Up to 20% OFF

ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးကောင်းကျိုး (၁၀) ချက်

October 3, 2020

ငရုတ်သီးမှုန့်၊ ငရုတ်သီးမှည့်၊ ငရုတ်ချဉ်ရည်၊ ငရုတ်သီးစိမ်းစတာတွေ အမျိုးမျိုးရှိတဲ့အထဲကမှ ငရုတ်သီးစိမ်းက ဟင်းရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။

အစားအသောက်ပျက်နေသူများနဲ့ နလန်ထခါစသူတွေအနေနဲ့ ခံတွင်းပျက်ချိန်မှာ ငရုတ်သီးစိမ်းကို စားသုံးပေးမယ်ဆိုရင် လျှာပေါ်က အရသာခံဖုတွေကို နိုးဆွပေးသလိုဖြစ်စေတာကြောင့် အစာစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။ သို့ပေမယ့် အလွန်အကျွံ မစားသုံးမိဖို့ပဲ လိုပါတယ်။

 

၁. ရောဂါပိုးမွှားများကို ခုခံနိုင်စွမ်းအားရှိပါတယ်။

ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ရောဂါပိုးမွှားများ ဝင်ရောက်မှုကို ခုခံပေးနိုင်တာကြောင့် သွေးဖြူဥ အားကောင်း စေမယ့် အစားအသောက်များကို စားသုံးဖို့လိုပါတယ်။ ငရုတ်သီးစိမ်းမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က သွေးဖြူဥ များကို အားကောင်းစေတာကြောင့် ရောဂါပိုးဝင်ရောက်မှုကို ဟန့်တားပေးနိုင်ပါတယ်။

 

၂. အစာချေဖျက်မှုကောင်းမွန်စေပါတယ်။

ငရုတ်သီးစိမ်းကို အစာချေဖျက်စနစ်ကို ကောင်းမွန်စေပြီး အစာကြေလွယ်စေပါတယ်။

 

၃. သံဓာတ်အားဖြည့်ပေးပါတယ်။

ခန္ဓာကိုယ်တွင်းက ဗီတာမင်စီဓာတ်ပြည့်ဝနေမှ အစာအာဟာရများကို စုပ်ယူနိုင်စွမ်းရှိတာပါ။ ငရုတ်သီးစိမ်းက ဗီတာမင်ဓာတ်ပြည့်ဝတဲ့ အတွက်ကြောင့် အစာအာဟာရစုပ်ယူနိုင်ဖို့နဲ့ သံဓာတ်အားကောင်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

 

၄. ဝိတ်ကျစေပါတယ်။

ခန္ဓာကိုယ်တွက်ဆိုးကျိုးဖြစ်စေမယ့် အဆီပိုများကို ဖယ်ရှားပေးနိုင်ပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဝိတ်ချနေသူများအနေနဲ့ diet plan ထဲမှာ ငရုတ်သီးစိမ်းကို ထည့်သွင်းစားသုံးသင့်ပါတယ်။

 

၅. ဝမ်းမှန်စေပါတယ်။

ငရုတ်သီးစိမ်းမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဝမ်းချုပ်သူများအတွက် သင့်လျော်ပါတယ်။ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။

 

၆. ဆီးချိုရောဂါကာကွယ်ပေးပါတယ်။

ငရုတ်သီးစိမ်းက ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် သကြားဓာတ်၊ ကိုလက်စထရောကို လျော့ချပေးနိုင်တာကြောင့် ဆီးချို၊ သွေးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက လိုအပ်တဲ့ သကြားဓာတ်ကို လည်း ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသမားများ ငရုတ်သီးစိမ်းကို စားသုံးပေးသင့်ပါတယ်။

 

၇. အဖျားပိုးကိုတွန်းလှန်ပေးပါတယ်။

ပိုးမွှားများကို တွန်းလှန်နိုင်တဲ့ အကျိုးကျေးဇူးများစွာပါဝင်ပြီး ကိုယ်ခံအားနည်းချိန်မှာ အဖျားပိုးအလွယ်တကူ ဝင်ရောက်မှုကို ဟန့်တားပေးနိုင်ပါတယ်။

 

၈. စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။

စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ စိတ်ညစ်သူများအနေနဲ့ ငရုတ်သီးစိမ်းပါဝင်တဲ့ အစားအစာကို စားသုံးပေးဖို့ လိုပါတယ်။ ငရုတ်သီးစိမ်းက ဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

 

၉. အသားအရေလှပစေပါတယ်။

အသားအရေ စိုပြည်လှပစေဖို့ လိုအပ်တဲ့ ပရိုတိန်းဓာတ်များကို ငရုတ်သီးစိမ်းက ပေးစွမ်းနိုင်ပါတယ်။ ငရုတ်သီးစိမ်းမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်များနဲ့ ဗီတာမင်စီဓာတ်က အသားအရေလှပဖို့အတွက် များစွာအထောက်အကူဖြစ်စေတာကို တွေ့ရပါတယ်။

 

၁၀. ဆံပင်သန်စေပါတယ်။

ငရုတ်သီးစိမ်းက ခန္ဓာကိုယ်တွင်းဖြစ်စဉ်များကို ပုံမှန်အတိုင်းလည်ပတ်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဦးရေပြားတစ်ဝိုက်ကိုလည်း သွေးလည်ပတ်မှု ကောင်းမွန်စေတာကြောင့် ဆံပင်သန်စေပါတယ်။

 

By The Myanmar Restaurant Guide


Read 349 times.