Up to 20% OFF

လမ်းမတော်မြို့နယ်တွင် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအားရှောင်တခင်စစ်ဆေး

September 4, 2020

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်း များ ဆောင်ရွက်နေစဉ် ကာလအတွင်း စား‌သောက်ဆိုင်များနှင့် ဈေးဆိုင်များ ရောင်းချနေမှုများကို ၂၀၂၀ခုနှစ် စက်တင်ဘာလ ၄ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေး ခဲ့တယ်လို့ သိရသည်။

 

စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူးနှင့် ကျန်းမာရေး ဆရာမများ၊ မြို့နယ်ဈေးကော်မတီဥက္ကဋ္ဌတို့ ပူးပေါင်း၍ မြို့နယ်ဈေးအတွင်းရှိ ဈေးရောင်းချနေသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခဲ့ရာ Mask မတပ်ဆင်ဘဲ ဈေးရောင်းသူ(၅)ဦး အား စီမံခန့်ခွဲရေးဒဏ်ဖြင့် ငွေကျပ်(၅)ထောင်စီ ဒဏ်ရိုက်အရေးယူခဲ့ကြသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာမှုမရှိဘဲ ရောင်းချနေသော ဆိုင်(၂) ဆိုင်တို့ကို ဆိုင်ရှင်များအား စီမံခန့်ခွဲရေးဒဏ်ဖြင့် ငွေကျပ်(၅)ထောင် ချလံဖြင့် ဘဏ်သို့ ကိုယ်တိုင်သွင်းစေခြင်းဖြင့် ဒဏ်ငွေရိုက် ခဲ့ပြီး ဒုတိယအကြိမ် ဖောက်ဖျက်ကျူးလွန်ပါက ဆိုင်(၃)ရက်ပိတ်ခိုင်းခြင်း၊ တတိယအကြိမ် ဖောက်ဖျက် ကျူးလွန် ပါက စည်ပင်သာယာရေးအဖွဲ့မှ ချပေးထားသော လုပ်ငန်းလိုင်စင် အား ပြန်လည်ရုပ်သိမ်းခြင်း တို့ဖြင့် အရေးယူ သွားမယ်လို့ သိရသည်။

 

By Wyk (Myanmar Restaurant Guide)

 

Moi.Gov


Read 202 times.