Up to 20% OFF

သွေးလည်ပတ်မှုအား ကောင်းမွန်စေရန် စားသင့်သော အသီးအနှံများ

June 25, 2020

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ နဲ့ သွက်သွက်လက်လက် ဖြစ်ဖို့အတွက် အဓိက အချက်တွေထဲက သွေးလည်ပတ်မှုကောင်းမွန်စေတဲ့ အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်မှာ သွေးအားနည်းနေတာဘဲ ဖြစ်ဖြစ် ၊ သွေးလည်ပတ်မှု မကောင်းတဲ့ အနေထားမှာဘဲ ဖြစ်ဖြစ် သွေးစီးဆင်းမှု မကောင်းတော့ဘူးဆိုရင် သင့်ရဲ့ နှလုံးကို ထိခိုက်စေတက်ပါတယ်။ 

ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမှသာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ Organ တွေ ၊ အင်္ဂါ အဖွဲ့အစည်းတွေ ၊ ဆဲလ်တွေ ၊ အသက်ရှင်နေထိုင်ဖို့ နဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

ဒါကြောင့် သွေးလည်ပတ်မှုကောင်းအောင် ဘယ်လိုမျိုးပြုမှုနေထိုင်သင့်လဲ ၊ ဘယ်လို အစားသောက်တွေကို ရွေးချယ်စားသုံးသင့်လဲ ဆိုတာ ကို အောက်ပါ အချက်များနဲ့ ဖော်ပြပေးလိုက်ပါတယ်။ 

သလဲသီး

သလဲသီးဟာဆိုရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ဆီးချို နှင့် သွေးချို ရှိတဲ့သူများအတွက်လည်း ပိုမိုကောင်းမွန်စေပါတယ်။ 
ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ လူခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အင်ဆူလင် ပမာဏ ကိုလည်း ထိန်းပေးပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဆိုရင် အန်တီ အောက်စီဒင့် ၊ ဗိုက်တာမင် စီ များ ပါဝင်တဲ့အပြင် ခန္ဓာကိုယ် အိုမင်းရင်ရော်ခြင်းကို ကာကွယ်ပေးတယ် ၊ အရေပြားအတွက်လဲ ကောင်းမွန်းစေတယ်။ 
ဒါ့အပြင် ခန္ဓာကိုယ် သွေးလည်ပတ်မှုအတွက်လည်း ကောင်းမွန်စေပါတယ်။

ဖရဲသီး

ဖရဲသီးမှာ ရေဓာတ်များစွာပါဝင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဖရဲသီးကို စားပေးခြင်းဖြင့် စိတ်မှာ လန်းဆန်းမှု ၊ တက်ကြွမှု တွေကိုလည်း ဖြစ်စေပါတယ်။ 
ဖရဲသီးမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး အစာအိမ် နဲ့ အူလမ်းကြောင်းအဖွဲ့အစည်း ၊ အညစ်ကြေးစွန့်အဖွဲ့အစည်း များအတွက်လည်း အထောက်ကူဖြစ်စေပါတယ်။

နဂါးမောက်သီး

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် စီ ၊ သတ္တုဓာတ်တွေ ၊ မင်နရလ်တွေ စတဲ့ သတ္တုဓာတ် များစွာပါဝင်ပါတယ်။ နဂါးမောက်သီးမှာ အမျှင်ဓာတ်တွေလည်းများစွာ ပါဝင်ပါတယ်။ 
ဒါ့အပြင် အစာခြေခြင်း ၊ အစာစွန့်ပစ်ခြင်း ၊ အင်တီအောက်ဆီဒင့်ကိုလဲ အထောက်ကူပေးတယ်။ အိုမင်းရင့်ရော်ခြင်း ၊ အသားရေ ကျန်းမာရေး နှင့် သွေးလည်ပတ်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။

ငှက်ပျော်သီး

ငှက်ပျော်သီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အာဟာရဓာတ်များ ၊ ခန္ဓာကိုယ်လှုပ်ရှားသွားလာခြင်း အတွက် စွမ်းအင်များ ၊ သတ္တုဓာတ်များ ပါဝင်တာကြောင့် ခန္ဓာကိုယ်သွေးလည်ပတ်မှုအတွက် 
စားသုံးပေးဖို့ အထူးသင့်လျော်ပါတယ်။ 

ခန္ဓာကိုယ်သွေးလည်ပတ်မှုအတွက် အသီးများ စားသုံးခြင်းအပြင် တခြား ဘာတွေလှုပ်သင့်လည်းဆိုရင် ရေ သောက်ဖို့ပဲ ဖြစ်ပါတယ်။ တချို့ အားကစားပြုသူများ ၊ နေပူထဲတေ ွသွားရတာကြောင့် ချွေးမာျးအလွန်ထွက်ခြင်း 
သူများအနေဖြင့် ရေ ကို ပိုမို သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ထို့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် သင့်တင့်မျှတတဲ့ ကိုယ်လက် လှုပ်ရှားခြင်း ၊ အပေါ့စာ ပြေးခြင်း နှင့် လမ်းလျောက်တာတွေကို ပြုလုပ်ပေးမှသာ ခန္ဓာကိုယ်မှာ ပေါ့ပါးမယ် ၊ လန်းဆန်းမယ် ၊ 
သွေးလည်ပတ်မှုတွေကို ကောင်းစေမှာလည်း ဖြစ်ပါတယ်။

Ref : ဒေါက်တာမင်းထင်အောင်


Read 908 times.