဖြစ်သိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။

crd 

 

ပဲယို ( Bean Paste )

အချိုမုန့်အမျိုးမျိုးပြုလုပ်ရာမှာအသုံးဝင်လှတဲ့ပဲယိုလုပ်နည်းလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ပဲလွန်း - ၂၅ကျပ်သား

ထန်းလျက် ၂၅ကျပ်သား

ဆီ - ၁၅ ကျပ်သား

ဆား - အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။

(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။

(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။

(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။

(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။ ပဲနှင့်ထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်၍ဂရုပြုပါ။

(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ

crd 

 

ယိုလုပ်နည်း အမျိုးမျိုး အပိုင်း (၁)

 

By The Myanmar Restaurant Guide


Read 3479 times.